ဒေသနာကျမ်း ၂

(ခ) ပျော်ရွှင်ခြင်း၊ ဂုဏ်သိက္ခာနှင့်ကြွယ်ဝခြင်းသည် အချည်းအနှီး  (အခန်း၂)

၂: စိတ်သာယာခြင်းဘက်သို့ စောင့်ကြည့်၍ ဘဝအဓိပ္ပါယ်ထပ်ရှာပါသည်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေလျှင် လုံလောက်သည်မဟုတ်လား ဟု တွေးမိသည်။ ပျော်ပျော်နေ သေခဲမဟုတ်လား။ စိတ်သာယာခြင်း ဆိုသည်မှာ ကိုယ်ကာယ လိုချင်တပ်မက်သောအရာများ လိုချင်တောင့်တသည် အချိန်တွင် ပြည့်စုံခြင်းကို ဆိုလိုသည်။ သို့ကြောင့် ပျော်ရွှင်မှုကိုရှာမည်။  ထိုပျော်ရွှင်မှုများထဲ ၊နောက်ထပ် လိုအပ်သည်များ ထင်ရှားမည်။ ထပ်မံဖြည့်ဆည်းမည်။ တချိန်လုံး ရယ်မောပျော်ရွှင်နေမည်။ ထိုသို့နေလျှင် နောက်ထပ်လိုအပ် မည့်အရာရှိမည် မဟုတ်။

သို့သော်လည်း အထင်နှင့်အမြင် မတူပါ။ ထိုတဒင်္ဂ ပျော်ရွှင် သာယာမှုများသည်လည်း အဆုံးမှာ ငြီးငွေ့ဖွယ်ရာသာ ဖြစ်သည်။ နေရောင်ခြည်အောက်မှာ အချည်းအနှီးဖြစ်သည်။ ထိုငြီးငွေ့ဖွယ်ရာ အကြောင်းကို ဤသို့ပဲ့တင်သံ ထပ်ခဲ့သည်။

ထက်မိုးယံ ရေစည်ထံ ရေတောင်းခိုက် ဒလဟောရေတွေ စီးကျလာ။

ငတ်ငတ်နှင့် တဝသောက်မည်ကြံ ငါ့ကို လှောင်ပြောင်ကြ၊ အကုန်ဖိတ်စင်သွား။

B.E

ဘုရားသခင်က သူ့လူများ၏ ပျော်ရွှင်မှုကို မလိုချင်ဘူး ဟု ဤစာသားက ဆိုလိုခြင်းလား။ မဟုတ်ပါ။  ဘုရားသခင်သည် သူ့လူများအား အောင်မြင်သော လူ့ဘဝအသက်သာ ရှိစေချင်သည်။ ဤလောက သဘာဝက အောင်မြင်သော လူ့ဘဝသာယာမှု မပေးစွမ်းနိုင်ကြောင်း သိစေချင်သည်။ မှန်ကန်သော သာယာမှု ပေးစွမ်းနိုင်ကြောင်း   သိစေချင်သည်။ မှန်ကန်သော  သာယာမှုသည်     နေရောင်ခြည်အထက်တွင် သာရှိသည်။ “ထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ယာတော်နားမှာ အစဉ်အမြဲ ပျော်ရွှင်ခြင်း အခွင့်ရှိပါ၏”(ဆာ ၁၆း၁၁)။ ထိုကျမ်းစကားအရ ဘုရားသခင် သာလျှင် သုခချမ်းသာ အကြီးမြတ်ဆုံး၊ နှစ်လိုဖွယ် နှင့် ပြည့်စုံဆုံး ဖြစ်သည်။

ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ကြော်ငြာ အစီအစဉ်များသည် သူ့ပတ်ဝန်းကျင်ကိုသာ ဖျော်ဖြေမှု ပေးနိုင်ပါသည်။ အရာအားလုံးအား သာယာမှု မပေးနိုင်ပါ။ ဘုရားသခင် မပါသော အမှုအရာများသည် လိမ်ညာခြင်း အတုအယောင်များသာ   ဖြစ်သည်။  လူ့လောကရှိ ပျော်ရွှင်မှု သာယာမှုများသည်     ပြည့်စုံခြင်း မရှိ။  ပျော်ရွှင်ချမ်းမြေ့ခြင်းသည် ဘုရားသခင်ထံတွင်သာ  ပြည့်စုံသည်။ လောက သာယာမှုများသည် ဘုရားသခင်ထံမှ လွှင့်စင်လာသော သာယာမှု၏ အစိပ်အမှုံများသာ ဖြစ်သည်။

၂:၂  ရယ်မောခြင်းသည်လည်း အရူ:အပြုအမူဖြစ်သည်။ အမှန်စင်စစ် ကောင်းသောအရာဟု လူ့အထင်များသည်လည်း အချည်းအနှီးဖြစ်သည်။ ရယ်မောခြင်း နောက်ကွယ်တွင် ဝမ်းနည်းခြင်းရှိသည်။ အခြားသူများကို ဖျော်ဖြေသူသည်လည်း ပုဂ္ဂိုလ်ရေးအရ မကြာခဏ အကူအညီလိုအပ်သူ ဖြစ်သည်။

တခါတွင် ဘီလီဂရေဟမ်က “ပျော်ရွှင်ခြင်း၏ လျှိုဝှက်ချက်” ဆုံးရှုံးသူ လူနာတစ်ယောက်နှင့် စိတ်ပညာရှင် တွေ့ဆုံပုံကို ဝေငှသည်။ ထိုသူသည် စိတ်ဓါတ်အလွန်အမင်း ကျဆင်းသည်။ စိတ်ဓါတ်ပုံမှန် ပြန်ဖြစ်အောင် ကူညီမစမည့်သူ မရှိ။ နံနက် အိပ်ယာထလာလျှင်လည်း စိတ်ပျက်စရာများသာ တွေ့သည် ။ နေ့ရက်သာ ကာလသည်လည်း ဆိုးသထက်ဆိုး၊ မပီဝိုးတဝါးဖြစ်သည်။ ဘဝရပ် တည်နိုင်စွမ်းမရှိ။ တနေ့သော အခါ စိတ်ပညာရှင်က ပြဇာတ်ရုံသို့ ခေါ် သွားသည်။ ပြဇာတ်ထဲတွင် လူရုပ်က အီတာလျှံဝတ်စုံဝတ်ဆင်လျက် ပရိသတ်များကို ကိုးရိုးကားယား လုပ်ပြသည်။ ပွဲကြည့်ပရိသတ်များသည် တညဉ့်လုံး သောသောညံ ရယ်မောကြသည်။ စိတ်ပညာဆရာဝန်က ထိုလူနာအား ရယ်မောနည်းကုထုံးဖြင့် ကုစားသည်။ ပြဇာတ်ကြည့်၍ ဟားတိုက် ရယ်မောလျှင် သူ့စိတ်ကျရောဂါ ပျောက်ကင်းမည်ဟု ယူဆသည်။ အီတလီပြဇာတ် သွားကြည့်ဖို့ ခေါ်သည်။  စိတ်ဝေဒနာရှင်က “ကျနော်က ထိုကိုးယိုးကားယား အီတာလျှံဝတ်စုံ ဖြစ်နေပါသည်။ ” ဟု ဆိုသည်။ ရယ်မောခြင်းသည်လည်း ရူးသွပ် ခြင်းဖြစ်သည်။ မည်သည့် အရာပေးစွမ်းနိုင်သနည်း။

