ဒံယေလအနာဂတ္တိကျမ်း ၁၁

၁၁။ ချက်ချင်းပေါ်ထွန်းလာမည့်ပရောဖက်ပြုချက်များ(အခန်း၁၁)

 (က) ဂရိတို့က Medo-Persia တို့ကို အောင်မြင်ခြင်း (၁၁:)

ပရောက်ဖက်ပြုချက်များအားလုံး မပြည့်စုံသေးသကဲ့သို့ အပိုဒ်ငယ် ၁-၃၅ သည် ယခုကာလတွင် ဖြတ်သန်းကြုံတွေ့ ပြီးသော အဖြစ်အပျက်များ ဖြစ်သည်။ အပိုဒ်ငယ် ၃၆-၄၅ ကိုရှေ့အနာဂတ်တွင် ကြုံတွေ့ကဦးမည်။ အပိုဒ်ငယ် ၁ တွင်ပါရှိသော “သူ”သည်မိက္ခေလဖြစ်သည်။ အပိုဒ်ငယ် ၂ တွင်ပါရှိသည့်တန်ခိုးသည် ပါရှားဘုရင် (၄) ပါးဖြစ်၍ နောက်ဆုံးဆန့်ကျင်ဖက်၌ ရှိသူမှာ ဂရိမင်းဖြစ်သည်။ ပါရှားရှင်ဘုရင် (၄) ပါးက-ကမ်ဗု Cambyses ၊ သမေရဒိ Pseudo-Smerdis၊ ဒါရိ Darius I (Hytospes)နှင့် အာရွှေရု Xerxes I (Ahasuerus)တို့ဖြစ်ကြလေသည်။ မဟာလက်ဇန္ဒား (အာလေဇန္ဒု) မင်းကြီးသည် ပါရှားမှ ဂရိတိုင်အောင် ကမ္ဘာကြီးနှင့် သတ်ပုတ်တိုက်ခိုက်သူဖြစ်သည်။

() ဂရိအင်ပါယာဆွေးမြှေ့ပျက်ဆီးခြင်း(၁၁:၃၅)

၁။ အဲဂုတ္တုနှင့် ဂရိတို့စစ်မက်ဖြစ်ပွားခြင်း (၁၁:၂၀)

          ၁၁: အလက်ဇန္ဒားဘုရင် နတ်ရွာစံသောအခါ သူ့နိုင်ငံတော်အား ဒေသကြီး(၄) ပိုင်းခွဲခြားစိပ်ဖြာကြသည်။ အဲဂုတ္တု၊ ဆီးရီးယား -ဗာဗုလုန်၊ အာရှမိုင်းနားနှင့် ဂရိပြည်ဟူ၍ ထွန်းကားလာသည်။ အဲဂုတ္တုပြည်ကိုတောင်ပိုင်းနိုင်ငံ အဖြစ်၎င်း၊ ဆီးရီးယားနှင့် ဗာဗုလုန်ကို မြောက်နိုင်ငံအဖြစ်၎င်း အသီးသီးအုပ်စိုးကြသည်။ ထိုသူများသည် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာကို အောင်နိုင်ခဲ့သော အလက်ဇန္နားမင်း၏ ညာလက်ရုံ:စစ်သူကြီးများ ဖြစ်သည်။

          ၁၁: အပိုဒ်ငယ် ၅-၃၅ သည်နှစ်နိုင်ငံအကြား စစ်မက်ဖြစ်ပွားသည့်အကြောင်းများဖြစ်သည်။ တောင်ပိုင်းနိုင်ငံ၏ ပထမဆုံ:မင်းမှာ တောလမီ Ptolemy I ဖြစ်သည်။ မြောက်ပိုင်းနိုင်ငံရှုရိ (ဆီးရီးယား) မင်းမှာ နောင်တွင် တောင်ပိုင်းနိုင်ငံကို အနိုင်ယူအုပ်စိုးမည့် ဆယ်လူးကပ်စ်မင်း Seleucus I ဖြစ်သည်။ထိုမင်းနှစ်ပါးသည် အစပထမတွင် နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်းခင်းသော မဟာမိတ်နိုင်ငံများဖြစ်ကြသည်။ ကာလကြာလာသောအခါ တဘက်နှင့် တဘက် အင်အားပြ တန်ခိုးပြိုင် အငြင်းပွားမှုများပေါ်ပေါက်၍ စစ်မက်ဖြစ်ပွားလာကြသည်။ ၁၄ Ptolemy II လက်ထက်တွင် သမီးတော်  Berenic အား ဆီးရီးယားဘုရင်  Antiochus II နှင့်ဆက်လက်စေ၍ နှစ်နိုင်ငံ သွေးစည်းညီညွှတ်၍ ပြုခဲ့ကြသော်လည်း ရှေးဘုန်းကံမပါကြသဖြင့် အဆုံးတွင် သွေးချောင်းစီးတိုက်ပွဲများ ဆင်နွှဲ၍ အချင်းချင်း သတ်ဖြတ်ကြသည်။

