ဒေသနာကျမ်း ၁၂

အခန်းကြီ: ၁၂ အစပိုင်းတွင် ရှင်းပြသည်။ အိုမင်းရွယ်လွန် ဇရာ ဘဝအကြောင်းမျိုး အခြားစာပေများတွင် မတွေ့ရပါ။ ကျမ်းချက်၏ အဓိပ္ပါယ်သည် စာသားပေါ်တွင် သာမတည်ပါ။ စာသား၏ နောက် ကွယ်တွင် လေးနက်သော အဓိပ္ပါယ်ရှိသည်။ စာသားသည် ပုံဆောင် ချက်များသာ ဖြစ်သည်။  သို့သော် မကြာသော ကာလမှာ လူတိုင်း အလွဲမသွေကြုံတွေ့ရမည့်နမူနာ များဖြစ်သည်။ ပြခန်းမှာသွားကြည့်ရသကဲ့ သို့ ခံစားရမည်။ သင်္ချိုင်းကုန်းသို့ ပြေးကြည့်သကဲ့သို့ တွေ့မြင်ရသည်။

၁၂:၁ လူငယ်လူရွယ်များကို သတိပေးသည်။ သင်၏ ငယ်ရွယ်နုပျို သော ကာလမှစ၍ ဖန်ဆင်းရှင်ဘုရားသခင်ကို အောက်မေ့သတိရဖို့ ဆုံးမ ထားသည်။ စောလမုန်၏ စကားကို သတိပြုပါ။ သင်တို့ ဘုရားကယ်တင် ရှင် ၊ရွေးနုတ်သူဟု မပြောပါ။ ဖန်ဆင်းရှင် ဘုရားဟုသုံးနှုန်းသည်။ ထိုကာလသည် နေရောင်ခြည်အောက်ရှိလူသား၏ အခွင့်ကောင်းစကားဖြစ်သည်။ သို့သော် အကြံပေးချက်သည် ကောင်းမွန်သည်။ ဘဝနေမဝင်ခင် မိမိအား ဖန်ဆင်းသောအရှင်သခင်ကိုသိရှိဖို့ ဆုံးမထားသည်။ သို့မဟုတ်လျှင် ခက်ခဲစွာ ဘဝရုန်းကန်နေ၍ဖြစ်စေ၊ အပျော်လွန်ကြူး၍ဖြစ်စေ၊ ဘုရားတရားမေ့ လျှော့တတ်သည်။ ထိုကြောင့် လူငယ်လူရွယ်တိုင်း ဘုရားတရားမမေးကြဖို့  အောက်ပါကဗျာဖြင့် သတိပေးချင်သည်။

အိုအရှင်၊ ငါ၏ ပြည့်စုံရာသခင်

ငါ၏ ခွန်အားသည် ကိုယ်တော်အတွက်ဖြစ်စေချင်

ဘဝအသီးသီးအလင်းများသည်

ကိုယ်တော်အားချီးမွမ်းသီဆိုရာဖြစ်စေသား။

ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ ကြီးမားပုံ

ရင်မှာ ပြည့်လျှံလို့၊ နှုတ်ဖြင့် မမြွတ်ဆိုနိုင်

ငါခွန်အားကို တနေရာမှာ အချည်းနှီးမကုန်စေချင်

ကိုယ်တော်အမှုတော် အတွက်သာဖြစ်စေသား။

ကမ္ဘာမြေသည် အပြောကျယ်လွန်းလှသည်

အတောင်ပံညောင်းအောင် အဓိပ္ပါယ်မဲ့မပို့ချင်

ကောင်းကင် နိုင်ငံခရီးလမ်းစတွင်သာ

မမောနိုင်၊ မပန်းနိုင်ခံစားရပါစေသား။

ငါ၏ အားနည်းမှုနှင့်မပြည့်စုံမှုများ

ငါဆင်းရဲမှု များပြားလှသော်လည်း

ကိုယ်တော်ဘုရားဖယ်ရှားသောကြောင့်

ရင်မှာလောင်ကျွမ်းပြာကျကုန်ပြီ။

ကိုယ်တော်ဘုရား ငါဘဝ၏ ရွှေရောင်နေ့ရက်များ

ရွေ:ချယ်ပေးပါ၊ အပ်နှံပါရစေ။

ကိုယ်တော်၏ ဘုန်းတန်ခိုး မင်္ဂလာ

ရင်မှာ ဖြည့်ဆည်းပေးတော်မူပါဘုရား။၃၆

Thomas H.Gill.