        ဘေးပတ်ဝန်းကျင်လူများကို ကြည့်သောအခါ  အပူအပန်မရှိ ၊ ပြဿနာ မရှိ၊ ဘဝအဆင်ပြေနေကြသည် ဟု ထင်ရသည်။ သို့သော် ထိုသို့မဟုတ်ပါ။ မဟုတ်ကြောင်းကို Richard Cory ၏ ကဗျာတွင် ဤသို့တွေ့နိုင်သည်။

မြို့လယ်လမ်းမ ငါရောက်ရှိစဉ်

လမ်းဘေးစင်္ကြလူများက ကြည့်ကြသည်။

ခြေဖဝါးမှ ခေါင်းထိအောင်

ကြော့မော့သန့်ရှင်းခန့်ညားပါ၏

ယဉ်ကျေးသိမ်မွေ့စွာပြောဆို၏

“မင်္ဂလာပါ” ဟု ချိုသာစွာ နှုတ်ဆက်တတ်၏

အို၊ ကျက်သရေ ပြည့်စုံပါတကား၊ ဘုရင်မင်းအတိုင်းပါပဲလား။

ကျေးဇူးတော်အခါခါ ရေတွက်နိုင်သူ

အရာခပ်​သိမ်းမှာ အဆင်ပြေချောမွေ့နေသူ

သူ့နေရာရောက်၊ လူချင်းလဲချင်စမ်းပါဘိ။

ထိုသို့ဖြင့် လုပ်လိုက် ၊ကိုင်လိုက်  တနေကုန်လိုက်

ဆီမပါဆားမပါ၊ တနပ်ဝမ်းစာ ရှာဖွေခိုက်

တညသောနွေညခင်းမှာ အလည်ရောက်လာသည်

ဘယ်သူ့လက်ချက်မသိ၊ သူ့ခေါင်းထဲကျည်ဆံ

တတောင့်ဝင်သွားသည်။၁၄

၂: ဓမ္မဟောင်းကျမ်း၏ ပျောက်သောသား စပျစ်ဝိုင် ရောက်လာသည်။ ကိုယ်ခန္ဓာနုံးချိ၊ စိတ်နွမ်းခိုက်တွင် စပျစ်ဝိုင်သည် အကောင်းဆုံး အရာရာဟု ရွေးချယ်လာခဲ့သည်။ စပျစ်ဝိုင် အဖော်ပြုလျှင် ပင်ပန်းနွမ်းနယ်သမျှ ပျောက်ကင်း၍ ဘဝတစ်ခုလုံး  ထိုအတိုင်းရှိနေမည် ထင်မှတ်ခဲ့သည်။

ဝိုင်ချိုချို အကြောင်း သိရှိသည့်ဉာဏ်ပညာရှိတပါးက ပညာတရားကို လေ့ကျက်လျက်နှင့် စပျစ်ရည် အလိုသို့ လိုက်သောအကျင့် ဟု ဆိုထားသည်။ တနည်းအားဖြင့် ဘဝတစ်ခုလုံးကို အမျက်ဒေါတသင့် စရာ ယမကာဝိုင်ထဲသို့ မစွန့်လွတ်။  အရက်သမား ဖြစ်ဖို့ မစဉ်းစား။ အရက်၏ ကျေးကျွန်မလုပ်။ ထိုသို့ အရက်၏ မကောင်းကြောင်းကို သိထားပါသည်။

မိုက်သောအကျင့်ဓလေ့၌ ကျင်လည်ခြင်း ဆိုသည်မှာ ဘေးဥပါဒ် မရောက်သူများကို ဒုက္ခမပေးသော်လည်း အချည်းနှီးပျော်ရွှင်ခြင်းဖြစ်သည်။ ဤနေရာတွင် ဉာဏ်ပညာက အဖြေမပေး။ ထိုသို့သော အချည်းနှီး ပျော်ရွှင်ခြင်း၏ ဆန့်ကျင်ဘက်၌ ရပ်တည်သည်။ တခါတရံ သာမန်အညတြများသည် ပညာရှိများထက်  ဘဝပျော်ရွှင်နေကြပုံ ရသည်။ သို့ကြောင့် ပညာရှိ သုခမိန်ဆန်ဆန် အထီးကျန် မိမိကိုယ်ကို မထိန်းချုပ်ချင်။ ပျော်ပွဲ၊ ရွှင်ပွဲများသို့ လူသားပီပီ အချိန်ဖြုန်းပစ်လိုက်ချင်သည်။ ဤတိုတောင်းလှသော လူ့ဘဝ တခဏတာ နေမင်း၏ အလင်းရောင်အောက်မှာ စိတ်ရှုးပေါက်ရာ လုပ်လိုက်ချင်သည်။ ထိုသို့လုပ်ခြင်းကလည်း လူ့ဘဝအဓိပ္ပါယ် အဖြေမပေးနိုင်။

၂:၄- ထိုသို့ဆိုလျှင် ကြီးမားခိုင်ခံ့သော စီမံကိန်းကြီးရေးဆွဲလျက် အကောင်အထည်ဖော်မည်။ ပညာရေးပျော်ရွှင်ခြင်း၊ ဝိုင်တို့သည်ဘဝ၏ အနှစ်သာရ မဟုတ်ကြောင်း တွေ့ခဲ့ပြီ။ ဧကပေါင်း မြောက်မြားစွာ စိုက်ပျိုးမည်။ (စိတ်ကူးစိတ်သန်းဖြင့် ရှောလမုန် နန်းတော်ကြီး တည်ဆောက်ဟန် ရှိသည်။)

