ဒေသနာကျမ်း ၉

() နေရောင်ခြည်အောက်မှာ ပျော်ရွှင်သောဘဝ (အခန်း၉)

၉:၁ “အထက်အမှုအရာအလုံးစုံကိုဆင်ခြင်ရသည်ကား”ဆိုသည်မှာယခင်ဖော်ပြသောအချက်အလက်များကိုအကောင်းမြင်ဝါဒဖြင့်ကြည့်ရှုခြင်း ဖြစ်သည်။ ပညာရှိ၊လူကောင်းနှင့်လူတို့လုပ်ရပ်များသည် ဘုရားသခင်၏ လက်တော်ထက်၌ရှိသည်။ သို့သော်လည်းချစ်တော်မူသည်သို့မဟုတ် မုန်း တော်မူသည်ကိုအဘယ်သူမျှမသိရှိနိုင်။ အနာဂတ်ကာလကိုမည်သူမျှမသိ နိုင်။ မမှန်းဆနိုင်။ မည်သို့ဖြစ်လာမည်ကိုမသိကြ။

၉:၂ ဖြောင့်မတ်သူနှင့်အဓမ္မလူဖြစ်စေ၊လူကောင်းနှင့်လူဆိုးဖြစ်စေ၊စင်ကြယ်သူနှင့်မစင်ကြယ်သူဖြစ်စေ၊ယုံကြည်ကိုးကွယ်သူဖြစ်စေ၊မယုံကြည်သူဖြစ်စေ၊နောက်ဆုံးသွားသည့်လမ်းဆုံးသည်အတူတူဖြစ်သည်။ သင်္ချိုင်း ကုန်းဖြစ်သည်။ သို့ကြောင့်ဖြောင့်မတ်သူလည်းအဓမ္မလူအပေါ်အသာရစရာ အကြောင်းမရှိ။ ကျမ်းသစ္စာကျိန်ဆို၍မိမိကိုယ်ကိုအပ်နှံသူဖြစ်စေ၊မအပ်နှံသူ ဖြစ်စေ၊ထူးခြားမှုမရှိ။ အတူတူနှင့်အနူနူသာဖြစ်သည်။ ကျမ်းကျိန်သူသည် လည်းကျမ်းမကျိန်သူအပေါ်မြတ်ခြင်းမရှိ။

၉:၃ လူ့ဘဝ၏ကံကြမ္မာဆိုး၏ပုံကိုရှင်းပြထားသည်။ လူတိုင်းသည် သေရစမြဲဖြစ်သည်။မသေခင်ကာလတွင်ဘဝအလွှာအမျိုးမျိုးကျင်လည်ကြသည်။ နေရာဒေသအသီးသီးတွင်ဘဝအဖုံဖုံကြုံတွေ့ဖြတ်သန်းကြသည်။ သို့ သော်သေလွန်သောအခါထိုအမှုအရာတစ်ခုမှမကျန်မသိရှိကြ။ မသက်ဆိုင်ကြ။  အကယ်၍သေခြင်းမှာလမ်းဆုံးကြသည်ဆိုလျှင်အသက်ရှင်ကာလတွင်မတူ မတန်ခြားနားမှုများသည်မှုစရာဟုတ်ပါသလား။

၉:၄ လူသည်အသက်ရှင်နေသရွေ့မျော်လင့်ချက်ထားရှိသည်။ လူသည် မျှော်လင့်ချက်ဖြင့်အသက်ရှင်သည်။ အနာဂတ်ကိုကြည့်ရှုသည်။ ထိုသဘော အရသေသောခြင်္သေ့ထက်အသက်ရှင်သောခွေးသည်သာ၍ကောင်းမြတ်၏။  ဤနေရာတွင်ခွေးကိုလူ၏အနီးစပ်ဆုံးတိရစ္ဆာန်အဖြစ်ဖော်ပြလိုခြင်းမ ဟုတ်။ အနိမ့်ဆုံးသောတိရစ္ဆာန်ဟုရည်ညွှန်းသည်။၃၂ ခြင်္သေ့သည်ခွန်အားအကြီးဆုံးသားရဲတိရစ္ဆာန်များ၏တောမင်းဘုရင်ဖြစ်ကြောင်းရည်ညွှန်းသည်။

