ဒေသနာကျမ်း ၁

၁။စကားချီး။နေရောင်အောက်ရှိသမျှသည်အချည်းနှီး(:၁၁)

:ကျမ်းရေးသူက သူ့ကိုယ်သူ ဓမ္မဆရာ၊ ဒါဝိဒ်၏သားတော်၊ ယေရုရှလင် ဘုရင်အဖြစ် မိတ်ဆက်ထားသည်။ ဓမ္မဆရာဟူသော စကားရပ်သည် စိတ်ပါဝင်စားစရာ ဖြစ်သည်။ ဟေဗြဲဘာသာဖြင့် “Koheleth”ဖြစ်၍ “ခေါ်ဆောင်သူ” “စုဝေးသူ”ဟု အနက်ရသည်။ ဂရိဝေါဟာရ “ekklesiates”သည်လည်း အစုအဝေး ကမကထ ပြုလုပ်သူဟု အနက်ရသည်။ ထိုစကားလုံးကိုယူ၍ “စုစည်းသူ၊ စည်းဝေးစေသူ၊ စကားပြောသူ၊ မိန့်ခွန်းချွေသူ၊ ပြောရေးဆိုခွင့်ရှိသူ၊ ဓမ္မဆရာ”ဟု ပြောင်းလဲလာသည်။

ဤကျမ်းပိုဒ်တွင် ဓမ္မဆရာသည် ဒါဝိဒ်၏သားတော်ဖြစ်သည်။ သားဟုဆိုရာတွင် မြေး သို့မဟုတ် သားစဉ်မြေးဆက်လည်း ခေါ်နိုင်သည်။ ဆောလမုန်သည် ဒါဝိဒ်မင်း၏ အမွေဆက်ခံသူ တပါးတည်းသောသား၊ ဣသရေလပြည်၊ ယေရုရှလင်တွင် နန်းစံသော ဣသရေလဘုရင် (ငယ်၁၂)ဖြစ်သည်။ ယုဒတပြည်လုံး အုပ်စိုးသည်။ အခြားမင်းဆက်များကို ရှေခင်(၃ရာ၁၂:၂၅) သို့မဟုတ် ရှမာရီးယား (၃ရာ၁၆:၂၄)ဖြစ်သည်။ ယေရုရှလင်ကို မြို့တော်အဖြစ် မစိုးစံကြ။

: စာအုပ်၏ နိဂုံးပိုင်း မရောက်ခင်ကတည်းက ရှောလမုန်၏အမြင် ရည်ရွယ်ချက်ကို ရှင်းပြမည်။ ရှောလမုန် ရှာဖွေပြင်ဆင်သမျှ နေရောင်ခြည်အောက်ရှိ အရာခပ်သိမ်းများသည် အချည်းနှီး၊ အနတ္တများ ဖြစ်သည်။ လူ့ဘဝသည် ပြောင်းလဲနေသည်။ ဆုတ်ယုတ်သည်။ သုံးစရာမရှိ၊ အခွံ အလွတ်ချည်းဖြစ်သည်။ အချည်းနှီး အလကားဖြစ်သည်။ အဓိပ္ပာယ်မရှိ။ လူ့ကမ္ဘာမှာ တွေ့သမျှသည် ရည်ရွယ်ချက်မရှိ။ တန်ဖိုးမရှိ။ အချိန်ကုန်ခြင်းသာ ဖြစ်သည်။

ဟုတ်ပါသလား။ မှန်ပါသည်။ လုံးဝဥဿုံ မှန်ပါသည်။ လူ့ဘဝသည် နေရောင်ခြည်အောက်မှာသာ ပြီးဆုံးသည်ဟုဆိုလျှင် သေခြင်းသည် နောက်ဆုံးဘဝဖြစ်သည်။ အခိုးအငွေ့များသာ ဖြစ်သည်။ ဆုပ်ကိုင် ဖမ်းချုပ်မရနိုင်။ လူ့ဘဝထဲသို့ အပြစ်ဒုစရိုက်အချိန်မှစ၍ သဗေသတ္တာ သတ္တဝါအပေါင်းသည် အချည်းနှီး ဖြစ်ကြောင်း၊ ရှင်ပေါလု (ရော ၈:၂၀)တွင် ထပ်မံသတိပေးထားသည်။ ကမ္ဘာပထမ မိဘများက သားအငယ်ကို “အာဗေလ”ဟု နာမည်ပေးထားသည်။ “အာဗေလ” ဟူသော စကားအဓိပ္ပါယ်မှာ အခိုးအငွေ့၊ ဘာမှမကျန်၊ အချည်းနှီးဟု အနက်ရသည်။ ထိုအတိုင်းပင် လူသားအားလုံး ဖြစ်ကြသည်။ ရှောလမုန်အတွေးသည် မှန်ကန်သည်။ နေရောင်ခြည်အောက် ရှိသမျှသည် အချည်းနှီးဖြစ်သည်။ ဘာမှမတည်မြဲ။