၁၂:၂ အိုမင်းရွယ်လွန်ဘဝတွင် အလင်းမှိန်ချိန်၊ ရုပ်ခန္တာကိုယ် ကျ ဆင်းချိန် စိတ်အာရုံလျှော့ပါးချိန်ဖြစ်သည်။ နေ့ကာလသည် ငြီးငွေ့ဖွယ် ဖြစ်၍ မှောင်မိုက်ညတာလည်း ရှည်လျားသည်။ ငြီ:ငွေ့ပျင်းရိဖွယ်ရာကာလ သက်သက်ဖြစ်သည်။

ငယ်ရွယ်နုနယ်သော လူငယ်ပျိုရွယ်များအတွက် နေ့ရက်ချိန်ခါများသည် မလောက်မဝအောင် ပျော်ရွှင်စရာဖြစ်သော်လည်း ထို့နောက်ရက်များတွင်မူ ငြီ:ငွေ့ဖွယ်ရာနေ့ရက်များက လိုက်လာသည်။ နေကွယ်သည်နှင့် အမှောင်ရိပ် ကချက်ချင်းရောက်လာသည်။ နေသာသောရက်များ ကျော်လွန်ကုန်ပြီ။ တိမ် မဲညိုပုတ်သော နေ့နှင့် မိုးသဲမဲရွာသောရက်များက ပိုများသည်။

ပျိုမင်းနုနယ်သော အရွယ်မှစ၍ ဖန်ဆင်းရှင် ဘုရားသခင်ကို အောက် မေ့သတိရသင့်သည်။ အဘယ်ကြောင့်ဆိုသော်  နေ၊လကွယ်၍ ကြယ်များ လည်း တဖန် အလင်းမပေး။ မိုးရွာပြီ:လျှင် တိမ်လွှာများလည်း တဖန်လာလေ့မရှိ။

၁၂:၃ ဇရာဘဝတွင် ခန္တာကိုယ် အစိတ်အပိုင်းများ၏ ချိနဲ့အားပျက် ပုံများကိုရှင်းပြထားသည်။ တချိန်က ဘဝအားမာန်များမှာသန်မာသော လက်မောင်း၊တောင့်တင်းသောကြွက်သားများသည် ရှုံ့တွကုန်ပြီ။ ချိနဲကုန် သည်။ လျော့ရဲကုန်သည်။ တုန်ချိကုန်သည်။

သန်မာထွားကျိုင်းသူ၏ ခွန်အားသည် ပေါင်နှင့်ခြေထောက်အပေါ် တွင်အခြေပြုသည်။ သို့သော် အိုမင်းရွယ်လွန်သောအခါ ထိုသို့ ပေါင်နှင့်ခြေ ထောက်များသည်လည်း ခိုင်ခိုင်မရပ်နိုင်တော့ပါ။ ခန္တာကိုယ်လည်းနိုင်နင်း စွာ မတမ်းနိုင်။ ကွေးညွတ်ယိုင်နွဲ့သည်။

ဆန်ကြိတ်သောသူတို့သည်လည်း နည်းသွားကြသောကြောင့်ကြိတ်နိုင် ကြဆိုခြင်းမှာသွားမရှိခြင်းဖြစ်သည်။ သွားများကဲ့သို့စားသောကြောင့်ကျိုးပဲ့ ကုန်သည်။ အပေါ်သွားနှင့်အောက်သွားလည်းအံဝင်ဂွင်ကျမရှိ။ ကောင်း ကောင်းမဝါးနိုင်။ သွားဆရာဝန်များကလည်း ပြုပြင်ပေးဖို့ မတတ်စွမ်းနိုင်ကြ။

ပြတင်းပေါက်ဖြင့်ကြည့်သောသူတို့သည်အလင်းကွယ်ကြလိမ့်မည်။ မျက်စိများသည်အမြင်စွမ်းအားမကောင်း။ ပထမတွင်အဝေးကြည့်၊အနီး ကြည့်မှန်ဘီလူးသာတပ်ဆင်သည်။ နောက်တွင်သုံးဖက်မြင်လိုပါသည်။ ကြီးမားသောပါဝါလိုအပ်လာသည်။ မှန်ထူထူတပ်ရမည်။

၁၂:၄ ကြိတ်သံပျော့သောအခါ လမ်းနားမှာတံခါးရွက်များစေ့လျက်ရှိ မည်ဆိုခြင်းမှာ နားလေးခြင်းကိုဆိုလိုသည်။ အရာခပ်သိမ်းသည်အကြိမ်ကြိမ် အဖန်ဖန်ဖြစ်ပျက်နေသည်။ စက်ကြိတ်သံကဲ့သို့အလိုလိုမြည်သည်။ သို့သော် ထိုအသံများကိုမကြားတချက်၊ကြားတချက်သာကြားသည်၊သဲ့သဲ့မျှသာ ကြားရသည်။