ဧကများစွာ ကျယ်ဝန်းသော ပန်းခြံနှင့် ဥယျာဉ် တည်ဆောက်သည် ။ လောက ပရဒိသုဘုံ ဖန်ဆင်းသည်။ သစ်ခွမျိုးစုံ ပွင့်လန်းလျက် ကမ္ဓလာမြေလွှာ  တခွင်လုံးတွင် စားပင်သီးနှံပြည့်စုံသည်။ မိတ်ဆွေ အပေါင်းအသင်းများ အလည်ဖိတ်ခေါ်လျက် ဂုဏ်ယူစွာ ပြသသည်။ မြင်ရတွေ့ရသူတိုင်း စိတ်မနာလိုစရာ ဖြစ်အောင် လှပသည်။ ကြည်နူးစရာ ကောင်းပါဘိသည်။

တခါက ဧည့်သည်တော် Samuel Johnson အလည်ဖိတ်ခေါ်၍ ဂုဏ်ယူစွာလိုက်ပြသည်။ ဥယျာဉ်ပန်းခြံထဲ လှည့်လည်ကြည့်ရှုပြီးသောအခါ ဧည့်သည်မိတ်ဆွေကြီးက “ဤမျှလှပသော ဥယျာဉ်ခြံမှာ စိတ်ရှိနေတရွေ့ သေဖို့မလွယ်” ဟု မှတ်ချက်ပြုဘူးသည်။

ဝတ်ကောင်းစားလှ လူမြင်ကောင်းခြင်းသည်လည်း စိတ်ရူးခြင်းတစ်မျိုး ဖြစ်ကြောင်း Anderson ၏ ပုံပြင်ထဲက တွေ့နိုင်သည်။ သူ့ပုံပြင်ထဲက ဧကရာဇ် ဘုရင်မင်းမြတ်သည်  ဝတ်ကောင်းစားလှ ခုံမင်မက်မောသူ ဖြစ်သည်။ အကောင်းဆုံး စမက်အကျဆုံး ဝတ်ရုံဆင်ယင်၍ ဗိုလ်ရှုသဘင် ကြွသည်။ မြင်ရသူတိုင်းက ချီးမွမ်းကြသည်။  မည်သူကမှ ဘုရင်ကိုမပြောရဲကြ။ နောက်ဆုံးတွင် ကလေးသူငယ်တဦးက ဘုရင်မင်းကြီးသည် အဝတ်အစားမပါ ကိုယ်လုံးတီးနှင့် အဘယ်သို့ ရူးသွပ်နေသနည်း ဟု ဆိုသည်။

        ၂: ခြောက်သွေ့သော နွေရာသီများတွင်လည်း ဥယျာဉ်ပန်းခြံ စိမ်းလန်းစိုပြေစေချင်သောကြောင့် ရေကန်၊ ရေအိုင်များဆောက်လုပ်သည်။ တူးမြောင်း၊ ရေမြောင်းများတူးဖော်ဆောက်လုပ်၍ ရေပေးဝေစနစ် ပြုလုပ်သည်။

ဥယျာဉ်ခြံမြေပြုလုပ်၊ သစ်ပင်ပန်းမာန် စိုက်ပျိုးခြင်းဖြင့် ပျော်ရွှင်ခြင်းနှင့် စိတ်ကြည်နူးခြင်း ခံစားရပါသည်။ သို့သော်လည်း စစ်မှန်သော ချမ်းမြေ့သာယာခြင်းသည် လူ့လောက ပတ်ဝန်းကျင်က မဖြည့်ဆည်းနိုင်။ အစာမဟုတ်သောအရာ အခိုးအငွေ့ကို၄င်း  ၊ အမွတ်မပြေနိုင်သောအရာကို ဥစ္စာကို၄င်း ကုန်စေကြပြီ (ဟေရှာ ၅၅:၂)။

၂: ကျယ်ဝန်းလှသော ဥယျာဉ်ခြံမြေ စောင့်ရှောက်ဖို့ အလုပ်သမား အလုံးအရင်း လိုအပ်လာသည်။ သို့ကြောင့် ယောက်ျား၊ မိန်းမ ကျွန်များသိမ်းယူသည်။ ကျွန်သားပေါက် များစွာလည်းရှိသည်။ ကျွန်သားပေါက် များလာသဖြင့် မူလရှိရင်းကျွန်များထက် အဆအပြန် များလာသည်။ (ထိုခေတ် လူနေမူ အဆင့်အတန်းကို မှန်းကြည့်ပါ။)

ရှောလမုန်သည် လူပေါင်းများစွာ၏အရှင်သခင် ဖြစ်လာသည်။ ကြီးကျယ်ခမ်းနားသည်။  ထိုဘုရင့် စားပွဲတော် နားဖို့ အစေခံခွင့် ရခြင်းသည်လည်း ကြီးမြတ်ခြင်း ဖြစ်သည်။ သို့သော် ထိုရှောလမုန်မင်း ထက်ကြီးမြတ်သော အရှင်သည် ကျွန်တကာတို့၏ ကျွန်အဖြင့် ရောက်လာသည်။ ကိုယ်တော်၏ နိုင်ငံတော်ကိုလည်း အစေခံခြင်းဖြင့် ဆောက်တည်ခဲ့သည် (မာ ၁၀:၄၃-၄၅၊လု ၉:၄-၂၇)။

မွေးမြူထားသော တိရစ္ဆာန်များသည်လည်း တိုးပွားများကြသဖြင့် ယေရုရှလင် မြက်ခင်းပြင် တခွင်လုံးသည် ရှောလမုန်မင်း၏ ပိုင်ဆိုင်ရာများ ဖြစ်သည်။ အကယ်၍များ ဂုဏ်သိက္ခာသည် လူ့ဘဝသာယာခြင်း ၏သော့ချက်ဖြစ်သည် ဟု ဆိုလျှင် ထိုသော့သည် ရှောလမုန်တွင်သာ ရှိပေမည်။ သို့သော် ထိုသို့မဟုတ်။ ဆရာတပါးက “ငါ့ဘဝပျော်ရွှင်ဖို့ အရာခပ်သိမ်းကို တောင်းဆိုဖူးသည်။ ဘုရားရှင်က သင်ပျော်ရွှင်ဖို့ ငါ့အသက်ပေးခဲ့ပါပြီ” ဟုဖြေသည်။

၂:၈ ဥစ္စာဘဏ္ဍ ပေါကြွယ်ဝပုံကို ရှင်းပြထားသည်။ ရွှေငွေအသပြာ၊ ဘုရင့်ဘဏ္ဍပြည့်စုံသည်။ အခွန်အခ ရရှိသည်။ အခွန်အခဆိုသည်မှာ တိုင်းသူပြည်သားများ၊ လက်အောက်ဩဇာခံနယ်ပယ်များ၊ တိုင်းတပါးမှ ဂုဏ်ပြုလက်ဆောင်၊ တံစိုးလက်ဆောင်များလည်း ပါဝင်သည်။ ရှေဘဘုရင်မ၏ လက်ဆောင်မျိုးလည်း ပါဝင်သည်။