၉:၅ အသက်ရှိနေသူသည်တချိန်တွင်သေဦးမည်။ သို့သော်သေလွန်သူ သည်အဘယ်အရာကိုမှမသိ။

ဤကျမ်းပိုဒ်ကိုကိုးကား၍မိစ္ဆာဆရာများကလူသေလျှင်ဝိညာဉ်လည်း သေသည်။ အဓိပ္ပာယ်ကောက်ကြသည်။ အသက်ထွက်သွားသောအခါအသိတရားကင်းမဲ့သည်ဟုဆိုကြသည်။ သို့သော်ဤကျမ်းပိုဒ်တစ်ခုတည်းအပေါ်တွင် သာထိုကဲ့သို့ကောက်ချက်ချလျှင်မှားယွင်းပါသည်။ဤဒေသနာကျမ်းမှသွန်သင်ချက်များသည်နေရောင်ခြည်အောက်ကအတွေးအမြင်ဒဿနများသာ ဖြစ်သည်ဟုအဖန်တလဲလဲရှင်းပြပြီးဖြစ်သည်။ တနည်းပြောရလျှင် သမုတိသစ္စာများသာဖြစ်သည်။ ယုတ္တဗေဒရှုထောင့်အရကြည့်လျှင်မှန်ကန်ပါသည်။ သို့သော်ဘုရားသခင်စကားတော်မဟုတ်။ ပညာရှိသူပင်လျှင် ကျမ်းစာမကိုင် လျှင်လက်ခံနိုင်လောက်ပါသည်။

စာရှုသူများလည်း လူသေကောင်အသုဘချပုံကိုတွေ့မြင်ဘူးကြပေမည်။ ရုပ်အလောင်းကိုသင်္ချိုင်းဂူသို့မြှုပ်နှံကြသည်။ ထိုဖုန်မှုန့်မြေကြီးထဲမှ  ပြန်လည်ထလာသည်ဟုကြားဘူးကြပါသလား။ ဘဝလမ်းဆုံးပြီဟုယူဆ ကောင်းယူဆကြမည်။ အသိဉာဏ်မရှိဟု သိမှတ်ကြမည်။ မည်သည့်အရာမှမ လုပ်နိုင်၊မလှုပ်ရှားနိုင်ဟုထင်မြင်ယူဆကြမည်။ အရာခပ်သိမ်းကိုမေ့လျှော့ ထားသည် ထိုထက်ကြာလာလျှင်ပို၍မေ့ပျောက်ဦးမည်။

၉:၆ သေသည်နှင့်အမျှထိုသူနှင့်ပတ်သက်သောချစ်ခြင်း၊မုန်းခြင်း၊ မနာလိုခြင်းအစရှိသောလူ့စိတ်သဘောထားအားလုံးလည်းပျောက်ကွယ်သည်။ ခံစားချက်များပပျောက်သွားသည်။ နောက်တဖန်ဤကမ္ဘာမြေပေါ် မှာပေါ်လာစရာအကြောင်းမရှိ။ အခြားလူသားများနှင့်ပတ်သက်ဆက်ဆံစ ရာလည်းမရှိ။ လုံးဝချုပ်ငြိမ်းသွားသည်။

၉:၇ တဖန်ဒေသနာဆရာ၏ လူ့ဘဝဒဿနကိုတွေ့ရမည်။ တိုတောင်း လှသောလူ့ဘဝတခဏတာလေးမှာဘဝကိုကျေနပ်စွာအသက်ရှင်လော့၊ ပျော်ရွှင်စွာနေလော့။ အကောင်းဆုံးအစာကိုစားလော့၊ချိုမြိန်သောအရက်ကို သောက်လော့။ ချစ်သောသူကိုပွေ့ဖက်နမ်းရှုပ်လော့။ ထိုသို့ပြုလုပ်ရန်ဘုရား သခင်ကလူကိုဖန်ဆင်းထားခြင်းဖြစ်သည်။ လူသားလုပ်သမျှအားလုံးတင့် တယ်သည်ဟုဒေသနာဆရာကဆိုသည်။

