ဒေသနာကျမ်း ၆
၆:၁ လူ့ဘဝမှ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကိုသရော်တော်တော်ပြောင်လှောင်ထောက်ပြသည်။ စိတ်ထဲမှာ လိုချင်တောင့်တသည့်အတိုင်း ရရှိပါသည်။ ကြွယ်ဝချမ်းသာပါသည်။ သို့သော်လည်း ကံအကြောင်းမလှသဖြင့် ထိုရသမျှသော ဥစ္စာများအပေါ်တွင် အကျိုးကျေးဇူး မခံစားလိုက်၊ ဘုရားသခင်က ထိုသို့ ခံစားခွင့်မပေး။ ဤနေရာတွင် သတိထားဆင်ခြင်ဖတ်ရှုပါ။ ရှောလမုန်က ဘုရားသခင်ကို အပြစ်တင်စကားပြောနေသည်။
သေခြင်းတရားက သူ့ဘဝကို သိမ်းယူသွားသည်။ သူသားသမီးဆွေ မျိုးပေါက်ဖော်များကလည်း ခံစားခွင့်မရလိုက်ဘဲ၊ သူစိမ်းသရံကဝင်ရောက် ဖြတ်ယူသည်။ ထိုအဖြစ်သနစ်မျိုးသည် လေကိုဖမ်းစားခြင်း အလုပ်သက်သက် ဖြစ်သည်။ အလွန်ဆိုးဝါးသော ရောဂါဆိုးဖြစ်သည်။
၆:၃ အကယ်၍ ထိုသူသည် သားသမီးများစွာ ထွန်းကားလျက်အိုမင်း ရွယ်လွန် အသက်ရှည်ခဲ့သော်လည်း မေတ္တာဂရုဏာစောင့်ရှောက်ခြင်း မခံစား၊ ဘဝအရသာမပီပြင် ။ မရှုမလှ သေပွဲဝင်လျှင် မည်သည့်အကျိုးရှိသနည်း။ နေ့လမစေ့မီ ပျက်ကျသွားသောကိုယ်ဝန်က ပို၍ မြတ်သည်။
၆:၄ နေ့လမစေ့မီလျက်ကျသောကိုယ်ဝန်သည် အချည်းနှီးဘဝဖြစ် ပါသည်။ သူ့နာမည်ကိုလည်း မသိလိုက်ကြ။ လူ့ဘဝမှာမွေးဖွားခြင်း၊ သေခြင်းကိုလည်း မခံစားလိုက်ရ။ လူ့ဘဝကို မရောက်ရှိဘူးသော သူဖြစ်သည်။ မသေဘူးသောသူဖြစ်သည်။
၆:၅ ထိုကိုယ်ဝန်ပျက်သည် နေကိုလည်းမမြင်ခဲ့။ မည်သည့်အရာမှမသိ။ ဇိမ်ခံခြင်း၊ ရတတ်ခြင်းနှင့် ကပ်စေးနည်းခြင်းကိုလည်း နားမလည်။ လူ့ဘဝ၏ အဆိုးအကောင်းအကျိုးအကြောင်းများကို မသိလိုက်။
၆:၆ ကပ်စေးနဲကော်တရာသည် အနှစ်နှစ်ထောင် အသက်ရှင်ရသော်လည်း လူအသက် ကောင်းကျိုးချမ်းသာ မပြု။ သုခချမ်းသာလည်း နားမလည် ၍ အကျိုးကျေးဇူးမရှိ။ လူဖြစ်ရကျိုးမနပ်သူဖြစ်သည်။ ပျက်ကျသွားသော ကိုယ်ဝန်ကဲ့သို့ မြေကြီးထဲ၌ မြှုပ်နှံခြင်းသာခံစားရသည်။
၆:၇ ပင်ပန်းကြီးစွာ အလုပ်လုပ်ရခြင်းအကြောင်းမှာ စားဝတ်နေရေး အတွက်ဖြစ်သည်။ သို့သော် တင်းတိမ်ရောင်ရဲခြင်းမရှိနိုင်။ ဝင်ငွေများရှိ လေ၊ကောင်းကောင်းမွန်မွန်ဝယ်ချင်စားချင်သည်။ ထိုသူအတွက် တင်းတိမ် ရောင်ရဲခြင်းသည် ခြံစည်းရိုး၌သာ ရှိသည်။
၆:၈ ပညာရှိနှင့် မိုက်သောသူသည် အဘယ်မျှကွာခြားပါသနည်း။ လူမိုက်သည်လည်း လူ့ဘဝကို မျက်နှာချင်းဆိုင်နိုင်သည်။ ပညာရှိများနှင့် မကွာခြား။ ရရှိသော အရာဝတ္တုများပေါ်တွင် အကျိုးခံစားခွင့်ရသည် မဟုတ်လော။
၆:၉ လက်လှမ်းမမှီသော အရာများရရှိဖို့ စိတ်ပူပန်ခြင်းထက်လက် ဝယ်ရရှိထားသော အရာများအား အကျိုးရှိစွာအသုံးပြုခြင်းသည် မင်္ဂလာ ရှိ၏။ အလုပ်လောဘကြီးခြင်းသည် လေကိုဖမ်းစားသောအလုပ်ဖြစ်၏။ ထိုအကြောင်းကို Leupold က “တစ်ခုပြီးတစ်ခုလိုချင်ခြင်းသည် ကျေနပ်တင်း တိမ်မှု၏ ဆန့်ကျင်ဘက်ဖြစ်သည်”၂၉ ဟုဆိုသည်။
၆:၁၀–၁၁ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ပညာရှိသည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူသည် လူသာဖြစ် သည်။ ဤနေရာတွင် သုံးနှုန်းထားသော “လူ”ကို ဟေဗြဲကျမ်းမူတွင် အာဒံဟုသုံးထားသည်။ “ရွံ့စေးနီ” ဟု အနက်ရသည်။ ထိုရွံ့ဆေးနီသည် ဖန်ဆင်းရှင်ကို မည်သို့ ပြိုင်ဆိုင်အာခံနိုင်မည်နည်း။
၆:၁၂ အရပ်ကဲ့သို့ လွန်မြောက်တတ်သော လူ့ဘဝတွင် အကောင်းဆုံး အရာကို မည်ကဲ့သို့ ရွေးချယ်နိုင်မည်နည်း။ ဤကမ္ဘာမြေကထွက်ခွာပြီး နောက် ဤကမ္ဘာသည် မည်ကဲ့သို့ရှိမည်ကို မည်သူပြောနိုင်သနည်း။