သက်ကြားအိုများသည်အိပ်မပျော်တတ်ကြ။ စောစောစီးစီးအိပ်ယာထ ကြသည်။ ဝေလီဝေလင်းငှက်သံကြားသည်နှင့်ထကြသည်။ ကြက်တွန်သံ ကြားသည်နှင့်အိပ်ယာမှနိုးကြသည်။

သီချင်းသည်မအပေါင်းတို့သည်အသံသေးကြလိမ့်မည်။ အကြားအာရုံ လည်းမကောင်းကြ၊မိုးကြိုးပစ်သံနှင့်မိုးခြိမ်းသံကိုပင်ကောင်းကောင်းမ ကြား၊အမှတ်မှားကြသည်။ သီချင်းဆိုလျှင်ပို၍ပင်ဝေးတော့သည်။

၁၂:၅ အမြင်ကိုကြောက်ကြသည်။ လှေကားဖြင့်မတက်ရဲကြ။ အ ဆောက်အဦးမြင့်မြင့်ပေါ်မှရှုမျှော်ခင်းမကြည့်ရဲကြ။ လေယာဉ်ပျံစီးဖို့ ကြောက်ကြသည်။

လမ်းပေါ်သွားလျှင်လည်းဘေးရန်တွေ့မည်ဟုစိတ်ပူကြသည်။ မိမိ ကိုယ်ကိုယုံကြည်မှုမရှိကြ။တစ်ယောက်တည်းအပြင်မသွားရဲ။ ညမှောင်ထဲ၌ အပြင်မသွားဝံ့ကြ။

ဗာဒံပွင့်မည်ဆိုခြင်းမှာဆံပင်ခေါင်းမွှေးဖြူခြင်းကိုဆိုလိုသည်။ အစပိုင်းတွင် တပင်လုံးဝေဆာသော်လည်းအချိန်တန်လျှင်ကြွေကျမြေခကြသည်။

ကျိုင်းကောင်ကိုအဓိပ္ပါယ်နှစ်မျိုးကောက်ယူနိုင်သည်။ ပထမအဓိပ္ပါယ်မှာဝန်ထုပ်ဝန်ပိုးဖြစ်သည်။အသက်ကြီးသူများအတွက်ဝန်ထုပ်ဝန်ပိုးသည် သယ်ပိုးရန်မလွယ်။ အထုတ်ငယ်များပင်လျှင်လေးလံသည်။ သို့မဟုတ်ထို သက်ကျားအိုကိုယ်တိုင်ဟုလည်းယူဆနိုင်သည်(NASB)။ သက်ကြီးရွယ်အို များလည်းကုန်းရုန်းလှုပ်ရှား၍မလုပ်နိုင်။ မြန်မြန်မသွားနိုင်။ အဝေးမမြင်နိုင်။ စိတ်ထင်တိုင်းကိုယ်မရောက်နိုင်ကြ။

အလိုဆန္ဒလျော့နည်းဆိုခြင်းမှာလူတောသူတောတွင် မပျော်ပိုက်၊နေလို ချင်စိတ်မရှိ။အစားအသောက်လည်းတပ်မက်ခြင်းမရှိ။ အခြားကလေးက လားအလုပ်များစိတ်မဝင်စား။အာသဝေါစိတ်ကုန်ခမ်းကြသည်။

ထိုသို့ဖြစ်ရခြင်းမှာထိုအမှုအရာသည် ထာဝရကာလနှင့်မသက်ဆိုင်။ သင်္ခါရလောကနှင့်သက်ဆိုင်သည်။ သက်ကျားအိုများသည်လူတို့၏နေရပ် မှန် မရဏာရွာသို့ခြေလှမ်းနေသူများဖြစ်သည်။ မကြာသောကာလမှာလမ်းမ ပေါ်၌သူ့ကိုအကြောင်းပြု၍ငိုကြရတော့မည်။

၁၂:၆ သို့ကြောင့်ပညာရှိသောသူများဖြစ်စေဖို့အကြံပေးဆော်ဩထားသည်။ ငွေကြိုးပြုတ်ခြင်း၊ ရွေဖလားကွဲခြင်း၊ စက်ရေတွင်း၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်းကာလရောက်လိမ့် မည်။ ဤအချက်အလက်များကိုအတိအကျအနက်ဖွင့်ဆိုဖို့ခက်ခဲပါသည်။သို့ သော်အောက်တွင်ဖွင့်ဆိုပြထားသည်။

ငွေကြိုးပြတ်ခြင်းဆိုသည်မှာ အသက်ကုန်ဆုံး၍ခန္ဓာကိုယ်နှင့်ဝိညာဉ် ဆက်သွယ်မှုနှောင်ကြိုးပြတ်ထွက်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်မှအသက်ဝိ ညာဉ်ထွက်ခွာသွားခြင်းဖြစ်သည်။ မျက်မမြင်ဆရာတပါးကဤသို့ရေးထား သည်။