၉:၈ လှပသန့်ပြန့်သောအဝတ်အစားကို ဝတ်ဆင်ပါ။ နောက်မှနောင်တမရနှင့်။ ဦးခေါင်းကိုလည်းနံ့သာမွှေးလိမ်း၍ ကြော့နေအောင်ဖီးပါ။ ပြာပုံမဖြစ် စေနှင့်ဟုဆိုသည်။ လောကကိုအောင်မြင်သောအချို့လူများက ကမ္ဘာမြေကြီး သည်လူသားများပျော်ရွှင်ဖို့၊ သာယာဖို့ဖန်ဆင်းထားသောနေရာဖြစ်သည်ဟု ခံယူကြသည်။ ထိုအထဲတွင်ရှောလမုန်လည်းပါဝင်သည်။

၉:၉ နေရောင်ခြည်အောက်ရှိတိုတောင်းလှသော လူ့ဘဝတာလေးမှာအ ဘယ်အရာမှအစိုးမရပါ။သို့သော် ထိုအထဲမှအဖိုးတန်ရတနာအဖြစ်မှာကိုယ် ချစ်သောသူနှင့်ထိမ်းမြားလက်ထပ်၍ဘဝဆုံးတိုင်ချစ်ခင်ကြင်နာကြသည်။ လူ့ဘဝသည်အခက်အခဲပြဿနာများနှင့် နေ့စဉ်နပန်းလုံးရသောကာလဖြစ် သည်။ ထိုပင်ပန်းဆင်းရဲခြင်းကိုနှစ်သိမ့်နိုင်သောအရာမှာသင့်ချစ်သူတ ယောက်တည်းသာဖြစ်သည်။

အပိုဒ်ငယ်၇-၉သည် ရှေးဗာဗုလုန်ဆရာကြီးGilgamesh၏ တေးကဗျာနှင့်အလွန်ဆင်မည်။

လူသားကိုဖန်ဆင်းစဉ်အခါက

သေခြင်းကိုလည်းတပါတည်းပေးလိုက်သည်။

ဘဝဟူသည်လက်ရှိကာလ

အို ဂိလဂါမက်၊သင့်ဗိုက်ကိုရွှင်စေလော့။

နေ့နှင့်ညကိုပျော်ရွှင်အောင်သုံးလော့။

နေ့တာကိုပျော်ရွှင်စွာကုန်ဆုံးစေပါ။

နေ့နှင့်ညသည်ပျော်ရွှင်စရာကာလတာ

ဝတ်ကောင်းစားလှဆင်မြန်း၍

ခေါင်းကိုသန့်ရှင်းမွှေးကြိုင်စေပါ။

သင့်လက်လိုရာကိုဖမ်းဆွဲပါ။

သင်ကြိုက်နှစ်သက်သူကိုသိမ်းပိုက်ပျော်မွေ့ပါ။

ထိုသည်သာ လူ့ဘဝအဓိပ္ပာယ်ဘဝသစ္စာတည်း၁၃

ထိုအမှုအရာများသည်တစ်ယောက်ကိုတစ်ယောက်အတုယူအတတ်သင်စရာမဟုတ်။နေရောင်ခြည် အောက်မှာသာတူညီမျှလူတိုင်းအခွင့်အရေးပေးထားသည်။ ထိုအကြောင်း ကိုစဉ်းစားလျှင် Denis Alexander၏စကားကို သတိရသည်။ ဝေမျှပါရစေ။