          ၁၁: Bernice ၏ မောင် Ptolemy III က Seleucus Callinicus ကို တိုက်ခိုက်အောင်မြင်ပြီး လက်ရဖမ်းသော သုံ့ပန်းများနှင့်အတူ အဲဂုတ္တုပြည်သို့ပြန်လာသည်။ နောက်(၂)နှစ် အကြာ၌ Seleucus က အဲဂုတ္တုပြည်အား ပြန်လည်တိုက်ခိုက်သော်လည်း မအောင်မြင်။

          ၁၁:၁၀၁၇ Antiochus III ၏ သားများလက်ထက်တွင် ပိုမိုအောင်မြင်ကြီးထွားကြသည်။ အပိုဒ်ငယ်၁၀-၂၀သည် တောင်ပိုင်းနှင့်မြောက်ပိုင်းနိုင်ငံများအကြားတွင် ဘတပြန်ကျားတပြန် စစ်အရှိန်အဟုန် ဒီရေအတက်အကျ ဇာတ်လမ်းဖြစ်သည်။ အပိုဒ်ငယ် ၁၇တွင် Antiochus III က သမီးတော် ကလီယိုပက်ထရာ (ကမ္ဘာကျော်အလှပိုင်ရှင်နှင့် အဲဂုတ္တုဘုရင်မဖြစ်လာသူမဟုတ်) Ptolemy V အား ဆက်သမည့်အကြောင်းဖြစ်သည်။ သို့သော်အဲဂုတ္တုပြည်ဘက်၌ စိတ်ဒုံးဒုံးမချနိုင်။

          ၁၁:၁၈၂၀ ဤအပိုဒ်သည် Antiochus III ကဂရိပြည်အား တိုက်ခိုက်လုပ်ကိုင်ရန် ကြိုးစားစဉ် သာမိုပိုင်လေး Thermopylae နှင့် မဂ္ဂနီးရှား Magnesia ဒေသတွင် ရောမစစ်တပ်၏ တိုက်ခိုက်ချေမှုန်းခြင်း ခံလိုက်သဖြင့် လက်ချည်းဗလာနေရပ်ဌာနသို့ပြန်လာကြရသည်။ တိုင်းသူပြည်သားများက ဆူပူသောင်းကျန်းရာမှ ပုန်ကုန်သူများလက်ချက်ဖြင့် ကံတော်ကုန်သည်။ ထိုမင်းကို လုပ်ကြံအာဏာသိမ်းပိုက်သော Seleucus Philopaterသည် တိုင်းသူပြည်သား လူအများအား အခွန်အတုပ်ကို မတော်မတရား ဖိစိကောက်ခံမူကြောင့် လူကြိုက်နည်း မုန်းတီးလာကြသည်။ တိုင်းပြည်လည်းမငြိမ်မသက်။ လူထုကလည်းမနှစ်မသက်ငြိုငြင်စဉ်တွင် အံ့သြဖွယ်ကောင်းလောက်အောင် ရုတ်ခြည်းသေဆုံးသည်။ အချို့သမိုင်းဆရာများက အဆိပ်ခတ်ခြင်းခံရသည်ဟု ရေးသားကြသည်။

၂။ မင်းဆိုးမင်းညစ် Antiochus Epiphanes အုပ်စိုးခြင်း (၁၁:၂၁၃၅)

          ၁၁:၂၁၂၂ အပိုဒ်ငယ် ၂၀ တွင် ပါရှိသည်။ Antiochus Epiphanes  နန်းတက်ခြင်းသည် အခန်း ၈ တွင်ဖော်ပြထားသည့် ဦးချိုငယ်ပင် ဖြစ်သည်။ ထိုသူသည် ဘုရင့်အရည်အချင်းရှိသောကြောင်း ဘုရင်ဖြစ်လာသည်မဟုတ်။ မင်းဖြစ်လာသော ကျေးကျွန်ဖြစ်သည်။ မင်းကျင့်တရားအတိုင်းမကျင့် ဆိုးသွမ်းဟော့ရမ်းသည်။ ယုဒယဇ်ပုရောဟိတ်ကြီးများ၊ မိဿဟာယခံသော မင်းများကိုလည်း ကွပ်မျက်ခဲ့သည်။

          ၁၁:၂၃၂၄ Antiochusသည် တိုင်းနိုင်ငံ အသီးသီးနှင့်လည်း မဟာမိတ်စစ်စာချုပ်ချုပ်သည်။ အထူးသဖြင့် အဲဂုတ္တုပြည်နှင့် မဟာမိတ်ချုပ်ဆိုခြင်းမှာ သူ့အကျိုးအတွက် ဖြစ်သည်။ နယ်မြေဒေသငယ်များကို နိုင်ထက်စီးနင်းပြု တိုက်ခိုက်သိမ်းပိုက်ပြီး ဘုန်းတန်ခိုးနယ်ချဲ့ထွင်သည်။ စီးပွားရှာစားသည်။