တနေ့သောအခါငွေကြိုးပြုတ်ရဦးမည်

ယခုကဲ့သို့သီချင်းဆိုနိုင်အံ့မည်မဟုတ်

သို့သော်ဘုရားရှင်နန်းတော်၌

ပျော်ရွှင်စွာသီဆိုဖို့သွားခြင်းဖြစ်သည်

Fanny J.Crosby

ရွှေဖလားကွဲခြင်ဆိုသည်မှာ ဝန်ချီစက်ကြိုးချည်ရာအပေါက်အတိုင်းဟု သဘောပေါက်သည်။စာပေကဗျာဆန်ဆန်တင်စားခြင်းဖြစ်သည်။ လူသေ လွန်သောအခါအသိတရားကွင်းဆက်ပြတ်ခြင်း၊အသိဉာဏ်ပညာသေခြင်းမှ မ မထုတ်နိုင်ခြင်းကိုဆိုလိုဟန်ရှိသည်။

ရေပုံးပေါက်ခြင်းနှင့်စက်ကျိုးခြင်းသည် အဓိပ္ပါယ်အတူတူဖြစ်သည်။ ရေတွင်းမှရေငင်ခပ်ထုတ်ရာတွင်ရေပုံးကျိုးပြတ်သကဲ့သို့ လူ့ခန္ဓာကိုယ်၌ သွေးလည်ပတ်မှုရပ်တန့်သွားခြင်းကိုပုံနှိုင်းခြင်းဖြစ်သည်။

၁၂:၇ တမလွန်ဘဝအဖြစ်အပျက်သည်သေလွန်သောသူ၏    ရုပ်ခန္ဓာ ကိုယ်သည်မြေမှုန့်ဖြစ် သွား၍ဝိညာဉ်သည် မူလပိုင်ရှင် ဘုရားသခင်ထံသို့ပြန် သွားရသည်။ ဤနေရာတွင်မူရှောလမုန်၏ အသွေးအခေါ်သည်ယုံကြည်သူ၏အယူအဆနှင့်တထပ်တည်း       ကျသည်။ သို့သော်မယုံကြည်သူ၏ဝိညာဉ် သည်ဘုရားရှင်ထံသို့တိုက် ရိုက်မသွားပါ။ မရဏာနိုင်ငံသို့သွား၍ပလ္လင်ဖြူတရားစီရင်ခြင်းကာလကိုစောင့်ဆိုင်း နေရသည်။ ပလ္လင်ဖြူတရားစီရင်ခြင်းကာလသို့ရောက်သောအခါရုပ် ခန္ဓာနှင့်ပြန်လည်ပူးပေါင်းကာ ထာဝရငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ သည်။(ဗျာ ၂ဝ:၁၂-၁၄)။

၁၂:၈ တဖန်ဒေသနာဆရာက လူ့ဘုံလောကတွင် တွေ့ကြုံဖြစ် ပျက်မြင်ရသမျှသည် အချည်းနှီးဖြစ်သည်။ အဓိပ္ပါယ်မရှိ ၊ အခွံချည်း သာဖြစ်သည်။ သေပြီးလျှင် ဘာမှမကျန်ဟု တရားသံဝေဂစကားဆို သည်။  ထိုစကားက အမျိုးသမီးငယ်တဦး၏ ဆန္ဒမျှော်လင့်ချက် သီ ဖွဲထားသော ကဗျာကို သတိရစေသည်။

