ဒေသနာကျမ်း ၁၀
(ဃ)နေရောင်ခြည်အောက်မှပညာရှိနှင့်လူမိုက်(အခန်း၁၀)
၁၀:၁ ယင်ကောင်များကြောင့်နံ့သာရေမွှေးပျက်စီးနိုင်သည်။ အဘယ် ကြောင့်ဆိုသော်ယင်ကောင်များသည်အပုပ်အနံ့များကိုသာမှီတွယ်၍သယ် ဆောင်ကြသည်။ ထိုကဲ့သို့ပင်လူ့အကျင့်စရိုက်များသည်လည်းဖြစ်တတ် သည်။ ပညာရှိသုခမိန်သည်လည်းနမော်နမဲ့အပြုအမူလေးတစ်ခုကြောင့်ဂုဏ် သိက္ခာထိခိုက်တတ်သည်။ အကြိုက်ဆယ်ခါလိုက်လည်း မလိုက်တခါရှိခဲ့ပါ မူကြီးစွာရန်သူမှတ်တတ်ကြသည်။ အောင်မြင်မှုတစ်ရာထက်ရှုံးပွဲတစ်ပွဲကို မှတ်လွယ်ကြသည်။ လူရှေ့သူရှေ့တွင်စကားအမှား(၃)ခွန်းပြောမိခြင်း ကြောင့်ဘဝတသက်လုံးအထင်မှားစရာဖြစ်သွားနိုင်သည်။
၁၀:၂ လူ့သဘောသဘာဝအယူအဆအရလက်ရာသည်မှန်ကန်ခြင်း၊ ခိုင်မာခြင်း၊ယုံကြည်ခြင်းဖြစ်သည်။ လက်ဝဲဘက်သည် ဆန့်ကျင်ပုန်ကန် ခြင်း၊ အဖျက်အမှောက်သဘောဆန်သည်။ပညာရှိသူသည်အကောင်းအမြင် ဆောက်တည်ရာအသွင်လက္ခဏာရှိ၍လူမိုက်သည်ငြီးငွေ့ဖွယ်ရာစိတ်ပျက် ဖွယ်ရာအဖျက်အမှောက်ကိုသာစဉ်းစားရှေးရှုသည်။
၁၀:၃ လူမိုက်သည်မည်သည့်အခြေအနေအချိန်အခါတွင်မဆို သူသည် မသိနားမလည်သူ၊အရည်အချင်းမရှိသူဖြစ်ကြောင်း၊ မိမိအရည်အချင်းကို ထုတ်ဖော်လေ့ရှိသည်။ လူတောသူတောတွင်လည်းအလိုက်သင့်မနေတတ်။ သူ၏မိုက်မဲမှုကိုအထုတ်ဖြေလေ့ရှိသည်။ ထိုင်နေလျှင်အကောင်း၊ထသွားသ ဖြင့်အကျိုးမှန်းသိကြသည်။ အပြုအမူအတွေးအခေါ်သည်လူဆင်မမီ။ အ ပြောအဆိုများလျှင်ဇာတိရုပ်ပေါ်သည်။ အပြုအမူများသည်နှင့်အဆင်းအ တန်းနိမ့်ကျမှုထင်ရှားသည်။ သူ၏ဉာဏ်ပညာမဲ့မှုကိုလူတကာလိုက်ပြသည်။
၁၀:၄ အကယ်၍အုပ်စိုးမင်းအာဏာရှင်ကသင်တို့စိတ်ဆိုးလျှင်စိတ်မ ကောက်နှင့်။ ရှောင်လွှဲ၍မထွက်ခွာပါနှင့်။ ထို့ထက်စာလျှင်ယဉ်ကျေးသိမ်မွေ့ စွာသီးခံပါ။ ဝန်ခံပါ။ စိတ်ရှည်သီးခံခြင်း၊အဖြေမှန်ပေးခြင်းသည် အကောင်း ဆုံးသောတုန့်ပြန်ခုခံနည်းဖြစ်သည်။
၁၀:၅-၆ ရှောလမုန်ကလူ့ဘဝမှာဖြစ်တတ်သောသဘောသဘာဝကို တင်ပြထားပြန်သည်။ ပညာမရှိသောသူ၏အကြံဉာဏ်၊ ရှင်ဘုရင်၏တရား တော်နှင့်မညီသောဆုံးဖြတ်ချက်များကိုထောက်ပြသည်။ အရည်အချင်းမရှိ ဘဲပလ္လင်ပေါ်နေရာရသူများရှိသကဲ့သို့အရည်အချင်းပြည့်မှီသူများ၏အရည် အချင်းပြသခွင့်မရကြသူများရှိသည်။ ထိုအမှုအရာသည်အချိန်အခါနှင့်အခွင့် အရေးများရေစုန်မျှောခြင်းဖြစ်သည်။
