ထွက်မြောက်ရာကျမ်း ၂၁

() အထွေထွေပညတ်ချက်များ (အခန်း ၂၁၂၄)

၁။ ကျေးကျွန်များ (၂၁:၁၁)

          ၂၁: ပညတ်တော်ဆယ်ပါးပြဌာန်းပေးပြီးနောက် ထိုပညတ်တော်နှင့် ဆက်နွယ်၍ အခြားအသေးဖွဲ ပညတ်ချက်များကိုလည်း ထုတ်ပြန်သည်။

ဟေဗြဲလူသည် အကြွေးမဆပ်နိုင်လျှင်၊ ခိုးရာဖမ်းမိလျှင်သို့မဟုတ် ကျွန်မိဘမှ မွေးဖွားလျှင်ကျွန်ခံရသည်။ သို့သော် ခြောက်နှစ်သာ ကျွန်ခံရသည်။ ခုနှစ်နှစ်မြောက်တွင် ကျွန်ဘဝမှ အလိုလိုလွတ်မြောက်သည်။ ကျွန်ဘဝတွင် ယူသောမိန်းမသည် လင်သားထောင်မှလွတ်သောအခါ လိုက်ပါကင်းလွတ်ခွင့်ရသည်။ သို့သော် ကျွန်ပိုင်ရှင်ပေးစားသော မိန်းမဖြစ်လျှင် ကျွန်ဘဝမှ မိမိလွတ်မြောက်သောအခါ သားမယားများအား ကျွန်ပိုင်ရှင်က ပိုင်ဆိုင်သည်။ အကယ်၍ သားမယားကို မထားပစ်နိုင်ခဲ့လျှင် ဘုရားသခင်ရှေ့တော်၌၎င်း၊ အိမ်တိုင်သို့၎င်း မိမိနားရွက်ကို စူးဖြင့်ဖောက်၍ တစ်သက်လုံး ဆက်လက်ကျွန်ခံနိုင်သည်။ ကျွန်အမှတ်အသား ခံယူခြင်းဖြစ်သည်။ ထိုအပြုအမူသည် ခရစ်တော်၏ လုပ်ဆောင်ချက်နှင့်တူသည်။ ခရစ်တော်ဘုရားသည် လောကလူသားများကို ဥပေက္ခာမပြုရက်သဖြင့် ကိုယ်လွတ်မရုန်းထွက်ဘဲ ကရာနီကားတိုင်ပေါ်တွင် သံမှိုနှက်၍ အသေခံခဲ့သည်။ ကိုယ်တော်ဘုရားသည် မိမိသဘောဆန္ဒအရ ကျွန်ခံခဲ့သည်ဟု Bishop Moule ဤသို့ဆိုသည်။

အို – အရှင် အကျွန်ုပ်ကို ထွက်ရာလမ်းသို့ဆောင်တော်မူပါ။ ကိုယ်တော်၏ အသံတော်ကြားမဝနိုင်ပါ။ ကိုယ်တော်၏ ကတိတော်သည် လွတ်လပ်ပြေလွင့်ပါသည်။ အထံတော်တွင် ခိုလှုံကိုးစား၊ နားဆင်ပါရစေ။၂၁

          ၂၁:၁၁ အကယ်၍ သခင်ကမိန်းမအဖြစ်၎င်း၊ မယားငယ်အဖြစ်၎င်း၊ သိမ်းပိုက်ခြင်းခံရလျှင် ကျွန်မသည် (၇)နှစ်ပြည့်လျှင်လည်း လွတ်မြောက်ခွင့်မရှိ။ သခင်က မသိမ်းပိုက်လိုတော့လျှင် မိမိကိုယ်ကို ရွေးယူပြီးသားဖြစ်သွားသည်။ ကျွန်ပိုင်ရှင်ကလည်း အခြားသူများ လက်ထဲသို့ မရောင်းရ။ ချွေးမတော်စပ် လိုလျှင်ကား ချွေးမကဲ့သို့ ချေငံစွာ ဆက်ဆံရမည်။ အကယ်၍ ကျွန်ပိုင်ရှင်သည် နောက်မိန်းမယူလျှင် ပထမမိန်းမ ကျွန်မအား မယားအခွင့်အရေး မလျှော့စေရ။ အကယ်၍ မယားအဖြစ် သဘောမထားနိုင်လျှင် ကျွန်ရွေးခပေးစရာ မလိုဘဲ၊ မယားနှင့် ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ရှိသည်။ ဤကျမ်းချက်များသည် ကျေးကျွန်ဘဝကို အသိအမှတ်ပြုခြင်း မဟုတ်ပါ။ ကျွန်များ၏ လူ့အခွင့်အရေးကို ပြဌာန်းပေးခြင်းဖြစ်သည်။

၂။ ထိခိုက်ဒဏ်ရာရရှိခြင်း (၂၁:၁၂၃၆)

          ၂၀:၁၂၁၄ သူ့အသက်သတ်သူသည် သေဒဏ်စီရင်ခြင်းခံရမည်ဟု အပိုဒ်ငယ်(၁၂)တွင် ပြဌာန်းထားသည်။ လူသေစေလျှင် ဘုရားသခင်ထံသို့ ပြေးဝင်ခိုလှုံခွင့်ရှိသည်။ သို့မဟုတ် ဘေးမဲ့မြို့သို့ ခိုလှုံခွင့်ရှိသည်။ သို့သော် တမင်တကာကြံစည်၍ လူသတ်သူသည် ပြေးခိုခွင့်မရှိ။ ပြေးခိုလျှင်လည်း ဆွဲထုတ်တရား စီရင်ခြင်းခံရမည်။

