ထွက်မြောက်ရာကျမ်း ၃၃

၃။ မောရှေ၏လူများနောင်တရကြခြင်း (၃၃:)

          ၃၃: ဘုရားသခင်သည် ထိုခေါင်းမာသော ဣသရေလလူမျိုးနှင့်အတူတကွ မလိုက်လို။ အကယ်၍ လိုက်မိလျှင် လမ်းခုလတ်တွင် စိတ်တိုစရာ တွေ့၍ တစ်ခုခုလုပ်မိလိမ့်မည်။ ထိုကြောင့် ဘုရားသခင်က သူ့ကိုယ်စား ကောင်းကင်တမန်တစ်ပါးရှေ့က လွှတ်ပေးမည်။ ပရိသတ်က ထိုသတင်းဆိုးကြားသိကြသောအခါ ဝမ်းနည်းကြေကွဲကြသည်။ ဝတ်ထားသော လက်ဝတ်တန်ဆာများကိုလည်း ဝတ်ဆင်လိုစိတ်မရှိကြ။ ဤရွှေများဖြင့် နွားရုပ်လုပ်လိုက်မိလေခြင်းဟု နောင်တရကြသည်။ သိနာတောင်ရောက်သည့်တိုင်အောင် မဝတ်ဆင်ကြတော့ပါ။

၄။ မောရှေတဲတွင်စုဝေးကြခြင်း (၃၃:၁၁)

          ၃၃:၁၁ အပိုဒ်ငယ်(၇)တွင် ပါရှိသောတဲသည် ဘုရားသခင်အတွက် တည်ဆောက်သော တဲတော်မဟုတ်။ မောရှေ တည်းခိုနေထိုင်ရန် ဆောက်လုပ်သောတဲဖြစ်သည်။ ထို့ကြောင့် မောရှေတဲဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဘုရားသခင်ကို ရှာဖွေသူတိုင်း ထိုကဲ့သို့သွားကြသည်။ တဲပြင်၌စုဝေးကြသည်။ မောရှေတဲထဲသို့ ဝင်ရောက်လာသောအခါ ထိုတဲထဲတွင် မိုးတိမ်တိုင် ဆင်းသက်လာ၍ မောရှေနှင့်နှုတ်ဆက်သည်။ သို့သော် မောရှေသည် ဘုရားသခင်၏ ခန္ဓာကိုယ်ကို မတွေ့မြင်ရပါ (ငယ် ၁၁)။ ဘုရားသခင်နှင့် အဟန့်အတားမရှိ၊ ဆက်ဆံသည်ကို ဆိုလိုသည်။ မိုးတိမ်တိုင်မြင်ကြသောအခါ ပရိသတ်သည် မိမိတို့တဲအသီးသီးသို့ ပြန်၍ အပေါ်က်ဝမှ ကိုးကွယ်ကြသော်လည်း မောရှေ၏လက်ထောက်ယောရှုသည် မောရှေနှင့်အတူရှိနေသည်။ ထိုသို့ရှိနေခြင်းသည် နောင်တစ်ချိန်တွင် မောရှေ၏ အရိုက်အရာဆက်ခံမည့်သူဖြစ်ကြောင်း နိမိတ်ပေးသည်။

၅။ မောရှေ၏ဆုတောင်း (၃၃:၁၂၂၃)

          ၃၃:၁၂၁၇ မောရှေက ဘုရားသခင်အား ခါနာန်ပြည်ထိ ပို့ဆောင်ရန် တောင်းပန်သည်။ သို့နှင့် ဘုရားသခင်က မောရှေ၏လူများနှင့်အတူ ရှိနေမည့်အကြောင်း ကတိတော်ပြုသည်။ သို့နှင့်မောရှေသည် စိုးရိမ်ပူပန်စရာမရှိ။ နောဧကဲ့သို့ပင် မောရှေသည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ခံစားရသည်။ သူ၏ ဆုတောင်းည့်အတိုင်း ပြည့်စုံသည်။ အန္တရာယ်မရှိသောနေရာသည် လုံခြုံသောနေရာ ဖြစ်သည်။ ထို့ထက်ဘုရားသခင်နှင့် အတူရှိလျှင် ပိုမိုလုံခြုံပါသည်။

