ဒေသနာကျမ်း ၈
(ခ)နေရောင်ခြည်အောက်ကဉာဏ်ပညာ (အခန်း၈)
၈:၁ လူ၏အသိဉာဏ်ပညာသည်နိမ့်ကျသော်လည်းလူ့ပြဿနာကိုဖြေ ရှင်းနိုင်သည်။ အခြားသူများထက်ဉာဏ်ပညာရှိသည်ဟုရှောလမုန်ခံယူသည်။ လျှို့ဝှက်ထားသောဉာဏ်ပညာများကိုမည်သူရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသနည်း။ ဉာဏ်ပညာသည်မျက်နှာသာရစေသည်။ ပညာရဲရင့်ပွဲလယ်တင့်သည်ဟုဒေသနာဆရာကသတ္တိသွေးပေးထားသည်။ မျက်နှာရသည်။ အခြားပညာရှိသူများ၏မျက်နှာအားချိုသာစေသည်။
၈:၂ ဘုရင်ရှေ့ တော်မှောက်တွင်မည်ကဲ့သို့ပြုမူရမည်ကိုဉာဏ်ပညာက သင်ပေးသည်။ဘုရားသခင်ရှေ့တွင်ဖြစ်စေ၊လောကမင်းများရှေ့တွင်ဖြစ်စေမျက်နှာရသည်။ ပထမဦးစွာနာခံခြင်းသည်အရေးကြီးဆုံးဖြစ်သည်။ ဟေဗြဲကျမ်းပိုဒ်ဒုတိယပိုင်းကိုဤသို့အမျိုးမျိုးအနက်ဖွင့်ကြသည်။
– ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဟုသဘောထားသည်။(KJV)
– အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဖြစ်သည်။(NASB)
– ဘုရားသခင်ရှေ့၌သစ္စာပြုခြင်းဖြစ်သည်။(NKJV)
ဤကျမ်းပိုဒ်တွင်ပါရှိသောကျမ်းသစ္စာပြုခြင်းဆိုသည်မှာနိုင်ငံတော် အစိုးရထံသို့၎င်း၊ဘုရားသခင်ထံသို့၎င်းအမိန့်တော်များကိုနာခံမည့်အကြောင်းကတိပြုခြင်းဖြစ်သည်။ (ဥပမာဆာ-၈၉:၃၅ကိုကြည့်)။
၈:၃ အပိုင်းငယ် ၃ သည်လည်းအဓိပ္ပာယ်မြှုပ်ထားပြန်သည်။ စိတ်မသာယာသောရှင်ဘုရားရှေ့တွင်ကြာကြာမနေနှင့်။”မြန်နိုင်သမျှမြန်အောင်ထွက်သွားပါ”ဟုအကြံပေး သည်။ သို့မဟုတ်အမျက်ဒေါသထွက်နေသူ၊နာခံခြင်းမရှိသူ၊မိုက်ရိုင်းသူ၊သူ တပါးကိုစော်ကားဖို့ဝန်မလေးသူများနှင့်ခပ်ဝေးဝေးရှောင်ပါဟုအကြံပေး ခြင်းဖြစ်သည်။(KJV,NASB,NKJV)။
မည်သို့ပင်ဖြစ်စေဘုရင်သော်၎င်း၊အခြားသူများကိုဘေးဥပါဒ်ပေးနိုင်လိုသော်၎င်း မပေါင်းသင်းနှင့်။ ထိုသူများရှေ့တွင်မနေနှင့်။ ဒုက္ခပေးနိုင်သည် ဟုနားလည်ရပေသည်။
၈:၄ မည်သည့်အခြေအနေတွင်ဖြစ်စေရှင်ဘုရင်၏အမိန့်သည်အာဏာ အပြည့်အဝရှိသည်။ သို့ကြောင့်စိန်ခေါ်တွန်းလှန်ခြင်းမပြုရ။ သွေဖီခြင်းမပြု ရ။ ဒုက္ခရောက်သွားမည်။
၈:၅ ဘုရင့်အမိန့်တော်နာခံသူသည်စိတ်ဆင်းရဲခြင်းမကြုံတွေ့ရ။ ရှင် ဘုရင်အမျက်တော်ရှမှာကိုမစိုးရိမ်ရ။ ဉာဏ်ပညာကနာခံခြင်းနှင့်အချိန်လေး စားခြင်းကိုသင်ပေးပါသည်။
