ဒေသနာကျမ်း ၁၁
(င) နေရောင်ခြည်အောက်မှာ မြတ်သောအမှုပွားများခြင်း (၁၁:၁- ၁၂၈)
၁၁:၁ မုန့်ဆိုသည်မှာ ဂျုံမှုန့်မှ ပြုလုပ်သော အစာကို ဆိုလိုသည်။ ထိုမုန့်ကို ဖဲ့၍ ရေပေါ်မှာ ပစ်ချကြည့်ပါ။ ဆိုလိုသည်မှာ ဂျုံမျိုးစေ့ကို စိုက်ပျိုးခြင်းကို ဆိုလိုသည် သို့မဟုတ် ပင်လယ်ရပ်ဝေးသို့ သယ်ဆောင် ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ အကျိုးအမြတ်ပြန်လည်ရရှိမည့်အ ကြောင်းကို ဖော်ညွန်းသည်။
ဤကျမ်းပိုဒ်သည် ဧဝံဂေလိတရားစစ်ဖြစ်သည်။ ဗြုန်းကနဲကြည့်လျှင် အဓိပ္ပါယ်သဘောပေါက်ချင်မှပေါက်မည်။ အသေအချာစဉ်းစားဆင်ခြင်လျှင် ပေါင်မုန့်၏ ဖြစ်စဉ်ဘဝကို တွေ့ရမည်။ ပြန်လည်ရိတ်သိမ်းရမည့်အ ကြောင်းတွေ့ရမည်။
၁၁:၂ ခုနှစ်ပေါက်သို့ ပေးခြင်း။ ရှစ်ပေါက်သို့ပေးခြင်းသည် အကြောင်း နှစ်ခုရှိသည်။ စေတနာသဒ္ဓါရက်ရောစွာပေးကမ်းခြင်းဟု ယူဆနိုင်သကဲ့သို့ စီးပွားရေ:လုပ်ငန်း မတူညီခြားနားပုံကိုလည်း ရည်ညွန်းနိုင်သည်။ အကယ်၍ ပထမအယူအတိုင်းဆိုလျှင် အတိုင်းအဆ ပမာဏမရှိသော စာနာ ခြင်းတရားဖြစ်ပေမည်။ မေတ္တာစေတနာသဒ္ဒါတရားမရှိသူသည် မကောင်း သောလာဘ်လာဘများတပြုံတမတွေ့ရှိနိုင်သည်။ လူအများစုသည်အိုစာနာစာ အရံအတားစုဆောင်းတတ်ကြသည်။ ထိုသူများအားဤကျမ်းပိုဒ်ကအကြံ ဉာဏ်ပေးထားသည်။ တနေရာတည်းတွင်စုပြုံသိမ်းဆည်းခြင်းမပြုဖို့၊ အကြံ ပြုသည်။ အိုစာနာစာအဖြစ်ကျီပုတ်ထဲတွင်မစုမသိုဖို့သွန်သင်သည်။
တနည်းအားဖြင့်ရှိသမျှဥများကို တောင်းတလုံးထဲတွင်မထားဖို့ဖြစ် သည်။ နေရာခွဲထားဖို့ဖြစ်သည်။ အကယ်၍မတော်တဆတစ်လုံးကွဲသွားလျှင် အခြားဥများကိုလုံခြုံစွာသိမ်းဆည်းနိုင်ပေမည်။ ဖြန့်ကျက်ခြင်းပညာဟုဆိုရ ပေမည်။
၁၁:၃ ဤအပိုဒ်သည်အထက်ကအပိုဒ်ငယ်၏အဆက်ဖြစ်သည် အထူး သဖြင့်မကောင်းမှုကံကြမ္မာဆိုးသည်ဘယ်နေရာ၊ဘယ်အချိန်မှာပြန်ပေါ်လာမည်ဟုမမှန်းဆနိုင်။မသိရှိနိုင်ကြ။အသေအချာတွက်ချက်၍မရ။ မသိရှိနိုင် ကြ။ အသေအချာတွက်ချက်၍မရ။နောက်ဆုံးကြုံတွေ့ရင်ဆိုင်မှသာလျှင်”အမှန်တကယ်ကြုံတွေ့ရပါပြီကော”ဟုဆိုတတ်ကြမည်။ မိုးတိမ်သက်သက် သည်အခွံဖြစ်သည်။ သို့သော်စုဖွဲ့သိမ်းဆည်းသောအခါမိုးရေဘဝဖြင့်မြေပေါ် သို့ရွာချမည်။သစ်ပင်လဲကျလျှင်လည်းလဲကျသည့်အနေအထားတိုင်းနေရာ ကျသည်။ သူ့အကြောင်းနှင့်သူဖြစ်သည်။ ပြင်ဆင်စရာမရှိ။
ဤကျမ်းပိုဒ်ကိုကဗျာဆရာကဤသို့ဆိုသည်။
သစ်ပင်လဲကျ၊နေထားကျသကဲ့သို့
လူသည်ရှင်ရာမှလဲကျဦးမည်။
လူသည်လူဖြစ်သည့်အတိုင်းသေမည်။
နှစ်ပေါင်းများစွာအစဉ်ထာဝရ။
John Ray