တေးဂီတကို လိုက်စားသည်။ တေးဂီတသည် လူ့စိတ်နှလုံးကို နူးညံ့သိမ်မွေ့နိုင်စွမ်း တန်ခိုး ရှိသည်။ သို့ကြောင့် အမျိုးသား အဆိုတော်၊ အမျိုးသမီး အဆိုတော်များကို သိမ်းဆည်းသည် ယေရုရှလင်မြို့တွင် အကောင်းဆုံး တေးသီချင်းသည်များ ခေါ်သည်။ ညစာပွဲတော်၊ အကပဒေသာ၊ ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပသည်။ တမြို့လုံးရွှင်ပြသည်။ သို့သော် Samuel  Johnson  ချီးမွမ်းခဲ့သမျှသည်လည်း စိတ်ပျက် ငြီးငွေ့ဖွယ်ရာများသာ ဖြစ်ကြောင်း The History of Rasselas, The  Prince  of  Abyssinia  တွင် ဤသို့ရေးထားသည်။

အကောင်းဆုံး တယောထိုးဆရာများနှင့် သီချင်းသည်များကို ခေါ်၍ပျော် ရွှင်ခဲ့ပါသည်။ မနေ့က ပျော်ရွှင်ခဲ့ရသမျှသည် ယနေ့တွင် ငြီးငွေ့ဖွယ်ရာများသာ ဖြစ်သည်။ မနက်ဖြန်ဆိုလျှင် ပို၍ ဆိုးဦးမည်။ ငါ့ခန္ဓာကိုယ်ထဲမှာ ထိုရသများ ခံယူနိုင်စွမ်း မရှိတော့ပါ။ မှန်ပါသည်။ လုံးဝ မပျော်ရွှင်နိုင်တော့ပါ။ မကြုံတွေ့၊ မခံစားမီ ငမ်းငမ်းတက် လိုချင်ခဲ့ပါသော်လည်း တခဏတွင် ဝအီငြီးငွေ့သည်။ တေးဂီတသည်လည်း အစဉ်ချမ်းမြေ့ခြင်း မပေးနိုင်ပါ။၁၅

ဝိုင်နှင့်တေးဂီတ သာမက၊ မိန်းမဖက်သို့ ခြေဦးလှည့်ပါသည်။ အချစ်၊ ဝိုင်နှင့် တေးဂီတ(၃)မျိုး ပေါင်းလောင်း ကျော်နေပြီ။ NKJVကျမ်းမူတွင် ပါရှိသည့် ဂီတတူရိယာပစ္စည်း၏ ဆိုလိုရင်းကို နားမလည်နိုင်ပါ။ တေးဂီတ၏ရသ ဟုသာခံယူကြပါစို့။ NASB ကျမ်းမူတွင် “ယောက်ျားများ၏ သည်းခြေကြိုက်-မယားငယ်များ” ဟုဆိုသည်။ ရှောလမုန် ဘုရင်တွင် မိဖုရား (၇၀၀) ပါး နှင့် မောင်းမ မိဿံ (၃၀၀) ရှိသည် (၃ရာ၁၁:၁၃)။ ထိုမိန်းမများက မင်းကြီးအား စိတ်နှလုံး ချမ်းမြေ့ခြင်း အမှန်တကယ် ပေးစွမ်းနိုင်ကြသလား။ မိန်းမများထုံးစံအတိုင်း အတင်းတဖျင်း ပြောကြမည်။ ပါးစေ့ပါးစပ် များကြမည် ဖြစ်ခြင်း။ မည်သို့ စိတ်ချမ်းသာ နိုင်မည်နည်း။

ဖိုမကိစ္စသည် ဘဝပျော်ရွှင်မှုနှင့် ပြည့်စုံခြင်းဟု ယူဆရသော်လည်း တခါတရံလှည့်စားခြင်း ဖြစ်သည်။ ဘုရားသခင်က အိမ်ထောင်ပြုခြင်း၊ လက်ထပ်ခြင်း၊ ကောင်းကြီးပေးထားပါသည်။ သို့သော်လည်း အနာနှင့်ဆေး မတည့်လျှင် ပျက်စီးခြင်း လမ်းမှားသို့ ပို့ဆောင်သည်။

အချစ်ကိုဘဝပုံအပ် အိမ်ထောင်ပျက်သော အမျိုးသမီးတဦးက ဤ သို့ဆိုဘူးသည်။

အချစ်ကိုဘဝပုံအပ် အိမ်ထောင်ပြုခြင်းသည် ကမ္ဘာတစ်ခုတည်ဆောက်ခြင်းဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုအိမ်ထောင် မှောက်လန်သွားသောအခါ စိတ်သဘောထားလောကအမြင်ပြောင်းလဲ သွားသည်။” အိမ်ထောင်သည် ဘဝဆိုသည်မှာ ဤသို့လာ၊ ဤအတိုင်းလား” ဟု တွေးမိသည်။၁၆

၂: ရှောလမုန်သည် ရှေးယခင် ယေရုရှလင် အရှင်သခင်များထက် ကြီးမြတ်လာသည်။ အဆောင်အယောင်များ နှင့် လောကစည်းစိမ်မှ အစ ဉာဏ်ပညာသည်လည်း အတွေ့အကြုံနှင့် အကြားအမြင်များဖြင့် ပိုမို တိုးတက် ရင့်ကျက်လာသည်။ သူ့ရည်ရွယ်ချက်သည် ပျောက်ပျယ်မသွား။ ပညာသည် တည်လျက်ရှိ၏။

၂:၁၀ သိမြင်ကြုံတွေ့ရမှုများ ကျယ်ပြန့်သထက် ကျယ်ပြန့်သည်။ မြင်သည်။ မြင်၍လိုချင်သည်။ လိုချင်သဖြင့် ဝယ်လိုက်သည်။ ပျော်ရွှင်ချင်သည်။ ပျော်ရွှင်ချင်သဖြင့် ဖန်တီးရယူလိုက်သည်။ ပတ်ဝန်းကျင်ရှိ လိုချင်သမျှကို ဖန်တီးလိုက်သည်။ ရယူလိုက်သည်။ လိုချင်၍ ကြိုးစားရှာဖွေသမျှကို ရသည်။ ခံစားသည်။ ရှာဖွေသောအရာ ဟူသမျှ အရယူသည်။ အပိုင်ယူသည်။ လိုတရပါသည်။