၁:၃ အားအင်ချိနဲ့သော လူ့ဘဝသည် တသက်လုံး ရုန်းကန်လှုပ်ရှား အလုပ်လုပ်ရသည်။ သို့သော် လုပ်ဆောင်ခဲ့သမျှ၊ ပြောဆိုခဲ့သမျှသည် အဖတ်မတင် ဘယ်ရောက်ကုန်ပါလိမ့်။ ခြေနင်းစက်ကြီးကဲ့သို့ တချိန်လုံး လည်ပတ်သည်။ သို့ သော် ထုတ်လုပ်သည့်ပစ္စည်းမထွက်။ ထိုသို့ဆိုလျှင် ဘာကြောင့် အလုပ်လုပ်ကြသနည်းဟု မေးကောင်းမေးမည်။ “ငွေရဖို့လုပ်သည်”။ ဘာကြောင့် ငွေလိုချင်သနည်း။ အစာဝယ်စားဖို့ လိုချင်သည်။ ဘာကြောင့် အစာစားချင်သနည်း။ ခွန်အားဖြည့်ဖို့ စားသည်။ ဟုတ်ပြီ။ အဘယ်ကြောင့် ခွန်အား ဖြည့်ချင်သနည်း။ အလုပ်လုပ်နိုင်ဖို့ လိုချင်သည်။ ထိုသို့ဖြင့် မေးခွန်း တပတ်လည်သွားသည်။ ငွေရဖို့လုပ်သည်။ အစာဝယ်ဖို့ ငွေလိုသည်။ ခွန်အားရှိဖို့ အစာစားသည်။ အလုပ်လုပ်ဖို့ ခွန်အားလိုချင်သည်။ ငွေရဖို့ ခွန်အားလိုချင်သည်။ Henry Thoreau ၏” လူ့ဘဝသည် တိတ်ဆိတ်သော ကာလကြီး၏ အပိုင်းအစတစ်ခုသာ ဖြစ်သည်” ဟူသော စကားအတိုင်း ဖြစ်ပါသည်။

တခါက ကားမှတ်တိုင်တွင် ငိုယိုနေသော အမျိုးသမီးအား ခရစ်ယာန်တဦးက  ဘာများ အကူအညီ ပေးရမည်ဟု မေးသည်။ ထိုအမျိုးသမီးက “ကျမမှာ ဆင်းရဲ ဒုက္ခရောက်ပါသည်။ ခင်ပွန်းသည်က ပင်ပန်းကြီးစွာ အလုပ်လုပ်ရသော်လည်း စားမလောက်။ သို့ကြောင့် ကျွန်မကိုယ်တိုင် အလုပ်ထွက်လုပ်ပါသည်။ နံနက် စောစောထ ချက်ပြုတ်ပြီး၊ သားသမီးများကိုကျွေး၊ ထမင်းကျိုင့်ထည့်ပေးပြီးလျှင်  ကျွန်မလည်း အလုပ်ခွင်သို့ သွားပါသည်။ ညနေအိမ်ပြန်ရောက်လို့ ညအိပ်ကျောခင်းပါသည်။ ယနေ့လည်းမနေ့ကဲ့သို့ လုပ်ရပြန်သည်။ “ဤမဆုံးနိုင်​သော ဘဝသံသရာကို တွေးရင်း အဖျားတတ်လာသည်” ဟု ပြန်ဖြေသည်။ ထိုအကြောင်းကို H.L Menckon က ဤသို့ဆွေးနွေးသည်။

လူ့ဘဝ၏အခြေခံ ဝတ္တရားသည် ခက်ခဲနက်နဲသော နည်းဗျူဟာကြီးမ ဟုတ်။ သို့သော် ငြီးငွေ့ဖွယ်ဖြစ်သည်။ မှားမှန်း ဆင်းရဲ ဒုက္ခ သက်သက်  ခံစားရာလည်းမဟုတ်။ သို့သော် ဆုံးရှုံးခြင်း ကြုံတွေးရာနယ်မြေ ဖြစ်သည်။

: လူ့လောကပတ်ဝန်းကျင်တွင် ကြီးသ်အစဉ် တွေ့ရှိနေသော်လည်း၊ လူ့ဘဝသည် ပြောင်းလဲပြီး ပြောင်းလဲနေသည်။ မျိုးဆက် တဆက်ပြီးတဆက် ပြောင်းလဲသည်။ မျိုးဆက် တဆက်ပြီးတဆက် ပြောင်းလဲ သည်မှာ သဘာဝ နိယာမဖြစ်သည်။ နေရောင်ခြည်အောက်မှာ လူ့ဘဝဓမ္မတာ တည်း။

အိပ်မက်ပမာ မျိုးဆက်အဆက်ဆက် ပြောင်းလဲရလဲ ဘဝရေဆက် မဆုံဖြစ်ကြ။                                                                    Will H. Houghton.