၈:၆ အလုပ်တစ်ခုလုပ်ကိုင်ရာတွင်အမှားနှင့်အမှန်ဆုံးဖြတ်စရာရှိသကဲ့ သို့အချိန်မှန်မမှန်ရွေးချယ်ဖို့လည်းရှိသည်။ လူသည်မှန်ကန်စွာရွေးချယ် တတ်သော်လည်းအချိန်မှန်အောင်မရွေးချယ်တတ်သဖြင့်ကြီးလေးသောဝန် ထုပ်ဝန်ပိုးရောက်သွားရသည်။ အလုပ်မှန်အောင်ရွေးချယ်တတ်သကဲ့သို့ကာ လဒေသမှန်အောင်လုပ်ဆောင်ဖို့လည်းလိုသည်။
၈:၇ လူသည်လုပ်စရာများလွန်းသောကြောင့်လုပ်စရာမသိ၊ရွေးစရာမသိ။ အနာဂတ်အကြောင်းကိုလည်းမသိ။ မည်သည့်အရာဖြစ်ပျက်မည်။ မည် သို့ရင်ဆိုင်ရမည်ကိုလည်းမခန့်မှန်းနိုင်အနာဂတ်အကြောင်းကိုမပြောနိုင်ကြ။
၈:၈ မိမိသေမည့်ရက်ကိုကျိန်းကျေအောင်လုပ်နိုင်မည့်သူမရှိ။ သေခြင်းကိုရှောင်လွှဲနိုင်သူတစ်ယောက်မှမရှိ။ သေမင်းတိုက်ပွဲကိုစစ်ပြေငြိမ်းနိုင်သူမရှိ။ သေမင်းကပင်အနိုင်ယူစမြဲလိမ်လည်လှည့်ဖျားခြင်းနှင့်မုသာစကားဟု လည်းသေခြင်းကိုမလိမ်မညာနိုင်ကြ။
၈:၉ နေရောင်ခြည်အောက်မှာလူ့အဖြစ်သနစ်များကိုဆင်ခြင်ကြည့်ရှုပါ သည်။ အချို့လူသည်အခြားသူများထက်ခေါင်းတလုံးပိုချင်ကြသည်။ ခေါင်း ပုံဖြတ်ဂုတ်သွေးစုပ်ချင်ကြသည်။ ထိုသို့ပြုကြသောအခါအခြားသူများက ဆင်းရဲခြင်းခံရသည်။ ရာထူးအာဏာရှိသူသည်ရာထူးအာဏာမရှိသူများကို နိုင်ခိုင်းစားသည်။
၈:၁၀ ဤအမှုမျိုးကြုံဆုံရသည်။ မတရားသောသူသေလွန်သဖြင့် သင်္ဂြိုဟ်ကြသည်။ သူနေခဲ့သောမြို့ရွာ၌အောက်မေ့သတိရပွဲ၊ရက်လည်ပွဲလုပ် ကြသည်။ ထိုသူသည်မရှိတော့သော်လည်းလူများကသူကောင်းကြောင်းကို ကြံဖန်ပြောဆိုချီးမွမ်းကြသည်။ ဘာသာရေးထုံးတမ်းစဉ်လာများသည်လည်း ဖြောင့်မတ်ခြင်းမရှိပါလား။ မတရားသူ၏ငရဲဆယ်ပိဿာထက်ကုသိုလ်တ ပိဿာချီးမွမ်းကြခြင်းသည်အဓိပ္ပာယ်မရှိသောလုပ်ရပ်ဖြစ်သည်။
၈:၁၁ ဥပဒေကျူးလွန်ဖောက်ဖျက်ခြင်း၊အရေးယူခြင်းတဝဲလည်လည် ဖြစ်နေပုံကိုထောက်ပြထားသည်။ ထိုသို့ဖြစ်ရခြင်းမှာဥပဒေဖောက်ဖျက်ကျူး လွန်ခြင်းများအားချက်ချင်းလက်ငင်းအရေးယူခြင်းမပြုဘဲ၊သွေးအေးမှလုပ် ကြသောကြောင့်ပေါ့ပျက်သွားသည်။ စွပ်စွဲခံရသူများအတွက်တရားမျှတမှုရှိ အောင်အချိန်ပေးခြင်းမှာကျိုးကြောင်းသင့်မြတ်ပါသည်။ ချက်ချင်းလက်ငင်း အရေးယူသင့်သည်။ အကြောင်းလည်းခိုင်လုံပါသည်။ အခြားတဘက်တွင်မူ အချိန်ကာလဆွဲခိုင်းခြင်းဖြင့်အဖြစ်အပျက်မှန်အားမတရားမှုများကဝင် ရောက်စွက်ဖက်နိုင်သည်။ သို့ကြောင့်တရားမျှတသောစီရင်ခြင်းထိပါးသွား စေနိုင်သည်။