၂:၁၁ ထို့နောက်ကြိုးစားအားထုတ်ခဲ့သမျှခွန်အားကုန်သမျှနှင့် ထိုသို့ကုန်ဆုံးခြင်း၏ ရလာဒ်များကို ပြန်လည်ဆင်ခြင်သည်။ ဘာတစ်ခုမှမကျန်​ လေကိုကျက်စားသောအမှု၊ အနတ္တသက်သက် ဖြစ်သည်။ နေရောင်ခြည်အောက်မှာ မြဲသောအရာ တစ်ခုမှ မတွေ့။ သင်္ခါရချည်း ဖြစ်သည်။ ကမ္ဘာကြီး တစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း အဆုံးတွင် ခွေးကို ပစ်ကျွေးသကဲ့သို့ ဖြစ်သည်။ ငြီးငွေ့ဖွယ်ရာသာ ဖြစ်သည်။

ကာတွန်းဆရာကြီး Ralph Barton က ဤသို့ ရေးခဲ့သည်။

ကျွန်ုပ်မှာ အခက်အခဲ အနည်းငယ်ရှိသည်မှာ အောင်မြင်ကျော်ကြားသော သူငယ်ချင်းပေါင်း များစွာရှိသည်။ မယားတစ်ယောက်ပြီး တ​ယောက်ယူချင်သည်။ တအိမ်ပြီးတအိမ် လိုက်လည်ချင်သည်။ ကမ္ဘာအနှံ့ တိုင်းပြည်တစ်ခုပြီးတစ်ခု သွားချင်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန်  အချိန်မလောက်။ တနေ့မှာ (၂၄)နာရီ သာရှိသည်။၁၇

စီးပွားဥစ္စာ စိတ်တိုင်းကျ မပိုင်ဆိုင်ခြင်းကြောင့် စိတ်မပျော်ရွှင် မချမ်းမြေ့သူများ ရှိသည်။ ထိုကြောင့် မရမနေကြိုးစားအားထုပ်သူသည် လိုချင်သည့်အရာကို ရယူသည်။

အိမ်ကြီးဂေဟာနှင့် အစေအပါးများက တံခါးဝမှဆီးကြို စေချင်သည်။ အပါးတော်မြဲ နှင့် ကိုယ်ရံတော်များ လိုချင်သည်။ အစမှာ ဘဝင်ခိုက် ကျေနပ်နေသည်။ သို့သော် မကြာမီ ငြီးငွေ့လာသည်။ “ဤနေရာမှထွက်သွားချင်သည်။ တစ်ခုခု လုပ်ချင်သည်။ ယခုကဲ့သို့ နေရခြင်းသည် ငရဲပြည် ရောက်ခြင်းနှင့် တူသည်”ဟု တွေးမိသည်။ “မင်းငါ့ကို ဘယ်လိုမြင်ပါသလဲ” ဟု မေးတတ်ကြသည်။၁၈

လူမှု အသိုင်းအဝိုင်းသည် ရုပ်ဝတ္ထုပစ္စည်းလောက၌ အကျဉ်းကျခြင်း ဖြစ်ပါသည်။ ရုပ်ဝတ္ထုပစ္စည်းဖြင့် စိတ်ချမ်းသာမှု ရှာကြသည်။ သို့သော် ထိုဝတ္ထုပစ္စည်းများက ထာဝရပျော်ရွှင်ချမ်းမြေ့ခြင်းမပေးနိုင်ပါ။

        ၂:၁၂ စိတ်နှလုံးမပျော်ရွှင်ခြင်း၏အကြောင်းရင်းကို ရှာဖွေစူးစမ်းချင်သည်။ သိရှိလျှင်လည်း မလုံလောက်။ မသိနားမလည်လျှင်လည်း မျက်နှာငယ်သည်။ သို့ကြောင့် ပညာတရားနှင့် မိုက်မဲခြင်းတရား တို့တွင အဘယ်အရာက စိတ်ချမ်းသာစေနိုင်သနည်း။ လူ့ဘဝသည် လိမ်ညာခြင်း နောက်သို့လိုက်သည်။ ကြိုးစားအားထုတ် ဉာဏ်ရည်ပြု၍ ရအောင်ယူသည်။ ရရှိခံစားလျှင် ထိုထက်ကောင်းသောအရာ လိုချင်ပြန်သည်။ ရူးသွပ်ခြင်း၊ မိုက်မဲခြင်း သက်သက်ဖြစ်သည်။

အာဏာစက်ပိုင်ဆိုင်ခြင်း၊ ပညာရှိခြင်းနှင့် ချမ်းသာကြွယ်ဝခြင်း တို့ကိုလည်း အပြည့်အဝ ခံစားခဲ့ပါသည်။ ထိုအရာများ မပိုင်ဆိုင်ခဲ့လျှင် ထိုအရာတစ်ခုခုက သူ့ကိုပြန်လည် ပိုင်ဆိုင်ပါသည်။ ဘုရင်ကို အောင်မြင်သူ၊ ဘုရင် ဖြစ်မြောက်သူသည်လည်း ယခင်ရှင်ဘုရင် ထုံးနည်းနာ အတိုင်းသာ လုပ်ရသည်။

၂:၁၃ အားလုံးကိုခြုံလိုက်လျှင် ဉာဏ်ပညာသည် မိုက်မဲခြင်းထက်၎င်း၊ အလင်းသည် အမှောင်ထက်၎င်း၊ မြတ်သည်။ ပညာရှိသူသည် အလင်းထဲတွင် လျှောက်သွားသောကြောင့် အန္တရာယ် ရှောင်ရှားနိုင်သည်။ အခြားတဘက်တွင်မူ လူမိုက်သည် အမှောင်ထဲတွင် မမြင်မကန်း လျှောက်လှမ်းရသောကြောင့် မြောင်းထဲသို့ လိမ့်ကျနိုင်သည်။ ထောင်ချောက် မိနိုင်သည်။

၂:၁၄ ဉာဏ်ပညာရှိသူသည် လျှောက်ရမည့် လမ်းခရီးကို ကြိုမြင်သော်လည်း မည်ကဲ့သို့ အဆုံးသတ်သနည်း။ ပညာမဲ့ လူမိုက်သည် အမှောင်ထဲတွင် လျှောက်ရသော်လည်း အဆုံးသတ်အတူတူ ဖြစ်သည်။ ပညာရှိနှင့် လူမိုက်တို့၏ ဘဝအဆုံးခရီးသည် အတူတူဖြစ်သည်။