နှုတ်ကပတ်တော်နှင့်မဆိုင် ပြောရလျှင် ယခုတွေ့မြင်ရသော လူ့လောကသည် နိစ္စထာဝရ တည်မြဲမည်ဟု ထင်မှတ်စရာအကြောင်း ရှိသည်။  ရှောလမုန်က ထိုသို့ဆိုသည်။ သို့သော် ယခုတွေ့မြင်နေရသော မိုး ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ကိုယ်တော်ဘုရား ကြွရောက်လာသည့်နေ့ရက်တွင် အကုန်မီးလောင် ပြာကျမည်ဟု ဆိုထားသည် (၂ ပေ ၃:၁၀ကြည့်)။

: သဘာဝတရားသည် အဆက်မပြတ် လည်ပတ်နေသည် ဥပမာအားဖြင့် နေသည် အရှေ့မှထွက်၍ မိုးကောင်းကင်သို့တက်ကာ အနောက်အရပ်သို့ ဝင်သွားသည်။ နောက်တရက်တွင်လည်း ထိုအတိုင်းပင် အရှေ့မှ ထွက်လာပြန်၍ အနောက်သို့ ဝင်ပြန်သည်။ ထိုသို့ပင် ခေတ်ကာလသည်လည်း တခေတ်ပြီးတခေတ် ပေါ်ထွက် လာသည်။  အရုဏ်တက်လာသည်။ ပြီးလျှင် ကွယ်ပျောက်သွားကြပြန်သည်။ ဖမ်းမရသော အရိပ်များပါတကား။

အကယ်၍ တစုံတဦးက နေသည် ရွေ့လျားခြင်းမရှိဟု သိပ္ပံနည်းကျကျ ကန့်ကွက်ချင် ကန့်ကွက်ကြသည်။ သို့သော် ဤနေရာတွင်  ရှောလမုန်သည်    နေ၏ရွေ့လျားခြင်းကို ဆိုလိုသည်မဟုတ်။ သာမန်လူများ နားလည်နိုင်အောင် အချိန်၏ရွေ့လျားကုန်ဆုံးခြင်းကို သရုပ်ဖော်ထားသည်။ နေသည် ထွန်းတောက်လာပြီး ကွယ်ပျောက်သွားသည်ဟု ဆိုလိုသည်။ သိပ္ပံပညာရှင်များလည်း အချိန်၏ ရွေ့လျားမှု သဘောကို နားလည်ကြပါသည်။ သို့ကြောင့် အထွေအထူး ထပ်မံ မရှင်းပြလိုတော့ပါ။

: ရှောလမုန်မင်း အတွေးဆက်သည်။ လေတိုက်ခတ်ရာ အရပ်သည်လည်း နှစ်လုံးပေါက် ပြောင်း လဲနေသည်။ ဆောင်းရာသီတွင် မြောက်လေပြန်၍ ဣသရေလပြည်အား တောင်ဖက်အရပ်သို့ ဖြတ်ကျော် တိုက်ခတ်သည်။ နွေဦးရာသီရောက်ပြန်လျှင် တောင်လေတိုက်ပြန်၍ အ​နွေးဓါတ်သယ်ဆောင်လာသည်။  ထိုကဲ့သို့ပင် သံသရာလည်နေပါသည်။ လူ့ဘဝသည်လည်း ထိုအတိုင်းဖြစ်သည်။