လူသားဧဒိအတွက် ဤဆေးတောင့်ကိုမြိုချရန်ခက်ခဲသည်။ (၂၀)ရာစု  နှစ်နောက်ပိုင်းရှိအသက်(၃၀)အောက်လူငယ်လူရွယ်များတွင် မိမိကိုယ်ကိုပထမဦးဆုံးပြန်မေးချင်သည်။ အချိန်ကာလပြောင်းလဲမှု၏အကျိုးကို အသေအချာဆုပ်ကိုင်နိုင်ပါသလား။ အချိန်အခါနှင့်အခွင့်အရေးကိုအချိန်ကိုက်ရယူ နိုင်ပါသလား။ အဘယ်ကြောင့်ဆိုသော်အချို့က ကံကြမ္မာကိုရိုးမယ်ဖွဲ့ချင်ကြ သည်။ ကျွန်တော်သည်အခြားသူများ၊ အခြားအရာများထက်အဖိုးတန်သည် ဟုခံယူသည်။တခြားလူငယ်များလည်းထိုကဲ့သို့ဖြစ်ကြမည်။ ယုန်၊သစ်ပင်၊ ကျောက်ခဲအစရှိသည်များသည်လွန်ခဲ့သောအနှစ်တရာခန့်ကရှိခဲ့သည်။ ယ နေ့ကာလတွင်လည်းရှိနေကြသည်။ သို့သော်ကျွန်ုပ်၏ခန္ဓာကိုယ်သည် ထိုခေတ်ကာလအဆက်ဆက်ကထိုအရာများနှင့်ထူးခြားသည်။ ထို့ထက်ပြောရလျှင်အနုမြူလှုပ်ရှားမှုသည် ယုန်ဦးနှောက်ထက်ကျွန်ုပ်ဦးနှောက်တွင်ပိုမို သက်ဝင်သည်။ အဓိပ္ပာယ်ပိုရှိသည်။

အခြားတစ်ခုပြောစရာရှိသည်မှာ သေခြင်းသည်လမ်းကြောင်းတစ်ခု၏အဆုံးဖြစ်သည်။ သို့ကြောင့်ကျွန်ုပ်ခန္ဓာကိုယ်၊ ကျွန်ုပ်ဦးနှောက်လှုပ်ရှားမှုသည် လည်းတပြိုင်တည်းရပ်စဲသွားသည်။ လူ့ဘဝကာလတွင်တရားမှု၊ မတရားမှု၊ စင်ကြယ်မှု၊ မစင်ကြယ်မှုများခံစားရသော်လည်းကျွန်တော်၏ခံစားချက်များ သည် အချိန်နှင့်အတူကုန်ဆုံးချုပ်ငြိမ်းသွားသည်။ နှစ်ကြာငြောင်းသောအခါ ကမ္ဘာမြေပေါ်မှ လူ့သမိုင်းကြောင်းများသည်လည်း သမိုင်းစာမျက်နှာတွင်သာ ကျန်ရှိမည်။ အကြီးအကျယ်ဆုံးစာပေပညာရှင်၊ အနုပညာရှင်များသည် လည်း ဒုတိယကမ္ဘာမြေမီးလောင်ခြင်းထဲတွင်ပြာကျချုပ်ငြိမ်းကြမည်။ ဟစ်တလာ၊ မာတင်လုသာ ဂျိမ်းစီးဝီးလ်၊ ဖရန်စစ်အစ္စစီ၊ ဥက္ကဌကြီးမော်၊ ကနေဒီတို့ သည်လည်းမရှောင်လွဲနိုင်ကြ။ ထိုအထဲတွင်ပါသွားကြမည်။

သို့ကြောင့် ဆိုးသောအရာထဲမှအကောင်းဆုံးသောအမှုကိုရွေးချယ် ထားသည်။ ပြောင်းလဲမှုနိယာမထက် လူ၏ကြိုးစားအားထုတ်မှုကိုပိုမိုအ လေးထားသူဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခဖြစ်နေခြင်း၊ မေးခွန်းများကိုလစ် လျှူမရှု၊ လူ့အသိုင်းအဝိုင်း၏ပြဿနာအရင်းကိုဖြေရှင်းနိုင်အောင်ရှာဖွေရ မည်။ လူ၏ဦးနှောက်အတွေးအခေါ်သည် စယန္တရားကဲ့သို့ သဘာဝစက်ယ န္တရားအဖြစ်လည်ပတ်နေသည်မှာ တိရစ္ဆာန်များ၏ဦးနှောက်ထက်အလုပ်လုပ်ကြောင်းထူးခြားသည့်အချက်ပြ သည်။ အသိအာရုံကပေးသောခံစားချက်များသည် အမှန်တကယ်ဖြစ်သည်။ ထိုသို့ယုံကြည်ရသည့်အကြောင်းအထောက်အထားပေးစရာမရှိပါ။၃၄

