ထွက်မြောက်ရာကျမ်း ၁၅

() မောရှေ၏သီချင်း (၁၅:၂၁)

ပဿခါပွဲတော်သည် အသွေးဖြင့် ကျင်းပသကဲ့သို့ ပင်လယ်နီဖြတ်သန်းခြင်းသည် တန်ခိုးတော်အစွမ်းဖြစ်သည်။ ဘုရားသခင် ဘုန်းတန်ခိုးကြီးမြတ်ခြင်းကို မောရှေက ရင်တွင်းဖြစ် ဓမ္မတေးဖြင့် ပူဇော်သည်။ ထိုသီချင်းကို နောင်ကာလတွင် Dr.H C Woodringက ဤသို့ရှင်းပြသည်။၁၄

ခြေဆင်း ( ငယ် ၁ ) – ယေဟောဝါဘုရားအောင်မြင်ခြင်း။

ခြေဆင်း # ၁ (ငယ် ၂-၃) – ဘုရားသခင်သည်ကား၊ ခွန်အား၊ တေးကဗျာနှင့် ကယ်တင်ခြင်း။

အပိုဒ် # ၂(ငယ် ၄-၁၃) – ပြုတော်မူသော အမှု၊ ရန်သူများကို အောင်နိုင်ခြင်း၊ လူမျိုးတော်အား အဲဂုတ္တုပြည်မှ ကယ်တင်ခေါ်ထုတ်ခြင်း။

အပိုဒ် # ၃ (ငယ် ၁၄-၁၈) – ဘာလုပ်ဦးမည်လဲ၊ ရန်သူများကို ဆက်လက်အနိုင်ယူစေမည်၊ လူမျိုးတော်အား အမွေတော်ခံစေဦးမည်။

အဆုံးပိုဒ် (ငယ် ၁၉) – အဲဂုတ္တုတို့အပေါ် အောင်မြင်ခြင်းနှင့် ဣသရေလတို့ ကယ်ထုတ်ခံရခြင်း။

မောရှေ နှမ မိရိအံ ပရောဖက်မနှင့် မိန်းမအပေါင်းတို့သည်လည်း ပတ်သာကိုတီး၍ ကခုန်လျက် သံပြိုင်လိုက်ဆိုကြသည်။ (ငယ် ၂၀-၂၁)

လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)ကျော်ခန့်က အင်္ဂလိပ်ကျမ်းစာပညာရှင်ကြီး Matthew Henry က ဤဝိညာဉ်ရေးရာ နိုးကြားထကြွမှုကို ဤသို့ ဖော်ကျူးထားသည်။

မောရှေသီချင်းကို ဤသို့မျှဝေခံစားနိုင်သည်။ () ရှေးအကျဆုံးသော တေးသီချင်းဖြစ်သည်။ () ရေးသားသီဖွဲ့စဉ် အချောမွတ်ဆုံးဖြစ်သည်။ နူးညံ့သိမ်မွေ့၍ ရင်ကိုအေးမြစေသည်။ သက်ရှိသက်မဲ့နှင့် အရာခပ်သိမ်း၏ ပုံရိပ်ပေါ်လွင်သည်။ () ဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းသော သီချင်းဖြစ်၍ မွန်မြတ်သန့်စင်သည်။ ချီးမွမ်း ကိုးကွယ်ခြင်း သက်သက်ဖြစ်သည်။ သာမန်လူများ စိတ်ကူး မတွေးယူနိုင်သော ကဗျာလင်္ကာဖြစ်သည်။ ဘုရားသခင်တန်ခိုးတော်အား ကိုယ်တွေ့ ခံစားချက်ဖြစ်၍ အသက်ဝင်လှသည်။ () ကဗျာမဟုတ် တေးသီချင်းပုံစံဖြစ်သည်။ ရန်သူများ အောင်နိုင်သောအခါ သီကျူးသော မောရှေသီချင်းဖြစ်၍ သိုးသူငယ်၏ သီချင်းဟုလည်း ဆိုနိုင်သည်။ ဧဝံဂေလိ အသင်းတော်များ အောင်ပွဲခံသီဆိုရမည့် သီချင်းမျိုးဖြစ်သည်။ ဖန်ရေကန်နားနှင့် ပင်လယ်နီဖြတ်သန်းစဉ်ကျူးဧသော သီချင်းသည် ဂုဏ်တူဖြစ်သည် (ဗျာ ၁၅:)၁၅

၈။ သိနာတောင်ခရီး (၁၅:၂၂၁၈:၂၇)

(က) ရှုရကန္တာရတော (၁၅:၂၂၂၇)

          ၁၅:၂၂၂၇ ပင်လယ်နီဖြတ်ကျော်ပြီးနောက် သိနာတောင်သို့ ခရီးရှည်ချီတက်ကြသည်။ အဆင့်တိုင်း ခြေလှမ်းတိုင်းမှာ ဝိညာဉ်ရေးရာ သင်ခန်းစာပါရှိသည်။ ခါးသည်ဟု အနက်ရသော မာရရေသည် ယုံကြည်သူများ၏ ဘဝအသက်တာတွင် တွေ့ကြံရသည့် ခါးသီးသောအရသာများ ဖြစ်သည်။ မောရှေပြသောသစ်ပင်သည် လက်ဝါးကပ်တိုင်ကို ရည်ညွှန်း၍၊ ခါးသီးသောအရာနောက်တွင် ချိုမြိန်သောအရာ ရှိကြောင်း အဓိပ္ပါယ်ရသည်။ ရာမအရပ်တွင် ဘုရားသခင်သည် ကိုယ်တိုင်ယေဟောဝါရီဖက်ကာ (YHWH Ropheka) အဖြစ်ထင်ရှားပြသသည်။ အနာရောဂါ အမျိုးမျိုးကင်းငြိမ်းစေမည်ဟု ဆိုသည်။ ရေတွင်းဆယ်တွင်း၊ စွန်ပလွန်ပင်(၇၀)ရှိသော ဧလိမ်ရွာဆိုသည်မှာ လက်ဝါးကပ်တိုင် အလွန်တွင် ငြိမ်သက်ချမ်းမြေ့စွာ ခံစားကြရမည့်အကြောင်းကို ဆိုလိုသည်။

Previous Article
Next Article