: ကမ္ဘာမြေ၊ နေနှင့်လေများသာမက ရေသည်လည်း ရာစုနှစ်ချီ ၍ ဘဝသံသရာလည်နေပါသည်။ မြစ်ချောင်းများသည် ပင်လယ်ထဲသို့  စီးဝင်ကြသည်။သို့သော် ပင်လယ်ရေလျှံသည်မရှိ ။ အဘယ်ကြောင့်ဆို သော် ထိုပင်လယ်ရေကို နေပူရှိန်က အငွေ့ပျံစေသည်။ ခန်းခြောက်စေ သည်။ လေက အအေးဓါတ်ပေးလိုက်သည်။ ထို့နောက်တိမ်ဖြစ်ကုန် သည်။ ထိုတိမ်များ မိုးမြင့်ယံတွင် ရွေ့လျား၍စုဖွဲ့ပြီးသော် မိုးသီးမိုးပေါက် ဆီးနှင်းများ အဖြစ်ဖြင့် ကမ္ဘာမြေပေါ်သို့ ပြန်ကျလာပြန်သည်။ ထိုသို့ဖြင့် မြစ်ချောင်းထဲတွင် ရေပြည့်၍ ပင်လယ်ဆီသို့ တဖန်စီးဆင်းသည်။အဆုံးအစ မရှိ၊ မရပ်မနား ကိုယ်စီလှုပ်ရှားသံသရာလည်နေသည်။ ဤအကြောင်း နှင့်ပတ်သက်၍ Kristofferson က ” ငါသည် မြစ်ရေ အဖြစ်တသွင်သွင် စီးဆင်းနေပါလျက်၊ ပင်လယ်ထဲသို့ မရောက်နိုင်ပါ လား”ဆိုဖူးသည်။

: လူ့ဘဝသည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ရသည်။ လူ့စကားများသည် မယဉ်ကျေး နားမခံသာများသည်။ အရေမရအဖတ်မရ ကွမ်းစကားပြောကြသည်။ အကျိုးမဖြစ်ထွန်းသော အချိန်ကုန်လေ့ လာခြင်းက ပိုများသည်။ လူသည် နှစ်လိုဖွယ်ရာမဟုတ်။ မြင်လေလိုချင်လေဖြစ်သည်။ လိုလေရလေ အိုတစ္ဆေဖြစ်သည်။ မလိုချင်သော စကားကိုလည်း မကြားတတ်။ မကြားချင်ယောင်ဆောင်တတ် သည်။ အသစ်အဆန်းကို မြင်ချင်သည်။ ကြားချင်သည်။ မမြင်မရောက် ဘူးသည့်နေရာသို့ လှည့်လည်သွားလာလျက် မျက်စိပသာဒ အာရုံခံစားသည်။ ထိုအကြောင်းကို အမေရိကန် လူမှုသိပ္ပံပညာရှင်ကြီးက လူ့ဘဝ ၏အခြေခံလိုအပ် ချက်ဟုဆိုသည်။ သို့သော် မြင်ပါများလျှင် ရိုးအီလာပြန်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ပုံအပ်လျှင်လည်း လူ့လိုအင်ဆန္ဒသည် ကျေနပ်တင်းတိမ်ခြင်း မရှိနိုင်။ သို့သော် ထို စကားက “မျှော်လင့်ချက်မဲ့သည်” ဟု ဆိုလိုခြင်း မဟုတ်။ လူ့ဘဝကျေနပ်တင်းတိမ်စရာတစ်ခုရှိပါသည်။ ထိုအရာမှာနေရောင်ခြည်အထက်မှာရှိ၍ ” တောင့်တသော  ဝိညာဉ်ကို ရောင်ရဲစေ၍ မွတ်သိပ်သော ဝိညာဉ်ကိုလည်း ကောင်းသောအရာ နှင့် ဝစေတော်မူ၏ (ဆာ၁၀၇:၉)” ဟု ဆိုထားပါသည်။

လောကပျော်ရွှင်ခြင်းသည် ပျောက်ကွယ်သည် အချည်းနှီးသက်သက်။ လျှပ်တပြတ်သာ တောက်ပသဖြင့် မသိမ်းဆည်းနိုင်။ တန်ခိုးနှင့်အာဏာများသည်လည်း လျှပ်တပြတ်သာ ကိုယ်တော်ဘုရား ပေးသော ငြိမ်သက်ခြင်းသာ  တင်းတိမ်စရာ သခင်ယေရှုကဲ့သို့ သောသူ တပါးမှမရှိ။ မရှိ ရေးချ မရှိ။ ငါ့ ဝိညာဉ်အစာငတ်ခိုက် ကျွေးမွမ်းသူ ကိုယ်တော်ကဲ့သို့သောသူ အခြားမရှိ။

အမည်မသိ

: ရှောလမုန်တရားသဘောဆင်ခြင်မိသည် ကားနေရောင်ခြည် အောက်မှာ အသစ်အဆန်းပေါ်ထွန်းခြင်း မတွေ့။ သမိုင်းရဟတ်တပတ်လည် သည် ချည်းသာ ။အသစ်ဟုထင်ရသော်လည်း အဟောင်းကအသစ်အဖြစ်ပေါ် လာခြင်းဖြစ်သည်။ မြင်ပြီးသော ကြုံဘူးသော အရာများ အသစ်တဖန်ဖြစ်ပေါ် လာခြင်းဖြစ်သည်။