၁၁:၄ သတိပေးစကားဖြစ်သည်။ အချိန်အခါအခြေအနေ အရည်အချင်း ကိုက်ညီအောင်စောင့်ဆိုင်းသူသည်ဘယ်သောအခါမှအလုပ်မဖြစ်။ တိမ်နှင့် လေကိုအမြဲတွေ့မြင်ရပါသည်။လေငြိမ်သောအချိန်စောင့်နေလျှင်မျိုးစေ့ကြဲ ဖြစ်မည့်မဟုတ်။ မိုးရွာမည့် ၁အခွင့်အလမ်းဆုံးရှုံးသည်။ စောင့်နေရင်းဖြင့် အချိန်ကုန်သွားသည်။
၁၁:၅ လူသည်အရာခပ်သိမ်း သူမသိရှိသောကြောင့် လူ့ဘဝတွင်အလွဲလွဲ အချော်ချော်ပြုလုပ်လေ့ရှိသည်။ လေ၏လှုပ်ရှားမှုကိုမသိရှိနိုင်သကဲ့သို့ ကိုယ်ဝန်သည်မိန်းမ၏သားဖွားမည့်အချိန်အခါကိုမသိရှိနိုင်။ လူ့မသိရှိသော် လည်း ဖန်ဆင်းရှင်ဘုရားသခင်သည်သူပြုတော်မူသည့်အရာခပ်သိမ်းအ ကြောင်းကို သိတော်မူသည်။
၁၁:၆ အခြေအနေကောင်း၊ အချိန်အခါအမှန်ကိုမသိရှိကြသောကြောင့် အကောင်းဆုံးမူဝါဒမှာတနေကုန်လုပ်ဆောင်လော့။ မျိုးကြဲလော့၊ အဆင်သင့် ပြန်ထားလော့။ ဘယ်အချိန်လှုပ်ရှားရမည်၊ ဘယ်အချိန်ချမ်းသာရမည်မသိ ကြ။ ယခုလည်းဖြစ်နိုင်သည်။ နောင်လည်းဖြစ်နိုင်သည်။ သို့ကြောင့်လုပ်သင့်လုပ်ထိုက်သည်ကို အချိန်ရှိတုန်းအဆင်သင့်လုပ်ထားပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကအာမခံချက်ပေးထားသည်။ ထိုသို့ အဆင်သင့်လုပ်ဆောင်ခြင်းဖြင့်အခြားသူများထက်အသီးအပွင့်အောင်မြင် သည့် သက်သေသာဓကများစွာတွေ့မြင်ရသည်။ သို့ကြောင့်မောပန်းနွမ်းနယ် ခြင်းမရှိ။ ဘက်စုံ၊ဒေါင့်စုံ ခရစ်ယာန်အမှုတော်တွင်ဆက်ကပ်ပါဝင်ကြပါစို့။
နံနက်ချိန်တွင်လည်းမျိုးစေ့ကြဲ၍ ညနေစောင်းချိန်တွင်လည်းကြဲရမည်။ အမှုတော်လုပ်ငန်းတွင်ကန့်သတ်ချက်မရှိပါ။
၁၁:၇-၈ အလင်းဆိုသည်မှာငယ်ရွယ်နုပျိုသောဘဝဦးကာလကိုရည် ညွှန်းသည်။ ငယ်ရွယ်ပျိုဖြစ်သောကြောင့်ကျန်းမာရွှင်လန်းသည်။ အားအင် ပြည့်ဝကြံ့ခိုင်သည်။ ဖျတ်လတ်သွက်လက်သည်။သို့သော်အဘယ်မျှပျော်ရွှင် နိုင်မည်၊ အသက်ရှင်မည်ကိုမသိ။ ထိုငယ်ရွယ်သောနေ့ရက်သည်ခဏတာဖြစ် သည်။ ထို့နောက်တွင်ထာဝရမှောင်မိုက်ကာလမလွဲမသွေကြုံတွေ့ရဦးမည်။ နာခြင်း၊အိုခြင်း၊သေခြင်းရောက်လာမည်။ လူဘဝသည်အနိစ္စ၊အနတ္တသက် သက်ဖြစ်သည်။ ကိုယ့်ဘဝကိုမစိုးမိုးနိုင်ကြ။
၁၁:၉ အပိုဒ်ငယ်(၉)သည် လူပျိုလူရွယ်များအကြံပေးခြင်းလား သို့မ ဟုတ် ဇရာကာလအတွက်သတိပေးခြင်းလား။ ဝေခွဲရခက်သောကျမ်းချက် ဖြစ်သည်။ ငယ်ရွယ်သောကာလမှာတရားစီရင်ခြင်းခံရမည်ဆိုသည်မှာ ရှောလမုန်မင်းဇရာထောင်းသောအခါဘုရားသခင်ကငယ်ရွယ်နုပျိုစဉ်ကာလအ ပြစ်ဒုစရိုက်များပြန်လည်ဖော်ပြပေးခြင်းကိုဆိုလိုဟန်ရှိသည်။
၁၁:၁၀ ငယ်ရွယ်နုပျိုစဉ်အစွမ်းကုန် ပျော်ရွှင်ကျေနပ်စွာ အသက်ရှင် ပါ။ ဝမ်းနည်းမှုများကို ဖယ်ရှားပါ။ (ဤနေရာတွင် မကောင်းမှုဆိုသည်မှာ ဒုစရိုက်ထက် ဘေး ဒုက္ခများကို ဆိုလိုဟန်ရှိသည်။ ငယ်စဉ်တောင်ကျေး ဘဝကလေးနှင့် နုပျိုမြစ်သော အရွယ်သည် တိုတောင်းသော ကြောင့် အနတ္တဖြစ်သည်။