၈:၁၂ ထိုအမှုအရာများကိုချို့ယွင်းချက်အဖြစ်ဒေသနာဆရာကသ ဘောထားလိုက်သည်။ဘုရားသခင်ကိုကြောက်ရွံ့သူသည်ဘဝအသက်တာ တွင်ကောင်းကျိုးခံစားကြသည်။ မတရားသောသူများသည် မတရားသောအ မှု ပြုလုပ်ခြင်းဖြင့် အသက်ရှည် ကသော်လည်း အဆုံးတွင် အချည်းအနှီး သာ ဖြစ်သည်။ ကောင်းသော အမွေခံဝတ်ဝန်းကျင် မကျန်ရှိ၊ ကောင်းသော သူသည် ထိုက်ထိုက် တန်တန် ဆုလက်ဆောင်ပြန်လည်ရရှိသကဲ့သို့ ဆိုး သောသူသည်လည်း တန်ရာတန်ကြေး ဝဋ်လည်သည်။
၈:၁၃ အဓမ္မလူသည် ပျောက်ဆုံးသူများဖြစ်သည် ဟု ဒေသနာဆရာ ကဆိုသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း မရှိသူသည် သက်စိုး မရှည် ကြ။ သူ့ဘဝသည်အရိပ်ပမာ တခဏသာဖြစ်သည်။
၈:၁၄ နိယာမတရားနှင့် နိယာမတစ်ခုနှင့်ဆန့်ကျင်သော အဖြစ် အပျက် တင်ပြသည်။ တခါတရံ အဓမ္မလူပြုသော ဒုစရိုက်ကြောင့် ဖြောင့်မတ်သောသူများ ဆင်းရဲဒုက္ခရောက် ကြသည်။ တဖန် ဖြောင့်မတ်သူများရရှိသည့် ဆုလက်ဆောင်များကို အဓမ္မလူများက နာမည်ကောင်း ဝင်ရောက် သူသည် လည်းရှိသည်။ ထိုကမောက်ကမ၊ ဗြောင်းတိဗြောင်းပြန် အမှုများသည် လူ့ဘဝတွင် ဖမ်းမရသောလူမှုပြဿနာဖြစ်သည်။ အချည်း အနှီးအမှု ဖြစ်သည်။
၈:၁၅ လူဘဝတလျှောက်မှာ ပြန်တွေ့သော အကောင်းဆုံးမူဝါဒကို ဓမ္မဆရာက တင်ပြထားသည်။ နေရောင်ခြည်အောက်မှာ စားခြင်း၊ သောက်ခြင်း၊ပျော်မွေ့ခြင်းထက် ကောင်းသော အမှုမရှိ။ လူ့ဘဝကာလကို အကျိုးရှိစွာ အသုံးချခြင်းဖြစ်သည်။ ထိုသို့ ပျော်ပါးမွေ့လျော်ရန် ဘုရား သခင်က လူအားကမ္ဘာမြေပေါ်တွင် ရှိစေသည်။ နေရောင်ခြည်အထက် ၊ မိုးကောင်းကင် အကြောင်းမပါ။ ထည့်မတွက်။ လက်ငင်းကြုံတွေ့ရသော မျက်မှောက်ဘဝတာအတွက်သာဖြစ်သည်။
၈:၁၆ ထို့ကြောင့် ဒေသနာဆရာသည် လူ့ဘဝအဓိပ္ပါယ် နား လည်နိုင်ရန် တနေ့နှင့်တညတစက်မမှေးဘဲ စဉ်းစားဆင်ခြင်သည်။ ဘဝဒဿနဖြေထုတ်သည်။ လူ့ဘဝအစမှစ၍ နိဂုံးတိုင်အောင် ဆင် ခြင်လေ့လာသည်။ လူ့လှုပ်ရှားမှု၊ ရုန်းကန်မှုကိုရှုမြင်သည်။ မအိပ်မနေ တညဉ့်နှင့် တရက်လုံ:လုံ:စဉ်းစားသည်။ သုတေသနပြုသည်။
၈:၁၇ ထိုသို့ မအိပ်မနားဆင်ခြင်သော အခါ အဖြေတစ်ခုရလာသည်။ ထိုအဖြေမှာဘုရားသခင်စီရင်တော်မှုသော လက်ရာတော်များကို လူ့အသိ ဉာဏ်ဖြင့် မသိရှိနိုင်။ မည်သို့ပင် ကြိုးစားသော်လည်း အဖြေရှာမရ။ လူ့ အစွမ်း အစ အသိဉာဏ်ဖြင့် ဘုရားသခင်၏ အမှုတော်များကို မသိရှိနိုင်။ သိမည် အထင်ဖြင့် အဖြေထုတ်မည်ကြံသော်လည်း အဆုံးမရောက်နိုင်။ နက် သက်ထက် မြင့်သထက်မြင့်သည်။ ဘုရားသခင်၏ လက်ရာတော်သည် လေးနက်မြင့်မားလှပါတကား။