:၁ဝ ဘယ်မှာမှ အသစ် မရှိသည်မှာ သေချာသလား။ မှန်ကန်ပါသည်။ ယခုတွေ့မြင်နေသော အသစ်အဆန်း များသည် အသစ်အဆန်းသက်သာမ ဟုတ်ပါ။ ကမ္ဘာဦးအစ ဖန်ဆင်းထားသော အရာများပေါ်တွင် ထပ်ကွန့်ခြင်းသာဖြစ်သည်။   လူများ၏အောင်မြင်မူများသည်ရှေးကနဦး နိယာမတရားအပေါ်တွင် အခြေပြုသည်။ ငှက်များလေမှာပျံဝဲ နိုင်သကဲ့သို့ လူများကလည်း လိုက်ပျံကြသည်။ ဝေဟင်မှာ ပျံသန်းခြင်းသည် အသစ်အဆန်း မဟုတ်။ ဧနောက်နှင့်ဧလိယသည်လည်း  တောင်ပံမပါ။အောင်စီဂျင်ဗူးမပါဘဲ၊ အာကာသ ကောင်းကင်ထဲသို့ပျံသန်း သွားကြသည်။ သို့ကြောင့် ပုံပြင်ဒဏ္ဍာရီကဲ့သို့ အသစ်ရှာဖွယ်ခြင်းသည်  အချည်းနှီးစိတ်ပျက်ဖွယ်ရာသာ ဖြစ်သည်။ ယုံကြည်သူများ မမွေးဖွားခင် ၊ ရှေးပဝေသဏီဖြစ်ပျက်ပြီးသော အရာများသာဖြစ်သည်။

:၁၁ အခြားဆိုးဝါးသော အမှတ်ဉာဏ်တစ်ခု မှာ ကုန်လွန်ခဲ့သောအရာ များ မေ့လျှော့ကြခြင်းဖြစ်သည်။ ကျော်စောခြင်းသည် တံလျှပ်ပမာဖြစ်သည်။ လူခပ်များများသည် အဘွား၊ အဘီတို့၏ နာမည်ကို မေးလျှော့ကြသည်။ နောက်ဆုံးအမေရိကန်ဒုသမ္မတ၏နာမည်မှတ်မိသူရှိချင်မှ ရှိကြမည်။ လူတိုင်း သည် ကမ္ဘာသူကမ္ဘာသားထဲတွင် အရေးကြီးပါသည်။ မိမိ မပါလျှင် ကမ္ဘာလော ကမပြည့်စုံနိုင်ပါ။ ကမ္ဘာဂြိုလ်ပေါ်က လူသားတို့ဖြစ်မြဲဓမ္မတာ ထုံးစံဖြစ်သည်။

၂။     အရာခပ်သိမ်းသည် အချည်းနှီးသက်သက်(:၁၂:၁၂)

(က) အသိဉာဏ်ပညာရှာဖွေခြင်းသည် အချည်းနှီး (:၁၂၁၈)

:၁၂ သာဝက ခရီးသည်များအတွက် အဖိုးအနဂ္ဃထိုက်တန်သော ရှောလမုန် သုခမိန်၏ ကဝိ ပညာရှိစကားဖြစ်သည်။လူ့ဘဝအသက်တာတွင်  အကြီးမြတ်ဆုံးဒသနဖြစ်သည်။ ရှောလမုန်သည် ယေရုရှလင်ရှိ ဣသရေလတို့ ပြည့်ရှင်မင်းတရားကြီးချမ်းသာကြွယ်ဝ၊ တန်ခိုးပြည့်ဝ၍ လိုလေသေးမရှိ လိုတရမင်းဖြစ်သည်။

ရှောလမုန်က “ငါသည် ဣသရေလဘုရင်ဖြစ်ခဲ့သည်” ဆိုခြင်းမှာ တချိန် ကဘုရင်ဖြစ်ခဲ့သည်။ ယခုဘုရင် မဟုတ်တော့ဘူးဟုဆိုလိုခြင်းမဟုတ်။ ရှင်ဘုရင် ရာထူး၏ အဓိပ္ပါယ်ကို တရားသံဝေဂရခြင်းဖြစ်သည်။ ဘုရင်ဖြစ်ခဲ့ သည်၊ ယခုလည်းဖြစ်နေသည် (ငယ်၁)