၂:၁၅ ပညာရှိနှင့်လူမိုက်တို့၏ဘဝအဆုံးသည် အတူတူဖြစ်နေလျှင် လူသည် အဘယ်ကြောင့် ပညာကို လိုချင်သနည်း။ အဘယ်ကြောင့် အပင်ပန်းခံ၍ ဉာဏ်ပညာ ရှာဖွေကြသနည်း။ ပညာရှိ၏ ဘဝခရီးလမ်းသည် အလင်းထဲတွင် လျှောက်လှမ်းခြင်း တနည်းတည်းသာ  သာလွန်သည်။ ထိုစဉ် တခဏမှလွဲ၍ ထူးခြားသည် မရှိ။ အဆုံးမှာ အတူတူ ဖြစ်သည်။ သို့ကြောင့် ဉာဏ်ပညာကို လိုက်စားခြင်းသည်လည်း အနတ္တသက်သက် ဖြစ်သည်။

၂:၁၆-၁၇ ဤကျမ်းပိုဒ်သည် အထက်သင်ခန်းစာ၏ အဆက်ဖြစ်သည်။ ပညာရှိဖြစ်စေ၊ လူမိုက်ဖြစ်စေ၊ အသုဘကိစ္စပြီးလျှင်မေ့တတ်စမြဲ။ မျိုးဆက်တဆက်၊ နှစ်ဆက်လွန်လျှင်သတိမရကြတော့ပါ။ လူ့လောက မှာအသက်ရှင်ခဲ့သည်ဟုမမှတ်မိကြ။ ယနေ့ကာလတွင်ထိုသူ၏နာမည်၊ မျက်နှာကို မကြည့်ဝံ့၊ အချိန်ကာလဖြင့် ရေတွက်လျှင်ပညာရှိသည်လည်းလူမိုက်နှင့်ထူးမခြားနား။

နာမည်ကျော်ကြားခြင်းသည်လည်းကြာရှည်မခံ။ မြန်မြန်ပျောက်ကွယ်တတ်သည်။ သို့ကြောင့် လူ့ဘဝကို ရှောလမုန်မုန်းသည်။ နေရောင်ခြည်အောက်မှ လူ့အ​ရေးအရာများသည် ချမ်းမြေ့ဖွယ် ရာမဟုတ်။ ကြေကွဲ ဝမ်းနည်းမှုများဖြင့်သာအဆုံးသတ်သည်။ ဖြစ်သမျှသည် အနတ္တသက်သက်၊ လေကိုဖမ်းဆုတ်ခြင်းသာဖြစ်သည်။

အောင်မြင်ကျော်ကြားခဲ့သောအားကစားသမားတစ်ဦးကဤသို့ ဆို ခဲ့ဘူးသည်။

တကယ့်ပွဲကြီးပွဲကောင်းမှာဂိုးသွင်းစဉ်ကပရိသတ်၏အားပေးသံသည်ကွင်းလုံးလျှံဟိန်းထွက်ခဲ့သည်မှာ ကျွန်တော်၏ဘဝတစ်ခုလုံးကို ထွန်းတောက်စေသည်။ သို့သော် ထိုနေ့ည အိပ်ခန်းရောက် သောအခါ ထိုအောင်ပွဲသံသည် တိတ်ဆိတ်သွားပြီ။ အောင်မြင်ခြင်း ဆိုသည်မှာ  အဘယ်နည်းဟုတွေးမိသည်။ ဂိုးသွင်းခြင်းမှ လွဲ၍ ကောင်း သော အသက်တာမရှိတော့ဘူးလား။ သို့ကြောင့်စိတ်ချမ်းသာမှုကို ရှာဖွေကြည့်သည်။ ဘုရားသခင်မှလွဲ၍ စိတ်နှလုံးချမ်းမြေ့စေနိုင်သူမတွေ့ သို့ဖြစ် လူ့လောက ကမ္ဘာမှာ ရှာမတွေ့နိုင်သော စိတ်ချမ်းသာမှုကို ခရစ်တော်ထံပါး၌ တွေ့ရှိသည်။၁၉

၂:၁၈ မတရားသော အမှုကြီးတစ်ခုမှာ လောကကြီး ငြီးငွေ့ဖွယ်ရာ အကြောင်းကို ရှောလမုန်က နောင်လာနောင်သားများအတွက် ချန်ထားပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို C.E.Stuartက ဤသို့ရေးသည်။

လူ့ဘဝပျော်ရွှင်ခြင်း၏ အမြစ်ကိုကိုက်ဖဲ့ဖျက်ဆီးသူသည် မရဏာသေခြင်းဖြစ်သည်။ လူ့ဘဝ ပျော်ရွှင်ခြင်း၊ သာယာခြင်းကိုလူနှင့်တခြားစီဖြစ်အောင်ဖြတ်တောက်သည်။ လူ့ဘဝအသီးအပွင့်များကို ထိုင်စားခြင်း မပြုမီ လုယက် ဖျက်ဆီးပစ်သည်။၂၀

ထိုစိတ်မကျေချမ်းစရာများကိုနောက်လာနောက်သားများခံစားဖို့ ရှောလမုန်ချန်ထားပစ်ခဲ့သည်။

၂:၁၉ ထိုနာကျည်းဖွယ်ရာများကိုအမွေခံသူများသည်ပညာရှိချင်မှရှိကြတော့မည်။ အသုံးအဖြုန်းကြီးသူ၊ အတု၊ လူ့ဟော့ရမ်း၊ တေလေကျပိုးများဖြစ်သွားနိုင်သည်။ အလုပ်မလုပ်၊ ရည်ရွယ်ချက်မရှိသော လူ့ပေါင်းပန်းများ ကံကြမ္မာကောင်းအောင်ဦးဆောင်ရန်တကယ်ရှိသည်။

စင်စစ်ထိုအဖြစ်အပျက်သည်ရှောလမုန်မိသားစုသို့အကျိုးသက်​ရောက်ခဲ့သည်ဟုဆိုနိုင်သည်။ ရှောလမုန်၏ သားရောဗောင်က အဖေ၏စည်းစိမ်ဥစ္စာများကိုမိုက်မဲစွာဖြုန်းတီးမည့်အကြောင်းကို ရှောလမုန်ကြို တင်မြင်ပုံရသည်။ ရောဗောင်သည် ထိုကဲ့သို့အမှန်တကယ်မိုက်မှားခဲ့ကြောင်းသမိုင်းတွင် အထင်အရှားကျန်ရှိခဲ့သည်။ သူ့ထက်အသက် အရွယ်ကြီးရင့်သောမှူးမတ်ပညာရှိများ၏ အကြံပေးချက်ကို နားမထောင်။ တိုင်းပြည်ကိုဇောက်ထိုးမိုးမျှော်လုပ်ပစ်သည်။ အဲဂုတ္တုသားများက ယုဒပြည်အားကျူးကျော်သိမ်းပိုက်သောအခါ ဗိမာန်တော်ရှိရတနာဥစ္စာများကိုပေးလိုက်သည်။ ရှောလမုန်မင်းလုပ်ထားသော ရွေဒိုင်းကိုလဲ ယူဆောင်သွားကြသည်။  ရောဗောင်မင်းသည် ရွှေဒိုင်းအစားကြေးဝါဒိုင်းလုပ်သည် (၆ရာ ၁၂:၉-၁၀)