အစဉ်ထာဝရတေးဂီတမှာ ပျော်မွေ့ချင်သည်။

အသက်ရှင်သမျှ ပျော်ရွှင်ချင်သည်။

လူရွှင်တော်များ နှယ် ရွှင်မြူးချင်သည်

အသက်ရှင်သရွေ့ကာလပတ်လုံး။

မိုးသားပြာရောင်ဖဲကြိုးပြင်ဆံစချည်လို

မိုးမမြင်လေမမြင်လျှောက်လည်ချင်သည်

မောသည်ပန်းသည်မရှိမော်လို့ကြွားလို့

အသက်ရှင်နေတရွှေ့ကာလပတ်လုံ:။

ကပွဲသဘင်ရှုချင်စဖွယ်ပွဲတော်မှာ

ရယ်လျက်၊ပြုံးလျက်၊ ကခုန်လျက်

ပေါင်းသင်းဆွေသဟာများနှင့် မြုးပျော်ချင်

ငါ့ကိုဂုဏ်ယူအားကျစေချင်လှပါဘိ။

ငါ့ရဲ့ဆံခြည်ဖဲကြိုးပြာကြည်လဲ့လဲ့သည်

ယခုတော့လည်း အရောင်မှေးမှိန်ရော့လေသလား။

ပျော်ရွှင်မြူးဆော့သံများကလည်း

ကလူကျီစယ်ပြု လေပြီ။

ငါဘယ်လိုနေရပါ့မည်လဲ။

အောင်မြင်ဆွတ်ခူးစရာလည်းမရှိ၊

ငါ့ကိုလည်း မလိုချင်ကြတော့ပါ။

ငါဘယ်လိုနေရပါမည်လဲ။

Billy Bames

နေရောင်ခြည်အောက်များ ဘာတစ်ခုမှတည်မြဲခြင်းမရှိ။ သင်္ခါရသာ ဖြစ်သည်။ လူ့ဘဝသည်လည်း အနှစ်သာရမရှိ။ ဘဝအဓိပ္ပါယ်မရှိဟူသော ရှောလမုန်၏ စကားနောက်တွင် E. Stanley John ၏ပုံပြင်ဇာတ်လမ်းကို ပြေးသတိရသည်။ စာရှုသူများကို ဝေငှချင်သည်။ တခါက သဘ်ောပေါ်မှာ ဖက်တီးစုံတွဲရှိခဲ့သည်။ မျက်နှာများလည်းထုံထိုင်းဝပြဲနေကြသည်။ အစားပြီးလျှင် အစားစားနေကြသည်။ တော်လောက်ပြီဟုမရှိကြ။

စားပွဲထိုးက သီးသန့်တကူးတကလုပ်မပေးသောကြောင့် စိတ်ဆိုးရန် တွေ့ကြသည်။ မစားရသဖြင့် ငတ်မှာကြောက်ပုံရကြသည်။ ခန္တာကိုယ်များ သည်လည်းဘာနှင့်တူမှန်းမနှိုင်းတတ်တော့ ပါ။ စာဖတ်ခြင်း၊လှုပ်ရှားခြင်း တခါမှ မလုပ်ကြ။  အစာစားဖို့သာ စဉ်းစား နေကြသည်။ ထိုလူငယ် နှစ် ယောက်သည် ပစ်စလက်ခတ် ထိုင် နေ ကြ သည်ကို တွေ့ရသည်။  ပန်းအိုး တလုံးကောက်ယူပြီးနောက် သူ့ မိန်းမ ကို “အထဲမှာဘာမှမရှိပါလား”ပြော လိုက်သည်။ ကျွန်တော် လည်း  သူတို့အနားတွင်ရှိနေသောကြောင့်သူတို့ အဖြစ်ပျက် ကို ကြည့်ပြီးရယ်လိုက်သည်။ မှန်ပါသည်။ သူပြောသည့်အတိုင်း အခွံ ချည်းသာဖြစ်သည်။ အထဲမှာ ဘာမှမရှိကြ။ထိုပန်းအိုးထဲတွင်သာ ဘာမှမရှိခြင်းမဟုတ်။ ထိုလင်မယားဦးနှောက်ခန္တာကိုယ်ထဲတွင်လည်း ဝိညာဉ်မရှိ၊ အသိစိတ်ဓါတ်ဉာဏ်ပညာမရှိ။ အခွံသာရှိသည်။ ပိုက်ဆံအိတ်ထဲတွင် ငွေအပြည့်ဖောင်းကားသည်။ သို့သော် လူထဲတွင် မူ ဘာမျှမရှိ။ ထိုသို့ မရှိခြင်းသည် ကိုယ်အပြစ်နှင့်ကိုယ်ကံဖြစ်သည်။ ဘဝလုံခြုံရေးစိတ်ချမှုမရှိကြ။  ရှာဖွေခြင်းမပြုကြ။ ရှိသမျှ အခွင့် အရေးအလကားဖြုန်းတီးကြသည်။ အမြင်ကျဉ်းမြောင်းကြလှပါဘိ။၃၉

၄။ နှုတ်ခွန်းဆက်စကား။နေရောင်ခြည်အောက်မှ အမြတ်ဆုံးသောအရာ (၁၂:၉-၁၄)

၁၂:၉ ဒေသနာဆရာသည် ပညာရှိဖြစ်သည့်တိုင်း မိမိသိရှိ တွေ့မြင်သည့်ပညာများကို မထိန်ချန်။ သူတပါးကိုဝေငှသည်။ ပညာ သည်တတ်ထားသိရှိရုံမျှဖြင့် မလုံလောက်။ အခြားသူများကို ဝေငှ အကျိုုး ပြုနိုင်မှသာလျှင် တတ်မြောက်သိရှိခြင်း၏ အင်္ဂါရပ်ပြည့်စုံ သည်။ ပုံစံအမျိုးမျိုးဖြင့် ဝေငှနိုင်သည်။ ဒေသနာဆရာ ရှောလမုန် သည် သူ၏ အသိဉာဏ်ပညာကို ုတ္တံကျမ်းပုံစံဖြင့် တပါးသူများကို ဝေငှဖြန့်လှူသည်။