:၁၃ နေရောင်ခြည်အောက်တွင် ပျော်ရွှင်ခြင်းရှာဖွေပုံကို တင်ဆက်ထားသည်။ ပထမဦးစွာ အသိဉာဏ်ပညာဖြင့်အရာခပ်သိမ်း၏ သဘောသဘာဝကို လှည့်ပတ်ကြည့်ရှုဆင်ခြင်သည်။ အလုံးစုံသော သဘာဝတရားကို သိရှိလျှင် စိတ်ကျေနပ်ပျော်ရွှင်မည် ဟု တွေးထင်သည်။ သို့ကြောင့် သူ့ကိုယ်အားဉာဏ် ပညာတိုးပွားဖို့ ဖြည့်ဆည်းသည်။ ဘဝတစ်ခုလုံးအားဉာဏ်ပညာရှာဖွေဖို့ ပေး ဆပ်သည်။  စူးစမ်းရှာဖွေခြင်း ဆင်ခြင်အောက်မေ့ခြင်း၊ ခွဲခြားစိတ်ဖြာခြင်း၊ခြုံ ငုံလေ့လာခြင်း၊ထုတ်ယူဆင်ခြင်ဖြင့် အမျိုးမျိုးသုံးသပ်သည်။ သို့သော်လည်း သင်ယူလေ့လာသမျှသည် စိတ်ပျက်ခြင်းဖြင့် အဆုံးသတ်သည်။ ဘုရားသခင်က လူများ ဖန်ဆင်းသည်မှာ  ဆင်းရဲဒုက္ခခံစားဖို့ ဖြစ်ပါသလားဟု စိတ်နှလုံးနာ မိသည်။ ဘဝအဓိပ္ပါယ်ဘဝအဖြေရှာမတွေ့ခဲ့။

Malcolm Muggeridge ကလည်း ထိုနည်းနှင်နှင် တွေးခဲ့သည်။

ခေတ်ပညာရေးသည် မှော်ယောင်ယောင် နတ်ယောင်ယောင် ခေတ်ကာလကို လိမ်ညာလှည့်စားသည်။ စကြဝဠာအောက်မှာရှိနေသောလူ့အရေးအရာပြဿနာများကို ဖြေရှင်းပေးနိုင်လေဟန်လေလုံး ထွားသည်။ အဓိကအချက်မှာလူမိုက်မှားမှုကိုအကျယ်ချဲ့ခြင်းဖြစ်သည်။ လိမ်ညာခြင်းသက်သက် ဖြစ်သည်။ ယုံစားလွယ်သူများအား ဦးနှောက်ဆေးကြောပေးသည်။ စာနယ်ဇင်း၊ ရေဒီယိုလေလှိုင်း၊ ရုပ်မြင်ဖန်သားများဖြင့် လက်လှည့်ပြုစားသည်။၁၀

တက္ကသိုလ်စာကြည့်တိုက်ခန်းမထဲတွင် စာလုံးမဲကြီးကြီးဖြင့် လက်ဆော့ထားသည်။ စိတ်မဝင်စားခြင်းဟူသော စာတမ်းကို သွားသတိရမိသည်။ စာကြည့်တိုက်ထဲမှာ ထိုစကားသည် လွန်ခဲ့သော နှစ်များစွာက ရှောလမုန်မင်း​ တွေ့ရှိပြီးဖြစ်သည်။ ပညာရေးသည် လူ့ဘဝကို ဖြေရှင်းနိုင်သော သေချာသည့် လမ်းမဟုတ်ပါ။ သူ့အတိုင်းအတာ သူ့လမ်းနှင့်သာ ရှိသည်။ ရှုပ်ထွေးမှုပဟေဠိ သာဖြစ်စေသည်။

သို့သော် ဤစကားက ပညာရေးသည် လူ့ဘဝ၏ အရေးကြီးသော ကဏ္ဍမဟုတ်ဟု ဆိုလိုခြင်းမဟုတ်။ လူ့ဘဝတွင် နေရာတစ်ခုရှိပါသည်။ သခင်ခရစ်တော်၏ခြေတော်ရင်းမှာရှိပါသည်။ ခရစ်တော်ခြေတော်ရင်းမှာ တည်လျှင် အဆုံးမရောက်နိုင်၊ ချီးမွမ်းဖွယ်ရာ တိုးပွားသထက်တိုးပွားလာဦး မည်။