၉:၁၀ ဤကျမ်းစကားသည် ဒေသနာကျမ်းမှလူသိများထင်ရှားသော ကျမ်းချက်ဖြစ်သည်။ အမှုဆောင် လုပ်ငန်းတွင်၎င်း၊ တဦးနှင့်တဦးအားပေးရာတွင်၎င်း၊ ကိုးကားလေ့ရှိကြသည်။ ကျမ်းပိုဒ်၏အနှစ်သာရများ မရဏာ သေရွာ၌အလုပ်လုပ်ခြင်းတီထွင်ကြံဆခြင်း၊ စဉ်းစားခြင်းကိစ္စမရှိတော့ပါ။ အသက်ရှင်သည့်ကာလအခိုက်အတန့်မှာရသမျှအခွင့်အရေးကိုမလွတ်တန်း ဆုပ်ကိုင်ထားလော့ဟုအနက်ရသည်။ ဖြစ်သင့်ဖြစ်ထိုက်သောအရာများကို လက်လွတ်မခံပါနှင့်။

အကြံပေးချက်သည် ကြီးမြတ်ပါသည်။ သို့သော်အကြောင်းအရာမှားနေသည်။ အကြောင်းပြချက်မခိုင်လုံ။ အကြံပေးချက်သည် ကန့်သတ်ချက်ရှိနေသည်။

၉:၁၁ အခြားအတွေးအမြင်တစ်ခုမှာ လူ့ဘဝတွင်ကြီးမားသော အခွင့်အရေးနှင့်အခွင့်အရေးဆုံးမှုတလှည့်စီလာတတ်ကြသည့်အကြောင်းဖြစ်သည်။ ကံကောင်းခြင်းကြုံသော်လည်း ကံကောင်းသည့်အတိုင်းအခွင့်အရေးမရ လိုက်သည်လည်းရှိသည်။ အပြေးသန်သူတိုင်းအမြဲတမ်းမနိုင်ပါ။ရဲစွမ်းသတ္တိ ပြည့်စုံတိုင်းလည်း တိုက်ပွဲမအောင်မြင်ပါ။ ပညာရှိသူတိုင်းလည်းအကောင်းဆုံးအစာမှီဝဲရပါ။ အလိမ္မာဆုံးသည်လည်း အချမ်းသာဆုံးမဟုတ်ပါ။ ဉာဏ်အကောင်းတိုင်းလည်း စည်းစိမ်မခံရ။ အချိန်နှင့်အခွင့်အလန်းသည် အောင်မြင်ခြင်းနှင့်ကျရှုံးခြင်း၏သော့ချက်ဖြစ်သည်။ သူဌေးကြီးJ.Pual  Getty အား ချမ်းသာရခြင်းအကြောင်းမေးမြန်းကြသောအခါ”အချို့ကရွှေတွင်းတွေ့၍ အချို့ကမတွေ့ကြ”ဟုဆိုသည်။

၉:၁၂ မည်သည့်ကာလတွင်ကံဆိုးမိုးမှောင်ကြုံတွေ့မည့်အကြောင်းမည်သူမှမသိကြ။ ငှက်များထောင်ချောက်မိ၊ ငါးပိုက်ကွန်မိသကဲ့သို့ လူသည်လည်းကံဆိုးမိုးမှောင်ကျချိန်၊ သေပွဲဝင်မည့်အချိန်ရှိသည်။ မည်သည့်အချိန်တွင် ကျည်ဆံနဖူးလာမှန်မည်ကိုမသိ။ ယမမင်းကနာမည်လာခေါ်မည့်အချိန်မသိ ကြ။