၁၀:၇ မူးမတ်များခြေလျင်လျှောက်ရသည့်အချိန်တွင် ကျွန်များကမြင်း စီးသွားရသည်ကိုလည်းထောက်ပြသည်။ နိုင်ငံရေးလောက၊စက်ရုံ၊အလုပ်ရုံ နှင့်စစ်တပ်များတွင်သာရှိသည်ဟုထင်မှတ်ခဲ့သည်။ ယခုကာလတွင်ဘာသာ ရေးနယ်ပယ်၌လည်းတွေ့နေရသည်။
၁၀:၈ အခြားသူများထောင်ချောက်ဆင်ရန်တွင်တူးသူသည်သူကိုယ် တိုင်ထိုကျင်းထဲသို့ကျတတ်သည်။ ကြက်ကလေးများသည် ကြက်တွန်သံ ကြား၍အိမ်ပြန်တတ်ကြသည်။
ခြံစည်းရုံးကိုဖျက်ဆီးသူများ ထုံးတန်းစဉ်လာဥပဒေနှင့်အညီအထဲသို့ ဝင်ရောက်ခြင်းမရှိသူများ၊ မတရားသဖြင့်ရယူသူများသည် မြေပွေးကိုက်ခံရ တတ်သည်။ သို့မဟုတ်ထို့ထက်ဆိုးဝါးသောအဖြေရရှိတတ်မည်။
၁၀:၉-၁၀ တရားနည်းကျကျလုပ်ဆောင်သူသည် ဇွဲလုံ့လပိုထုတ်ရ သည်။ ကျောက်တူးသမားသည်မိမိတူးသောကျောက်တုံးကပြန်မပိ စေရန်သတိထားရသည်။ ထင်းခုတ်သမားသည်လည်းအန္တရာယ်မရှိ အောင်ဂရုစိုက်ရသည်။
ပုဆိန်ကိုထက်အောင်သွေး၍ထင်းခုတ်ရသည်။ တနည်းအားဖြင့် အလုပ်တွင်ကျယ်လိုလျှင်ပုဆိန်သွေးထားရသည်။ လုပ်ငန်းတတ်ကျွမ်း အောင်သင်ယူလေ့ကျင့်ထားရသည်။ ပုဆိန်တုံးတုံးဖြင့်တနေကုန်ပင် ပန်းကြီးစွာလုပ်ဆောင်ခြင်းထက် ပုဆိန်ထက်ထက်ဖြင့်နေ့ဝက်အလုပ် လုပ်ခြင်းကပိုမိုအလုပ်တွင်သည်။ ဉာဏ်ပညာသည်အလွယ်လမ်းသော့ ချက်ကိုနားလည်၍ဉာဏ်ပညာမဲ့သူသည်ဇွဲလုံ့လစိုက်ရသည်။ ထိုအ ကြောင့်နှင့်စပ်လျဉ်း၍Leupoldက”ဉာဏ်ပညာသည်အောင်မြင်ခြင်း လမ်းကိုပြင်ဆင်ပေး၏၃၅ ဟုဆိုသည်။
၁၀:၁၁ မြွေကိုမခိုင်းစားမီအကိုက်ခံရလျှင်မြွေအလမ္မါယ်ဆရာအ တွက်မည်သို့ရှိမည်နည်း။သို့မဟုတ်မြင်းအခိုးခံပြီးမှမြင်းဇောင်းကို သော့ခတ်လျှင်ဘာအကျိုးရှိသနည်း။ သူခိုးပြေးမှထိုးကွင်းထလျှင် နောက်ကျပြီ။ ထို့ကြောင့်အမှုအရာများတွင်သူ့အချိန်နှင့်သူအချိန်မီ အချိန်ကိုက်လုပ်ဆောင်ရသည်။ ကြိုတင်လုပ်ဆောင်၍မရသောအမှု ကိစ္စများရှိသကဲ့သို့မိုးလွန်မှထွန်ချသောအမှုမျိုးလည်းအကျိုးမရှိ။