ဤနေရာတွင် ဘုရားသခင်ကို ကိုးကားခြင်းသည် ပုဂ္ဂိုလ်ရေး ယုံကြည်ခြင်းနှင့်မပတ် သက်ပါ။W.J.Erdman က ဘုရားသခင်၏ မူရင်းဓါတ်ခံနာမတော်သည် Elohim၁၁ ဖြစ်သည်ဟု ရှင်းပြထားသည် ကျမ်းအစနိဒါန်းတွင် ရှင်းပြခဲ့သည့်အတိုင်း Elohim သည် စကြဠာမိုးမြေတစ်ခု လုံးကို ဖန်ဆင်းနိုင်သော တန်ခိုးရှင်ဖြစ်သည်။ သို့သော် ရှောလမုန်ကမူ ယေဟောဝါဘုရားသခင်အဖြစ်ဖော်ပြသည်။ ကျမ်းချက်မတွေ့။ ကျေးဇူးတော် ဖြင့် ရွေးနှုတ်သော အရှင်သခင်အဖြစ် သိကျွမ်းခံယူခြင်းမတွေ့ရပါ။

:၁၄ ထိုခေတ်ကာလတွင် ရှောလမုန်သည် ဣသရေလလူများအား အကောင်းဆုံးဉာဏ်ပညာပေး သည်မှာ ယုံမှား သံသယဖြစ်ဖွယ်မရှိပါ။ နေရောင်ခြည်အောက်မှာတွေ့မြင်ခဲ့သမျှသည်မြဲခြင်းမရှိ။ သင်္ခါရတရားဖြစ် သည်။ အစိုးမရ၊ အနတ္တဖြစ်သည်။ ထိုစကားမှာ လောကဓါတ်သိပ္ပံပညာ၊ ဒဿနနိကဗေဒ၊ သမိုင်း၊ အနုပညာ၊ လူမှုသိပ္ပံ၊ စာပေ၊ဘာသာရေး၊ စိတ်ပညာ ၊ကိုယ်ကျင့်တရား၊ ဘာသာစကား အတတ်ပညာ များသည် လူ့အရေးအရာ တွင် ရပ်တန့်ခြင်းမရှိ။ ပြည့်စုံခြင်းမရှိ သည့်အကြောင်းဖြစ်သည်။

သို့သော် လည်း ခေတ်ပညာသင်ကြားတတ်မြောက်သူသည် ဧည့်ခန်းတွင် အလှချိတ်ဆွဲဖို့ နာမည် ၏နောက်၌ အမြဲတမ်းပေးသင့်ပါသည်။ ထိုအမြဲသည် သူရှာဖွေသော ပညာဖြစ်သည်။ ထိုအတတ်ပညာသင်ယူခြင်းနှင့်ပတ်သက်၍ လေကို ဖမ်းဆုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

:၁၅     လူ့ဘဝအရေးရာတွင်အဖြေမရနိုင်သောဘဝပုစ္စာတင်ပြထားသည်။ ကွေးသောအရာ မဖြောင့်စေ နိုင်သကဲ့သို့ မေ့ပျောက်သောအရာကို ထည့် သွင်းရေ:တွက်ခြင်းမပြုနိုင် ဟုဆို သည်။ ထိုအကြောင်းကို Rober Laurin က ဤသို့ ရှင်းပြသည်။

လူ့ဘဝသည် အခြေအမြစ်ယုတ္တိမရှိသော အရာများနှင့် မစဉ်အလာမ ဟုတ်သော အမှုပေါင်းစုံပြည့်နှက်သည်။ အခြားတစ်ဖက်တွင်မူ ထိုအရာများ သည် ဘဝအဓိပ္ပါယ်နှင့် တန်ဖို့းဖြစ်သည်။၁ လူသည်လည်း လကမ္ဘာသို့ ရောက် နိုင်သည်။

ပျားသည်လည်းလေဟုန်စီး၍ပျံဝဲနိုင်ကြောင်းလူတိုင်းသိကြသည်။သိပ္ပံပညာရှင်များက အနုမြူဗုံး၏လျှို့ဝှက်ချက် အစွမ်းကို ဖော်ထုတ် နိုင်ကြသည်။ သို့သော်လည်းအလင်းကိုသော်၄င်း၊ တန်ခိုးသော်၄င်းမသိမ်း ဆည်းနိုင်ပါ။ ပိုလီယိုရောဂါနှင့် တီဘီရောဂါပိုးများကို နှိမ်နင်းနိုင်ကြသော် လည်း အအေးဓါတ်ကိုမူအနိုင်မယူနိုင်သေး။