၉:၁၃-၁၅ အခြားခေါင်းကိုက်စရာစကားပေါ်လာပြန်ပြီ။ ဉာဏ်ပညာ သည်နေရာတကာမှာသုံးစား၍မရ။ ဤသို့ပုံဥပမာပေးထားသည်။ လူဦးရေ နည်းသောမြို့ငယ်တစ်ခုသည်အင်အားတောင့်တင်းခြင်းမရှိ။ သို့သော် ရှင်ဘု ရင်တပါးသည်စစ်အင်အားအလုံးအရင်းဖြင့်ရောက်လာ၍ ထိုမြို့ငယ်လေးကို ဖျက်ဆီးဖို့ဝိုင်းရံထားသည်။

မျှော်လင့်ချက်မရှိသောအားနည်းသူထဲမှ ပညာရှိသည်လွတ်မြောက် ၏။ မြို့ကိုကယ်တင်သည်။ထိုအခါထိုပညာရှိသည်သူရဲကောင်းကြီးဖြစ်လာ သည်။ သို့သော်များမကြာမီမေ့ပျောက်ကြပြန်သည်။

၉:၁၆ ပညာသည် ခွန်အားထက်ကောင်းမြတ်၏။ သို့သော်ဆင်းရဲသား၏အကြံပေးချက်ကိုမူအသိအမှတ်မပြုကြ။ ရှိုတ်ချကြသည်။ အခက်အခဲပြီး ဆုံးသည်နှင့်တပြိုင်နက်သူ့စကားများကိုမေ့ပစ်ကြသည်။ လေးစားသမှုမရှိ ကြ။

ဤပုံဥပမာကို ယနေ့ဧဝံဂေလိလုပ်ငန်းတွင်သုံးကြသည်။ ထိုအားနည်း သောမြို့ကိုအကာအကွယ်မဲ့ချိနဲ့သော လူ့ဝိညာဉ်အဖြစ်ပုံနှိုင်းကြသည်။ အင် အားကြီးသောဘုရင်ကိုစာတန်မာရ်နတ်၊အဖျက်အမှောက်ပြုလုပ်သူ  (၂ကော၄:၄၊ဧ၂:၂)အပြစ်ပုံနှိုင်းကြသည်။ ကယ်နှုတ်သူမှာဆင်းရဲခြင်း  (၂ကော၈:၉)နှင့်ဉာဏ်ပညာ(၁ကော၁:၂၄၊၁ကော၂:၃)ဖြစ်သည်။ အဘယ် မျှသေးငယ်သော်လည်းထောက်ပံ့သည်။ ကယ်နှုတ်သည်။ လေးစားသည်။ လောကသားများကမေ့ပျောက်ကြသော်လည်းလူ့လောကမှာအသက်ရှင် သည်။ ယုံကြည်သူခရစ်ယာန်များကမူ အမှတ်တရအထိမ်းအမှတ်မကြာခ ဏပြုလုပ်လေ့ရှိသည်။ ပွဲတော်မင်္ဂလာကျင်းပကြသည်။

၉:၁၇ လူသည်မိမိပြောချင်ရာကို အော်ကြီးဟစ်ကျယ်ဆူညံစွာပြောဆိုတတ်သည်။ ပညာရှိသည်အေးဆေးတည်ငြိမ်စွာပြောဆိုလေ့ရှိသည်။ သို့သော်  အုပ်စိုးသူမင်းရှေ့တွင်အသံကျယ်သောလူမိုက်ဆူညံသံထက် ဣန္ဒြေရသောပညာရှိစကားကပိုမိုထိရောက်သည်။

၉:၁၈ ပညာရှိစကားသည်ကြီးမားသောလက်နက်၊ အစွမ်းထက်သောခဲ ယမ်းဖြစ်သည်။၂ရာ၂၀:၁၄-၂၂တွင် ပညာရှိမိန်းမကသူ့မြို့အားရန်သူ့ခြိမ်း ခြောက်သည့်အန္တရာယ်ရန်စွယ်မှကယ်နှုတ်သည်ကိုတွေ့ရမည်။

သို့သော်ကြီးမားသောအပြစ်ဒုစရိုက်များကသာ ပညာရှိကိုဖျက်ဆီး သည်မဟုတ်။ မြေခွေးငယ်ကလေးများက စပျစ်ခြံဖျက်ဆီးတတ်သည်ကိုသတိပြုရမည်။

Previous Article
Next Article