၃၃:၁၈၂၃  ထို့နောက် သူတို့နှင့်အတူရှိတော်မူကြောင်း ဘုန်းတန်ခိုးပြသရန် တောင်းလျှောက်သည်။ ကျေးဇူးတော်နှင့် ကရုဏာတော် (ထွ ၃၄:)ဖြင့်  ဘုရားသခင်ပါရှိကြောင်းဘုန်းတန်ခိုးပြသမည်ဟု ဘုရားသခင်က ကတိတော်ပြုသည်။ မောရှေသည် ဘုရားသခင်၏မျက်နှာတော်ကို မမြင်။ ဘုရားသခင် မျက်နှာမြင်ရသူသည် သေရသည်။ သို့သော် ဘုရားသခင်က မောရှေအား ကျောက်ဆောင်ပေါ်မှာ ရပ်၍ ကြည့်ခိုင်းသောအခါ ဘုန်းတန်ခိုးဖြင့် ဖြတ်လျှောက်သွားသော ဘုရားရှင်၏ ကျောကုန်းကိုမြင်ခွင့်ရခဲ့သည်။ ဤကျမ်းပိုဒ်၏ သဘောသဘာဝအရ ဘုရားသခင်သည် ရုပ်ဒြပ်မရှိဟု နားလည်ရသည် (ယော ၄:၂၄)။ ထိုအကြောင်းကို Hyewl Jones က “မောရှေက နောက်ကျောမှ လှမ်းမြင်ခြင်းသည် ခန္ဓာကိုယ် တစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းတွေ့မြင်ခြင်းဖြစ်၍ မြင်ရသည်” ဟု ဆိုနိုင်သည်။၃၁

ဘုရားသခင်၏မျက်နှာကို ဖူးမြင်ခွင့်ရသောအသက်ရှင်သူ တစ်ယောကမှ မရှိ (ငယ် ၂၀)။ ဆိုလိုသည်မှာ ဘုရားသခင်အား ဘုန်းတန်ခိုးဖုံးလွှမ်းခြင်းမရှိဘဲ ဘုရားသခင်၏ ရုပ်ဒြပ်အစစ်အမှန်ကို မည်သူမှ မမြင်ရဟု အနက်ရသည်။ “ဘုရားသခင်သည်အဘယ်သူမှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေသည်” (၁တိ ၆:၁၆)။ ထို့ကြောင့် ဘုရားသခင်ကို တွေ့မြင်ဖူးသူတစ်ယောက်မှ မရှိ (၁ယော ၄:၁၂)။ ဘုရားသခင်ကိုတွေ့မြင်ဖူး၍ မသေသောသားရှိသလား။ ဟာဂရ (က ၁၆:၁၃)၊ ယာကုပ် (က ၃၂:၂၀)၊ မောရှေ (အာရုန်၊ နာဒပ်၊ အဘိဟူနှင့် ဣသရေလလူကြီး)ခုနှစ်ဆယ် (ထွ ၂၄:၉-၁၁)။ ဂိဒုန် (သူကြီး ၆:၂၂-၂၃)၊ မာနော်တို့လင်မယား (သူကြီး ၁၃:၂၂)၊ ဟေရှာယ (ဟေရှာ ၆:၁)၊ ယေဇကျေလ (ယေဇ ၁:၂၆၊ ၁၀:၂၀)၊ ယောဟန် (ဗျာ ၁:၁၇)။

ဤလူများသည် ယေရှုသခင်ကို တွေ့မြင်ရသကဲ့သို့ ဖူးမြင်ကြခြင်းဖြစ်သည်။ တစ်ခါတရံ ဘုရားသခင်၏ ကောင်းကင်တမန်အဖြစ် ကိုယ်ထင်ပြသည် (သူကြီး ၆ တွင် ထိုအကြောင်း ဆွေးနွေးထားသည်)။ တစ်ခါတရံလူ၊ တစ်ခါတရံအသံတော် (ထွ ၂၄:၉-၁၁ နှင့် တရား ၄၊၁၂) တစ်ပါးတည်းသော သားတော် ဖူးမြင်ခြင်းသည် ခမည်းတော်ဘုရားကို ဖူးမြင်ခြင်းနှင့် အတူတူဖြစ်သည် (ယော ၁:၁၈)။ ခရစ်တော်သည် ဘုရားသခင် ဘုန်းတန်ခိုးဖြင့် ထင်ရှားတောက်ပ၍ လူ့ရုပ်သဏ္ဍာန်ခံယူခြင်းဖြစ်သည်။ (ဟေဗြဲ ၁:၃)။ ထို့ကြောင့် “ငါ့ကိုမြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို မြင်ရသည် (ယော ၁၄:၉)ဟု ဆိုခြင်းဖြစ်သည်။

Previous Article
Next Article