ထွက်မြောက်ရာကျမ်း ၃၅
၃၅:၁–၃ ထို့နောက် မောရှေသည် ဣသရေလပရိသတ်အပေါင်းအား စုစည်း၍ ဥပုသ်နေ့အကြောင်း မိန့်တော်မူချက်ကို ထပ်မံရှင်းပြသည်။
(စ) တဲတော်ဆင်မြန်းရန်ပြင်ဆင်ကြခြင်း (၃၅:၄–၃၈:၃၁)
၁။ ဘုရားပေးလှူသူများ ဘုရားရှင်က လက်ဆောင်ပေးခြင်း (၃၅:၄–၃၆:၇)
၃၅:၄–၂၀ ဘုရားသခင်၏ တဲတော် တည်ဆောက်ဖို့ မိမိတို့ စိတ်စေတနာသဒ္ဒါထက်သန်ကြသည့်အတိုင်း ပေးလှူနိုင်ကြောင်း မောရှေက ပရိသတ်အား စိန်ခေါ်သည် (ငယ် ၄-၉)။ လက်မှုပညာတတ်ကျွမ်းသူများကိုလည်း ပါဝင်ဆက်ကပ်ကြဖို့ ဖိတ်ခေါ်သည် (ငယ် ၁၀-၁၉)။ ဘုရားသခင်အတွက် တဲတော်နှင့်စုဝေးနိုင်ကြဖို့ သုဓမ္မာဇရပ် လိုအပ်သည်။ ဘုရားသခင်က သူ့လူများ၏ စိတ်နှလုံးကိုလည်း တို့ထိသည် (ငယ် ၅၊ ၂၁၊ ၂၂၊ ၂၆၊ ၂၉)။ ထို့ကြောင့် ဘုရားသခင်ထံမှ ခံစားရသော ကျေးဇူးတော်များကို ပြန်လည်ရေတွက်၍ ဘုရားအမှုတော်အတွက် စိတ်နှလုံးစေတနာ သဒ္ဒါထက်သန်စွာ ပါဝင်ပေးလှူရသည်။
၃၅:၂၁–၃၆:၁ လူထုပရိသတ်အပေါင်းသည် အဲဂုတ္တုပြည်မှ ယူဆောင်ပါရှိသော ရတနာ ဘဏ္ဍာများကို ရက်ရောစွာ ပေးကမ်းလှူဒါန်းကြသည် (ငယ် ၂၁-၂၉)။ ရွှေနွားရုပ်လုပ်ကြစဉ်ကထက် ပိုမိုများပြားသည်။ ရွှေနွားရုပ်တု ဘုရားတုသို့ ပေးလှူခြင်းသည် မြေကြီးထဲသို့ မြှုပ်နှံခြင်းဖြစ်၍ လုံးလုံးဆုတ်မြှပ်သွားသော်လည်း ဘုရားရှင်၏ တဲတော်အတွက် ပေးလှူသူများသည် ယေဟောဝါဘုရားသခင်၏ ကြွယ်ဝချမ်းသာခြင်း ရေတွက်ပုံဖော်ခြင်း ဖြစ်၍ ဝမ်းသာရွှင်လန်းကြသည်။
ဘုရားသခင်က လက်မှုအတတ်ပညာ ဆုလက်ဆောင်ပေးထားသော ဥရဇ်သား ဗေလေလနှင့် ဒန်အမျိုးအနွယ်အဟိသမက်၏ သားအဟောလျဘကို မောရှေက သီးသန့်တာဝန်ပေးအပ်သည်။ အခြားသူများကိုလည်း လက်ဆင့်ကမ်းသင်ကြားစေသည် (၃၅:၃၀-၃၆:၁)။