၂၁:၁၅၁၇ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိဘကို သေစေသူသည် လွတ်မြောက်ခွင့်မရှိ။ သေဒဏ်စီရင်ခြင်းခံရမည်။ ပြန်ပေးဆွဲခြင်း၊ ကျိန်ဆဲခြင်းသည်လည်း အကြုံးဝင်သည်။

၂၁:၁၈၁၉ အချင်းချင်းခိုက်ရန်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိစေလျှင် ဆေးဖိုးဝါးခပေးရမည်။ အလုပ်မလုပ်နိုင်သောနေ့ရက်များအတွက်ဝင်ငွေပေးလျှော်ရမည်။

၂၁:၂၀၂၁ ကျွန်ပိုင်ရှင်သည် မိမိကျေးကျွန်အား အပြစ်ဒဏ်ပေးပိုင်ခွင့်ရှိသော်လည်း သတ်ပိုင်ခွင့်မရှိ။ အကယ်၍ ခြေလွန်လက်လွန်ဖြစ်၍ သေဆုံးလျှင် ကျွန်ပိုင်ရှင်တွင် အပြစ်ရှိသည်။ ချက်ချင်းမသေဘဲ၊ တစ်ရက် နှစ်ရက်မှ သေလျှင် အပြစ်မရှိ။ သို့သော် ငွေကြေးပေးလျှော်ရမည်။

          ၂၁:၂၂ ကိုယ်ဝန်ဆောင်မိန်းမနှင့် ခိုက်ရန်ဖြစ်ပွား၍ ကိုယ်ဝန်ပျက်ကျလျှင်ကိုယ်ဝန်သည် ယောက်ျား တောင်းဆိုသည့်အတိုင်း ဆောင်ရွက်ရမည်။ ထို့အပြင် တရားသူကြီးစီရင်သည့်အတိုင်းလည်း ပေးလျော်ရမည်။

          ၂၁:၂၃၂၅ သာမန်အားဖြင့် အသက်အစားအသက်၊ မျက်လုံးအစားမျက်လုံး၊ သွားအစားသွား ပေးလျော်ရမည်။ လက်တွေ့တွင်မူ လူသတ်မှုမှ လွဲ၍ အခြားအမှုကိစ္စများသည် ဒဏ်ကြေးပေးလျော်ခြင်းဖြင့် ဖြေရှင်းနိုင်သည် (တော ၃၅:၃၁ ကိုကြည့်)။

၂၁:၂၆၃၆ အကယ်၍ ကျွန် အား မျက်စိ သို့မဟုတ် သွား ဆုံးရှုံးစေလျှင် ကျွန်ဘဝမှ လွှတ်ပေးရမည်။ လူကိုဝှေ့တတ်သော ကျွဲနွားသည်အသတ်ခံရမည်။ သူ့အသားကိုလည်းမစားရ။ မိမိကျွဲနွားလူဝှေ့တတ်ကြောင်း သိလျက်နှင့် မထိန်းကျောင်းဘဲ လူကိုဝှေ့သတ်စေလျှင် ထိုကျွဲနွားနှင့်တကွ ပိုင်ရှင်ကိုလည်း ခဲဖြင့်ပေါက်သတ်ရမည်။ သားဖြစ်စေသမီးဖြစ်စေသေစေလျှင် လျော်ကြေးအတူတူဖြစ်သည်။ ကျွန်ကိုဝှေ့သတ်လျှင်မူကား ငွေကျပ် သုံးဆယ် ပေးလျော်ရမည်။ ဝှေ့သော ကျွဲနွားကိုမူကား ခဲဖြင့်ပေါက်သတ်ရမည်။ မှတ်ထားပါ။ ယုဒရှကာရုဒ်သည် သခင်ယေရှုအား ကျွန်တစ်ယောက်၏ အသက်တန်ဖိုးဖြင့် ရောင်းစားခဲ့သည်။ မိမိကျင်းကို နမော်နမဲ့ မပိတ်ထားမှုကြောင့် တိရစ္ဆာန်ကျသေလျှင် တိရစ္ဆာန်တန်ဖိုး ပေးလျော်၍ အသားကိုယူရမည်။ မိမိတိရစ္ဆာန်က အခြားသူ၏ တိရစ္ဆာန်အား ဝှေ့သတ်လျှင် နှစ်ကောင်စလုံး တန်ဖိုးကို တစ်ယောက်တစ်ဝက်စီခွဲဝေယူရမည်။ မိမိတိရိစ္ဆာန်ဝှေ့တတ်ကြောင်း သိလျက်နှင့် မထိန်းကျောင်းဘဲ လွှတ်ထား၍ အခြားသူများ၏ တိရစ္ဆာန်ကို ဝှေ့သတ်လျှင် တန်ရာတန်ကြေးပေးလျော်၍ အသေကောင်ကို ရယူနိုင်သည်။

Previous Article
Next Article