၁၂:၁၀ စကားလုံးများကိုလည်း စနစ်တကျသေချာရွေးချယ်သည်။ နှစ်သိမ့်ခြင်း၊ပျော်ရွှင်ခြင်း၊ဆောက်တည်ခြင်းရရှိအောင်သမ္မာတရား နှင့်ယှဉ်ပြောသည်။ စနစ်တကျပြင်ဆင်ထားသောဝိညာဉ်အစာအာဟာရဖြစ်သည်။ ပစ်ပယ်စရာမရှိ၊အသားသက်သက်ဖြစ်သည်။

၁၂:၁၁ ပညာရှိစကားသည်ထက်မြက်သည်၊ ညွှန် တံဖြစ်သည်။  ထိန်းကျောင်းခြင်းစည်းရိုးလည်းဖြစ်သည်။ မပျက်စီးနိုင်သောခွန်အား လည်းဖြစ်သည်။ သိုးများနေထိုင်ဖို့သိုးထိန်းကြီးဆောက်လုပ်သောတဲနှင့်တူသည်။ ဆာလောင်ငတ်မွတ်သည့်အခါမှီဝဲစားသောက်ဖို့အ စားအစာများလည်းအဆင်သင့်ချထားပေးသည်။

ကျမ်းစာမူအများစုက သိုးထိန်းဟူသောဝေါဟာရအလေးပေး  ဖော်ညွှန်းကြသည်။ ဘုရားသခင်ကို ရည်ညွှန်းသည်ဟုဆိုကြသည်။ အ​ရှေ့တိုင်းသားများအယူအဆတွင်ဘုရင်ကိုလည်းသိုးထိန်းဟုခံယူကြ သည်။ Homerက”ဘုရင်တိုင်းသည်လူထုကို ထိန်းကျောင်းသောသိုး ထိန်းများဖြစ်သည်”ဟုဆိုထားပါသည်။ ထိုစကားအရဆိုလျှင်ရှောလ မုန်ပြောသောသိုးထိန်းသည်သူကိုယ်တိုင်ဖြစ်သည်။ ထိုအယူအဆ သည် ဤကျမ်းစာ၏အာဘော်နှင့်ပိုမိုသင့်မြတ်ဆီလျှော်သည်။

၁၂:၁၂ ရှောလမုန်အတွေးအမြင်ဒဿနသည်ကုန်ခမ်းခြင်းမရှိ သေးပါ။ ပြောစရာများစွာရှိသေးသည်။ ရေးစရာများစွာကျန်သေးသည်။ သို့သော်သူ့စာကို နိဂုံးချုပ်သည်။ စာအုပ်ရေးသားထုတ်ဝေလျှင်လည်း ထုတ်မကုန်နိုင်အောင်ရှိဦးမည်။ ဖတ်မကုန်အောင်ရေးနိုင်သည်။ ထိုသို့ ဖြစ်လျှင်အဘယ်ကြောင့်ရပ်နားသနည်း။ လူ့ဘဝမှာကြုံတွေ့ရသမျှ သည်အနတ္တမဟုတ်ပါလား။ ရေးပြီးဖတ်ပြီးမှတ်ပြီးလျှင်လည်းလေထဲ မှာကုန်သွားမည်။

၁၂:၁၃ နေရောင်ခြည်အောက်မှာတွေ့ရှိသောသမ္မာတရားဖြစ် သည်။ ဘုရားသခင်ကိုကြောက်ရွံ့၍ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွှေကားလူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ခြာ သတည်း”ဟုမိန့်မှာထားသည်။ သို့ရာတွင် ဤနေရာတွင်ဆိုထားသော ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ယုံကြည်ခြင်းသစ္စာနှင့်မတူပါ။ ဖန်ဆင်းခံသတ္တဝါများကဖန်ဆင်းရှင်သခင်ကိုကြောက်ရွံ့ခြင်းမျက်နှာ မော်မကြည့်ဝံ့ခြင်းပုံစံဖြစ်သည်။ လူသည် ဓမ္မဟောင်းကျမ်းတွင်ရေး သားထားသမျှသောပညတ်တော်များကိုလည်း စောင့်ထိန်းနိုင်စွမ်းမရှိ ကြပါ။ ထို့ထက်စာလျှင် လူ့နှလုံးသားတွင်ရေးမှတ်ပေးထားသော ပညတ်တော်တရားကိုအစဉ်စောင့်ထိန်းဖို့လိုအပ်သည်။