:၁၆အသိပညာ၊ပေါင်းစုံတက်မြောက်လာသောအခါရှောလမုန်သည်သူသည် ရှေ့ယခင်ယေရုရှ လင်မင်း များနှင့်  ပညာ ရှိများ ထက်ဉာဏ်ပညာ ရှိသည် ဟု ကြွားသည်။(၃ရာ ၄:၂၉-၃၁၊၆ရာ ၁:၁၂) ပညာမြော်အမြင် ၊နှလုံး ရည်ပြည့်စုံသည်။ ဉာဏ်ပညာထက်မြတ်သသည်သာမက ထိုဉာဏ်ပညာကို လည်း လက်တွေ့အသုံးချနိုင်သည်။ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်သကဲ့သို့ သူများကိုလည်းအကျိုးပြုသည်။ ဖြောင့်မတ်မှန်ကန်စွာ ဆင်ခြင်စီရင်နိုင် သည်။

:၁၇ ရှောလမုန်ကသူ့အသိပညာအားတန်ဖိုးထားမြတ်နိုးသကဲ့သို့အသိပညာနှင့်မိုက်မဲခြင်းခွဲခြား တတ်ရန် လည်းဆင်ခြင်သည်။အခြားပညာရှိသုခမိန်များ၏ဉာဏ်ပညာနှင့်မိုက်မဲခြင်းကိုလည်း ထိုးထွင်းသိမြင် ခွဲခြားနိုင်သည်။ တနည်းအားဖြင့် အစွန်းနှစ်ဖက် နှင့်ကင်းလွတ်ခြင်းပညာကိုလည်း သိမြင်သည်။ သို့သော် ထိုအသိပညာ၊ အတတ်ပညာများသည်လည်း အနတ္တသက်သက်ဖြစ်သည်။ လေကိုကျက်စားခြင်းဖြစ်သည်။

နှစ်ပေါင်းရာကျော် ကြာလာသောအခါ ကင်းဘရစ်(ရ)တက္ကသိုလ်မှ လူငယ်ကျောင်းသား Henry Martyn မာတင်က သူ၏အောင်မြင်မှုကို “လေထဲမှာ အရိပ် လိုက်ရှာမိသည့်အတွက် မိမိ ကိုယ်ကို အလွန်အံ့သြမိသည် ဟု ထိုကျမ်းစာစကားလေသံအတိုင်း လိုက်ဆိုသည်။ ထိုသို့ပြောပုံကို J.W.Jowett က ဤသို့မှတ်ချက်ပြုသည်။ “သူ့မျက်လုံးများသည် ယခုအခါ တက္ကသိုလ်က ချီးမြှင့်သော ဘွဲ့ပညာနှင့် အသိပညာထက် မြင့်မားသည်။ သခင်ဘုရားယေရှုခရစ်တော်က ဘုရားသခင်ထံမှ ခေါ်သံကြားသည်။”

:၁၈ အကယ်၍များ အသိဉာဏ်ပညာသည် လူ့ဘဝ၏ သော့ချက်ဖြစ် လျှင် တက္ကသိုလ်ပရဝုဏ် သည် ငြိမ်သက်ချမ်းသာရာ သုခနိဗ္ဗာန်ဖြစ်ကုန်မည်။ သို့သော် တကယ်မဖြစ်ကြ။ ထိုသို့ ဘဝငြိမ်သက်ခြင်းမရသည့်အပြင် ဒယ် စောက်ထဲ၌ အချဉ်ဖောက်သည်က စော်ကဲ့သို့ မငြိမ်မသက်လှုပ်ရွကြသည်။ (ဗရုတ်ကျောင်းသားများက တူရကီမွှေးပွတဘက်ကို ခေါင်းမှာ ခြုံ၊ ကိုယ်လက်သန့်စင်ပြီး မတ်ခွက်အကြီးကြီးဖြင့် ကော်ဖီခွက်ကိုင်သူကို ဆွဲလျက် ဤအပိုဒ်သယ် ၁၈ ကို သရုပ်ဖော် နောက်ပြောင်ဘူးသည်)

ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ်တိုးပွား သော သူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။

တနည်းအားဖြင့် “ပညာပိုတတ်သူသည် ပိုင်ဆိုင်မှုအပေါ်သောကပိုများသည်။ ပိုမိုသိရှိလေ ၊ပိုမိုနားလည်လေ” ဖြစ်သည်။ထိုစကားကိုလိုက်၍အချို့က”မသိရှိခြင်းသည်မဂ်လာသုခဖြစ်သည်။ဘာမှမသိရှိသောကြောင့်နာကျင်ရ ကောင်း မှန်းမသိ”   ဟု ဆိုကြသည်။

Previous Article
Next Article