၁၀:၁၂-၁၃ ပညာရှိစကားတွင်မင်္ဂလာတရားပါ၏။ နှစ်လိုဖွယ် ရာဆောက်တည်ဖွယ်ရာရှိ၏။လူမိုက်စကားသည်မိမိကိုယ်ကိုပြန် လည်ကိုက်စားမြိုချတတ်၏။
လူမိုက်စကားသည်တစုံတစ်ယောက်ကိုထိခိုက်ခြင်းမပြုလျှင် လည်းပြောသူ၊ နာသူအတွက်အကျိုးသက်ရောက်မှုမရှိ။ အချိန်ကုန်လူ ပန်း၊ရူးသွပ်ခြင်းသာဖြစ်၏။
၁၀:၁၄ လူမိုက်သည်စကားဒလဟောပြောတတ်၏။ ရပ်သင့်ရပ် ထိုက်မှန်းမသိနားမလည်။ချင့်ချိန်မပြောတတ်။ စကား၊ စကား၊ စကား ထဲကဇာတိပြ။ အရာခပ်သိမ်းကိုသိရှိသကဲ့သို့တလောကလုံးခိုင်ခန့် ပြောတတ်သည်။ အ မှန်မှာ ဘာမှ မသိရှိကြောင်း၊ အထုတ်ဖြေခြင်းဖြစ် သည်။ သူ့စကားတွင် ကြွားလုံးများနှင့် အနာဂတ်တွင် မိုးပေါ်၌ အိမ်ဆောက်မည့် အကြောင်းများပြောတတ်သည်။ ထိုသူသည် ပညာ မဲ့သောလူချမ်းသာနှင့်တူသည်။ “ငါ့တိုက်များကို ဖျက်၍ ကျယ် လောင်သော တိုက်တို့ကိုတည်ပြီးမှ ငါ၏ အသီးအနှံဥစ္စာရှိ သမျှကို သိုထားမည်။ ငါ၏ ဝိညာဉ်အားလည်းအချင်းဝိညာဉ်၊ သင် သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ပျော်မွေ့ခြင်းကိုပြုလော့။ ငါပြု မည့်အကြံရှိ၏”(လု ၁၂:၁၈-၁၉)ဟူသောသူဌေးမျိုးဖြစ်သည်။ သို့သော် နောက်တနေ့တွင်မည်သို့အသက်ရှင်မည်ကိုမစဉ်းစား။ ဘာဖြစ်မည်ကို မတွေး။ သို့ကြောင့်ထိုကဲ့သို့သောလူအား”ထာဝရဘုရားသည်အလို တော်ရှိ၍ငါတို့သည်လည်းအသက်ရှင်လျှင်ဤသို့ပြုကြကုန်အံ့”(ယာ ၄:၁၅)ဟုအကြံဉာဏ်ပေးသင့်သည်။
၁၀:၁၅ ထိုသူသည်ကြိုးပမ်းအားထုတ်သော်လည်းအရေးမပါ။ အ ရာမရောက်၊ခရီးမတွင်ကျယ်၊အောင်မြင်သောနည်းလမ်းကိုမတွေ့။ မြို့ သွားလမ်းကိုရှာဖွေသော်လည်းမမြင်။ မိုးရွာလျှင်မည်သို့ ပုန်း ခို အကွယ်အကာရယူရမှန်းမသိ။ ရှေ့လျှောက်ရမည့်ခရီ:လမ်းကို ကြိုမတွေ:။ ပြေးမကြည့်။ ကြုံသလိုဖြစ်သလိုရင်ဆိုင်မည့်သူဖြစ်သည်။ အနာဂတ်ဘဝရင်လေးစရာလူဖြစ်သည်။
၁ဝ:၁၆-၁၇ မရင့်ကျက်သောသူ ၊မပြည့်စုံသောသူက ဦးစီး ခေါင်းဆောင်သော အဖွဲအစည်း ၊ တိုင်းနိုင်ငံသည် ပျော်ပွဲရွှင်ပွဲ ၊ လတ်တလောအရေးအမှုကိုသာ စီရင်တတ်သောကြောင့် အမင်္ဂလာရှိ သည်။ ပျက်စီးရကိန်းရှိသည်။ နံနက်စောစောမှစ၍ ညဉ့်နက်သန်း ခေါင်ယံတိုင်အောင်သာယာမှုကိုသာ ရှာသည်။ ထိုနိုင်ငံထိုအဖွဲ အစည်း သည် အမင်္ဂလာရှိသည်။