တနည်းအားဖြင့်ရှောလမုန်၏စကားများ၏”ဤသည်”မလွဲ စောင့်ထိန်းဖို့မဟုတ်။ ဤဒေသနာကျမ်းများမှစကားတချို့သည် လူပညာရှိ၊နေရောင်ခြည်အောက်မှာတွေ့မြင်ရသောအဖြစ်အပျက်၊ သဘာဝဖြစ်စဉ်များဖြစ်သည်။ လူ့ဘဝ၊လူ့အတွေးအခေါ်သည်နေ ရောင်ခြည်အောက်တွင်မတည်ရ။ ထိုမျှနှင့်မတင်းတိမ်ရ။

လူနှင့်ဆိုင်သောအမှုအရာအားလုံးဆိုသည်မှာ လူ့ဘဝ၏အခြေခံ ပဓါနတရားဟုဆိုလိုခြင်းမဟုတ်။ လူ့ဘဝတွင်တင်းတိမ်ကျေနပ်စွာ အသက်ရှင်ဖို့အခြေခံအချက်အလက်များဖြစ်သည်။

၁၂:၁၄ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊နာခံခြင်းအကြောင်းအရင်းမှာဘုရားသခင်၏အပြစ်စီရင်ခြင်းကိုကြောက်လန့်သောကြောင့် ဖြစ်သည်။ ယုံကြည်သူများသည်ထိုအကြောင်းတရားမှရွေးနှုတ်သော ကယ်တင်ရှင်သခင်ကိုအစဉ်ကျေးဇူးတော်ချီးမွမ်းအပ်ပါသည်။

“ချစ်ခြင်းမေတ္တာနှင့်ကြောက်လန့်ခြင်းသံဝေဂသည်မပေါင်းနိုင်ရာ၊ သံဝေဂသည်ပူပန်ခြင်းဒေသနာဖြစ်စေ၍ စုံလင်သောမေတ္တာသည် သံဝေဂကိုပယ်ရှားတတ်၏။ သံဝေဂရရှိသောသူသည်မေတ္တာနှင့်မပြည့်စုံသေး”(၁ယော၄:၁၈)။

သံဝေဂတရားကြောင့်ဘုရားသခင်ကိုကြောက် လန့်နာခံရသည်မဟုတ်။ ချစ်ခြင်းမေတ္တာရှိသောကြောင့်ချစ်ကြောက်ရို သေခြင်းဖြစ်သည်။ ကရာနီကုန်းပေါ်မှာပြုတော်မူသောပြည့်စုံသည့်အမှုတော်ကြောင့်နောက်တဖန်တရားစီရင်ခြင်းမခံကြောင်းယုံကြည်ကြ သည်။ သေခြင်းတရားကိုကျော်လွန်လွတ်မြောက်၍အသက်ရှင်သော ဘဝအသက်တာသို့ရောက်ရှိကြသည်။ အောင်ပွဲခံနိုင်ကြပြီ။

ပစ်ပယ်ရှုတ်ချခြင်းမရှိ

မရဏာပြည်ရွာမရောက်

အကျဉ်းထောင်နှင့်ငရဲမီးနတ္တိ

နောက်တဖန်တွေ့မြင်စရာမရှိ။

အပြစ်ဒဏ်မထိုက်

ဆင်းရဲဒုက္ခသင့်စရာကင်းဝေးပြီ။

အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်ငါ့ကိုချစ်၍

အတောင်တော်ဖြင့်ကွယ်ကာချီမခဲ့ပြီလေ။

Paul  Gerhardt.

မှတ်စု

၁။ (နိဒါန်း) L.S.Chafer,Systematic  Theology,I:83.

၂။ (နိဒါန်း)​ Seo.Gleason  Archer , A survey of Old Testament Introduction ,pp.478.88.

၃။ (နိဒါန်း) Megillah Ta, Sabbath 30.

၄။ (နိဒါန်း) W. Grwaham Scroggie, Know Your Bible, 1:143.

၅။ (နိဒါန်း) Solomon is widely held to be a “type” (or picture) of Christ reigning in peace during the Millenial Kingdom.

၆။ (နိဒါန်း) Quoted by Scroggie, Know Your Bible, 1:144.

၇။ (၁း၃) H. L. Menckon, quoted by Bill Bright Revolution Now, 1969, p.15.

၈။ (၁း၄) Will Houghton “By Life or by Death.”

၉။ (၁း၉) Author unknown “Thou Alone, Lord Jesus” in Hymn of Grace and Truth, no 220.