   ၂:၂၀ အားကောင်းမောင်းသန်ရှာဖွေနိုင်စဉ် အပင်ပန်းခံရှာဖွေစုဆောင်းချမ်းသာသမျှသည်လည်း အဆုံးမှာ မူစိတ်ပျက်ဖွယ်ရာများသာဖြစ်ချေသည်ဟု ဒေသနာဆရာက တရားသံဝေဂရသည်။ အဓိပ္ပာယ်မဲ့၊ အဖတ်မတင်သော အချည်းနှီးအရာများဖြစ်သည်။ အပင်ပန်းခံရှာဖွေခဲ့သမျှသည် သဲထဲရေသွန်ဖြစ်လေပြီ။

  ၂:၂၁ ငွေကြေးအမြောက်အများအကုန်ကျခံ၊ ဉာဏ်ပညာကအရင်းနှီးမြှုပ်နှံ၍ အတတ်ပညာများစွာ ကြွယ်ဝခဲ့သော်လည်း၊ ထိုမင်္ဂလာများကိုသူတပါးလက်ထဲသို့အပ်နှံခဲ့ခြင်းသည်လည်း မတွေးရက်စရာ ဆုံးရှုံးမှုဖြစ်သည်။ ထိုအမှုဟူသည်အနတ္တသက်သက်ဆိုးဝါးသောဒုက္ခဖြစ်သည်။

ရှောလမုန်မိဘများလက်ထပ်မှစ၍ ခေတ်အဆက်ဆက်ကြွယ်ဝချမ်းသာခဲ့စည်းစိမ်ဘဏ္ဍများကို သားမြေး များသို့အမွေပေးရတော့မည်။ ကိုယ်ကျိုးမငဲ့၊ သားမြေးငဲ့ခြင်းသည်မင်္ဂလာတရားဖြစ်ပါသည်။ ထိုအကြောင်းကို Jamieson, Fausset နှင့်Brown တို့က”သားသမီးများအား   မိဘ များက အမွေပေးခြင်းသည် မိဘဘိုးဘွားများ၏ အတ္တတပါးဖြစ်သည်” ဟု ဆိုကြသည်။၂၁ ထိုသူများ၏ ပထမဦးစားပေးရည်မှန်းချက်မှာ အိုမင်းရွယ်လွန်ဇရာဘဝမှာ သက်တောင့်သက်သာ နေနိုင်ရေး ဖြစ်သည်။  ယေဘူယျအားဖြင့် မိမိ ကိုယ်ကို စဉ်းစားရသည်။   သေလွန် သောအခါ ကျန်ရစ်ထားပစ်ခဲ့ သော ဥစ္စာများကို သားသမီးများက အမွေ ခံယူကြသည်။

ခရစ်ယာန် အသက်သာမှာမူ တစ်မျိုးတဖုံ ဖြစ်သည်။ သားသမီးများ အား ငွေပုံကြီးအမွေပေးစရာမလို။ အကောင်းဆုံးအမွေပစ္စည်းမှာ ရွှေငွေ အသပြာမဟုတ်။ ဝိညာဉ်ကြွယ်ဝခြင်းအမွေရတနာဖြစ်သည်။ ငွေသည် တစ်ယောက်နှင့် တစ်ယောက် မနာလို အငြင်းပွားစရာ ဖြစ်စေသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲစေသည်။ ဆွေမျိုးမိသားစုမောင်နှမ ပျော်ရွှင်မှုကို ထိပါးနိုင်သည်။ ငွေအမြောက်အမြား အမွေခံရခြင်းဖြင့် ကလေးသူငယ်များ ပျက်စီးနိုင်သည်။ ဝိညာဉ်ခွန်အားချို့တဲ့စေသည်။ စိတ်ဓါတ်ပျက်ပြား စေသည်။ မကောင်းမှုဒုစရိုက်များ ထပ်ချပ်မကွာ လိုက်လာနိုင်သည်။

သားသမီးများကို အမွေရတနာ ဝိညာဉ်ရေးရာ ပေးချင်သူသည် ငွေ ပုံကြီးမထားပစ်ခဲ့ရ။ ထို့ထက်ဆာလျှင် ဆာလောင်ငတ်မွတ်သော အငယ်ဆုံးသူများ၊ ဝိညာဉ်ကယ်တင်ခြင်းမရရှိသောသူများ၊ ကယ်တင်ဖို့အမှု တော်လုပ်ငန်းတွင် သုံးသင့်သည်။ မာတင်လူသားသည် သူ့သားသမီး များကို သူကဲ့သို့ ယုံကြည်ခြင်းအမွေရတနာပေးခဲ့သည်။ သူ၏ သေတမ်း စာတွင်ဤ သို့ရေးခဲ့သည်။

အဘဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤကမ္ဘာပေါ်မှာ အသက်ရှင်ရခိုက်လူဆင်းရဲအဖြစ် အခွင့်အရေးပေးသောကြောင့် ကျေးဇူးတော် ချီးမွမ်းပါသည်။ နေအိမ်တော်၎င်း၊ ငွေဿပြာသော်၎င်း၊ နှောင်းလူအတွက် အမွေပေးစရာမရှိ။ ဇနီးကောင်းနှင့် ချစ်စရာသား သမီးများပေးပါသည်။ ယခု သူတို့ကို ဘုရားသခင်ထံ ပြန်လည်ဆက်ကပ်ထားပါသည်။ ကျွန်တော်ကို သွန်သင်သည့်အတိုင်း ထိုသူများကိုလည်း ကွယ်ကာစောင့်ရှောက် သင်ပြပေးတော်မူပါဘုရား။

၂:၂၂ နေရောင်ခြည်အောက်မှာ ဦးနှောက်အခြောက်ခံ၍ ဇွဲနဘဲကြီး စွာ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်သည်။ သေသောအခါ တစ်ခုမှ ပါမသွားပါ။ ရုန်းကန် လှုပ်ရှားသည်။ မဆုတ်မနှစ်ကြိုး စားသည်။ ပူပန်သောကရောက်ခဲ့သည်။ စိတ်လှုပ်ရှားခဲ့သည်။ အဘယ်ကြောင့်နည်း အပင်ပန်းခံလုပ်ဆောင်ခဲ့သမျှသည် သေလွန်ပြီးသည်နှင့်တပြိုင်နက် ကိုယ်နှင့် ဘာမှမပတ်သက်။