အတွေ့အကြုံရင့်ကျက်၍ ချင့်ချင့်ချိန်ချိန်ပြုတတ်သော တရား တော်နှင့်အညီ စိုးစံသောမင်း၏ဦ:စီးခေါင်းဆောင်မှုသည် တည်ငြိမ် သည်။ အစားအသောက်များယဇ်ပျော်ပါးခြင်းမရှိ။ လူ့အကြိုက်များကို သာဦးစားမပေး။ ဉာဏ်ပညာဖြင့် ဦးဆောင်သဖြင့် မင်္ဂလာရှိသည်။
၁ဝ:၁၈ ပျင်းရိခြင်းနှင့် စည်းကမ်းမရှိခြင်းကို ရှုတ်ချထားသည်။ လူတဦးချင်းတွင်ဖြစ်စေ၊ မိသားစု တွင်ဖြစ်စေ၊ အဖွဲ့အစည်း ၊ တိုင်း နိုင်ငံဖြစ်စေ၊ အလုပ်လုပ်ခြင်းမရှိ။ ကြိုးစားပမ်းစား မလုပ်။ ပျင်းရိပျင်း တွဲလုပ်ခြင်း၊ စည်းကမ်းစနစ်တကျမရှိခြင်းသည် ပျက်စီးခြင်း အကြောင်းဖြစ်သည်။ ခေါင်ကမိုးမလုံလျှင်လည်းတအိမ်လုံး ပျက်စီး တတ်သည်။ ပျင်းရိခြင်းသည် ခြစားခြင်းဖြစ်၍ အချိန်မီမပြုပြင်လျှင် တစ်ခုလုံးပြိုလဲပျက်စီ:မည်။
၁ဝ:၁၉ အစားအသောက်က ပျော်ရွှင်စေသည်။ အဖော်ယမကာ က စိတ်ကိုရွှင်လန်းစေသည်။ ငွေသည် အရာရာ ကို နိုင်စေသည်။
ငွေသည် လောကသာယာမှုအဓိကသော့ချက်ဟု ရှောလမုန်က ထင်မြင်ယူဆသည်။ ငွေက စားဝတ်နေရေးဖြည့်ဆည်းပေးနိုင်သည် မှာ မှန်ကန်ပါသည်။ သို့မဟုတ် အပိုဒ်ငယ် ၁၆ တွင် ပါရှိသည့် အတွေ့အကြုံမရှိသော မင်းပျိုမင်းလွင် သို့မဟုတ် အပိုဒ်ငယ် ၁၈ ပါရှိသည့် အလုပ်မလုပ်ဘဲ အပျင်းဖက်၍ သောက်စားခြင်းကို ရှောလမုန် က ရည်ညွှန်းလေရော့သလား။ ငွေသည် ထာဝရပျော်ရွှင်ခြင်းဟူသော ကောင်းကင်နိုင်ငံဝင်ခွင့်လက်မှတ်မှ လွဲ၍ အခြားအရာများဝယ်ယူ ကောင်း ဝယ်ယူနိုင်ပေမည်။ လူ့ဘဝသည် စည်းစိမ်ဥစ္စာပိုင်ဆိုင်ခြင်း၊ ကြွယ်ဝချမ်းသာခြင်း၌ ထို့ထက်ကျယ်ပြန့်သည်။
၁ဝ:၂ဝ ရှင်ဘုရင်ဖြစ်စေ၊ မိမိအကြီ:အကဲဖြစ်စေ မကောင်း ကြောင်း မပြောနှင့်။ မဝေဖန်နှင့်။အဘယ်သူမှ မကြားဘူးဟု ထင်၍ တစ်ယောက်တည်းလည်းမပြောနှင့်။ နံရံမှာနားရှိသည် ။ နံရံက ကြား သည်။ မမျှော်လင့်သော မိုးယံငှက်က ဘုရင်မင်းထံသယ်ဆောင်သွား သည်။ မကောင်းသောသတင်းစကားတွင် တောင်ပံရှိသည်။ ပျံဝဲတတ် သည်။