၁၀။ (၁း၁၃) Malcolm Muggeridge, Jesus Rediscovered, p. 11.

၁၁။ (၁း၁၃) Elohim ဟူသောနာမကို အခြားအယူမှား ဘာသာစကားများကလည်း သုံးကြသည်။ အခြားမှားယွင်းသော “ဘုရားငယ်” များကို ခေါ်ရာတွင်လည်း သုံးကြသည်။ က ၃း၅တွင်လည်း “သင်သည် ဘုရားသခင်နှင့် တူသွားမည်” (KJV, NKJV) ဟု သုံးသကဲ့သို့ NEB knox ကျမ်းမူတွင် “သင်သည်လည်း ဘုရားငယ်တဆူဖြစ်သွားမည်” ဟု သုံးထားသည်။

၁၂။ (၁း၁၅) Robert Laurin, Ecclesiastes, in The Wycliffe Bible Commentary, p. 587.

၁၃။ (၂း၁) B.E. “None but Christ can Satisfy!” in Hymn of Truth and Praise, no. 306.

၁၄။ (၂း၂) From Selection Poems of Edwin Arlington Robinson. London: The Macmillan Company, 1965. pp. 9, 10.

၁၅။ (၂း၈) Samuel Johnson, The History of Rasselas, The Prince of Abyssinia, ed., J. P. Hardy.

၁၆။ (၂း၈) Quoted by David R. Reuben, “Why wieves Cheat on Their Husbands” in Reader’s Digest, Aug, 1973, p. 123.

၁၇။ (၂း၁၁) Ralph Barton, quoted by Denis Alexander, Beyond Science, p. 123. Used by permission of Lion Publishing.

၁၈။ (၂း၁၁) E. Stanley Jones, Growing Spiritually, p. 4.

၁၉။ (၂း၁၆-၁၇) Choice Gleanings Calender, Grand Rapids. Gospel Folio Press.

၂၀။ (၂း၁၈) C. E. Stuart, Thoughts on Ecclesiates, in Assembly Writers Library, vol. 5, p.186.

၂၁။ (၂း၂၁) Robert Jamieson, A. R. Fauset, and David Brown. Critical and Experimantal Commentary on the Old and New Testaments, III. 518.

၂၂။ (၂း၂၅) Jules Abels, The Rockefeller Billions, p, 299.

၂၃။ (၂း၂၅) Table talks, Vol 11. No.4. August 1987, p.3.

၂၄။ (၃း၂၁) ဟေဗြဲဘာသာစကားတွင် Spirit ကို ထွက်သက်ဝင်သက် (Breath) အဓိပ္ပါယ်ရသည်။

၂၅။ (၄း၁) James Russell Lowell. “The Present Crists” in Complete Poetical Works, p.67.

၂၆။ (၄း၄) Cited by Henry G. Bosch, Our Daily Bread, 24 May 1973.

၂၇။ (၄း၄) Quoted by Bill Bright, Revolution Now, P,37.

၂၈။ (၅း၁၅) Choice Gleanings Calendar/

၂၉။ (၆း၉) H. C. Leupold, Exposition of Ecclesiastes, p. 141.

၃၀။ (၇း၂၀) Ibid, p, 167.

၃၁။ (၇း၂၇-၂၈) G. Campbell Morgan, Search lights from the Word. P. 217.

၃၂။ (၉း၄) အ‌ရှေ့တောင်ပိုင်း‌ဒေသတွင် ခွေးကို စားကြွင်းစားကျန် အပုတ်အစပ်များသာ ကျွေးသည်။ လမ်းပေါ်တွင် လေလွင့်ကြသည်။ အ‌နောက်တိုင်းကဲ့သို့ အိမ်ပေါ်တင် မွေးမြူခြင်းမရှိ။ ခွေးလေ ခွေးလွင့်များအဖြစ် လမ်းဘေးတွင် လျှောက်ပတ်သွားလာအူကြသည်။

၃၃။ (၉း၉) Denis Alexander, Beyond Science, pp. 132. 133, Used by permission of Lion Publishing.

၃၅။ (၁၀း၉-၁၀) Leupold, Ecclesiastes, p. 242.

၃၆။ (၁၂း၁) Thomas H. Gill “Lord in the Fullness of My Might” in Hymns, no. 26.

၃၇။ (၁၂း၆) Fanny J. Grosby, “Saved by Grace” in Hymn of Truth and Praise. No. 621.

၃၈။ (၁၂း၈) Billy Barnes, “I stay Too Long at the Fair”, Used by permission.

၃၉။ (၁၂း၈) E. Stanley Jones, “Is the Kingdom of God Realism?”, Pagination unknown.

Next Article