သို့သော် ဓမ္မာကျမ်းစာနှင့်ယှဉ်လျှင် တစ်မျိုးဖြစ်သည်။ လူသည် သေလွန်သည့်အခါ ဘုရားသခင် ထံတော်၌ ထာဝရအသက်ရှင် စိုးစံရသည်။ လူ့လောကမှာ လုပ်ဆောင်ခဲ့သမျှသည် ကောင်းကင် ရွှေပြည်၌ ဘဝ ဆုလက်ဆောင်ချီးမြှင့်ခြင်းခံယူရာဖြစ်သည်။ ယုံကြည်သူများ၏ လုပ်ဆောင်ခဲ့သမျှသည် ဘုရားသခင်ထံတော်၌ တန်ဖိုးရှိသည်။ အချည်းနှီးမဟုတ်ပါ (၁ကော ၁၅:၅၈)။

        ၂:၂၃   လူ့ဘဝသည် သင်္ချိုင်းကုန်းအလွန်တွင် မျှော်လင့်ချက် မရှိလျှင် နေ့ရက်စဉ်ဆက် အပင်ပန်း လုပ်ဆောင်ခြင်းသည် ပင်ပန်းခြင်း၊ စိတ်နှလုံးနာကျင်ခြင်း ဖြစ်သည်။ အိပ်ပျော်သော ညများကဲ့ သို့ လူးလှိမ့်ခြင်းသာဖြစ်သည်။ လူ့ဘဝသည် ပူပန်သောကဒုက္ခ များ ၍ စိုးရိမ် ဖွယ်ရာများနှင့် ခေါင်းစရာ များ သာဖြစ်သည်။

၂:၂၄ ယုတ္တိကျကျစဉ်းစားလျှင်လူ့ဘဝသည် အိပ်ခြင်း၊စား ခြင်းအတွက်အလုပ်လုပ်ရသည်။ ထိုသို့ပြောရာတွင်စားသောက် ပျော်ပါးခြင်း၊အစားကြူးခြင်းကို အားပေးခြင်းမဟုတ်။ လူ့ဘဝ၏ အခြေခံတရားကို ထောက်ပြသည်။ ထိုကဲ့သို့ စားသောက်အိပ်စားနိုင်အောင် အလုပ်လုပ်ခြင်းသည် ဘုရားသခင်စီမံရာဖြစ်သည်။ ကောင်းသော အစားချိုသော ယမကာများကိုမှန်ကန်စွာ သုံးစွဲသင့်သည်။ ထိုကဲ့သို့သောအခွင့်အရေးများသည် ဘုရားသခင်ပေးသနားရာ မဟုတ်လျှင် အကျိုး ခံစားခွင့်မရ။

        ရှောလမုန်၏ အတွေးအခေါ်အယူအဆများကိုရှင်ပေါလုက လည်းတွေးမြင်သည်။ အကယ်၍များ ရှင်ပြန်ထမြောက်ခြင်းမရှိ လျှင်”စားမယ်၊သောက်မယ်၊မနက်ဖြန်တွင်သေမယ်ဟူသောအယူ အဆသည် အကောင်းဆုံး လမ်းစဉ် ဖြစ်နိုင်ပါသည်”ဟု ဆိုသည် (၁ ကော၁၅:၃၂)။

​ရှောလမုန်က စားနိုင်သောက်နိုင် ပျော်ရွှင်နိုင်သည့်အခွင့်အရေးရရှိပုံကို စကားထပ်ကွန့်လိုက်သည်။ ဘုရားသခင်မပါလျှင် ပျော်ရွှင်သာယာမှု မရှိနိုင်။ အစာစားဖို့၊ မြင်ဖို့၊ ကြားဖို့၊ အနံ့ခံစားဖို့၊ မှတ်မိဖို့ ၊ ကျန်းမာဖို့ စသည့်အခြေခံအမူအရာ အားလုံးသည်လည်း ဘုရားသခင်အပေါ်၌တည်မှီသည်ဟုဆိုသည်။

၂:၂၅ ရှောလမုန်က သူသည်အခြားသူများထက်လောကစည်း စိမ်ပျော်ရွှင်မှုများကို ခံစားခဲ့သည်ဟု ဝန်ခံသည်။

John.D.Rockefeller သည် ခုနှစ်ရက် တစ်ပါတ်တွင် ဒေါ်လာသန်းချီ၍ ဝင်ငွေရရှိသူဖြစ်သည်။ သို့သော်လည်း ဆရာဝန်များက သူ့အား ငွေအနည်းငယ်တန်မျှသာ စားသောက်ခွင့် ပြုသည်။ သူ့အကြောင်းသိသူ တစ်ယောက်က ထိုသူဌေးသည် အစာပျော့ကိုသာ စားသည်ဟု ဆိုလိုသည်။ လူအများမစားချင်သော အစာများသာ စားသည်ဟုဆိုသည်။

ယခုကိုယ်လုံး ပေါင်ချိန် တစ်ရာထက် ကျနေသည်။ အစားအ သောက်အနည်းငယ်သာ စားလေ့ရှိသည်။ နံနက်စာအဖြစ် ကော်ဖီ တစ်ကျိုက်၊ ဂျုံမှုန့်တစ်ဇွန်းစာ၊ ကြက်ဥတစ်လုံး၊ ပဲသီးတစ်တောင့်နှစ် တောင့်သာ စားလေ့ရှိသည်။၂၂

သူသည်ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်သော်လည်း အစားအသောက်တွင်ဇိမ်ခံကြွယ်ဝခြင်းမရှိ။

        ၂:၂၆ နောက်ဆုံးတွင် ဓမ္မဆရာက ဤသို့ မြင်သည်။ လူ့ဘဝ အသက်တာတွင် ဘုရားသခင်က ဖြောင့်မတ်စင်ကြယ်ခြင်း လက်ဆောင်ပေး၍ အပြစ်ဒုစရိုက်က အပြစ်ဒဏ်ပေးသည်။ ရှေ့တော်၌ ကောင်သောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်း အခွင့်ပေး၍ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို ပေးတော်မူသည်။ အပြစ်ရှိသောသူသည် ဆင်းရဲစွာ လုပ်ကိုင်လျက်၊ လိမ္မာသောသူသည် ဘုရားသခင်ရှေ့တော်၌ ပျော်ရွှင်ခွင့်ရသည်။ အသီးအပွင့်မဲ့ခြင်းနှင့် ဝေဆာဝပြောခြင်းသည် အဘယ်မျှ ကွာခြားသနည်း။

Previous Article
Next Article