          ၁၁:၂၅၂၆ အတန်ကြာသော် အဲဂုတ္တုပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ပြင်ဆင်ပြန်သည်။ သို့သော် မဟာမိတ်ပြုခဲ့သော တောင်ဘုရင်သည် သူ့ဖက်၌ မရပ်တည်။ အဘယ့်ကြောင့်ဆိုသော်ထိုမင်း၏ ကောက်ကျစ် လိမ်လည်မူကို သိရှိကြသည်။

          ၁၁:၂၇၂၈ ဆီးရီးယားနှင့်အဲဂုတ္တုဘုရင်နှစ်ပါးတို့ မိတ်ဖက်ပြုကြသော်လည်း စိတ်နှလုံးတွင် ရှိသည့်အတိုင်းမဟုတ်ကြ။ အပေါ်ယံဟန်ဆောင်ကြခြင်း ဖြစ်သည်။ Antiochus သည် နေရပ်ဌာနသို့ ပြန်ရောက်သောအခါ ဣသရေလအား စစ်မက်ပြုဖို့ စီစဉ်ပြန်သည်။ မြင်မြင်သမျှ သတ်ဖြတ်လုယက် ခိုင်းသည်။

          ၁၁:၂၉၃၁  Antioch သည် နောက်တဖန်အဲဂုတ္တုပြည်သိမ်းပိုက်ရန် ချီတက်ပြန်သည်။ အလက်ဇန္ဒရီးယားအရပ်ဒေသအနီးတွင် ​ရောမစစ်တပ်က (ခိတ္တိမ်သင်္ဘောက) တိုက်ခိုက်မောင်းထုတ်ပစ်သည်။ ပါလက်စတိုင်းဒေသအား ဖြတ်ကျော်ဆုတ်ခွါလာစဉ် သူ၏ အမျက်ဒေါသသည် ဣသရေလတို့ဖက်သို့လှည့်သွားသည်။ ယုဒလူအချို့နှင့်ပူးပေါင်းသည်။ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းကို တားမြစ်သည်။ ထိုနေရာတွင် ရွံရှာဘွယ်ရာ ရုပ်တုဆင်းတုများကို နေရာပေးသည်။ သမိုင်းရာဇဝင်တွင် ယဇ်ပလ္လင်ပေါ်၌ ဝက်သတ္တဝါကောင်ပူဇော်ခြင်းဖြင့် ယဇ်ပလ္လင်ကို စော်ကားသည်ဟု မှတ်သားတင်ထားသည်။ ငယ်၂၈၊ ၃၀၊ ၃၂ ၌ ပါရှိသည်။ ပဋိညာဉ်တရားဆိုသည်မှာ ယုဒယုံကြည်မှုနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာထုံးဓလေ့ နည်းနာများကိုဆိုလိုသည်။

          ၁၁:၃၂၃၅ ဤရက်စက်ကြမ်းကြုတ်မှုများကြောင့် Judas Maccabaeus  ဦးဆောင်သောသားစဉ်မြေးဆက် တော်လှန်ပုန်ကန်မှု ဖြစ်ပွားပေါ်ပေါက်လာရသည်။ Antiochusဘက်သို့ပူးပေါင်းသောယုဒပျက် များသည် သေကြေပျက်စီးကြသော်လည်း သစ္စာရှိသော ယုံကြည်သူများက အင်အားကြီးထွားပြည့်ဝလာသည်။ တဘက်တွင် ထိတ်လန့်ကြောက်ရွံဖွယ် သတ်ဖြတ်မှု ကြုံတွေ့ရသော်လည်း အခြားတဘက်၌ လူများသည် ဝိညာဉ်ရေးရာနိုးကြားလာသည်။ အခြားသူများကိုလည်း နိုးထစေကြသည်။

၁၂။အနာဂတ်ကာလအတွက် ပရောဖက်ပြုချက် (၁၁:၃၆၁၂:၁၃)

(က) အန္တိခရစ် (၁၁:၃၆၄၅)

          ၁၁:၃၆၃၉ ငယ် ၃၆-၄၅ သည် အနာဂတ်ကာလအတွက် ပရောဖက်ပြုချက်ဖြစ်သည်။ အပိုဒ်ငယ် ၃၆ တွင်ပါရှိသည့် ဘုရင်သည် မိမိကိုယ်ကို ချီးမြှောက်သည့် ဘဝင်မြင့်သူဖြစ်သည်။ တနည်းအားဖြင့် အန္တိခရစ်ဖြစ်သည်။ ဣသရေလလူမျိုးအပေါ်ဘုရားသခင်၏ အမျက်ဒေါသ ပြီးမြောက်ပြည့်စုံသည့် ကာလတိုင်အောင် ထိုမင်းသည်ကောင်းစားနေဦးမည်။ လူအများကသူ့အား ဘိုးဘေးတို့ကိုးကွယ်သောဘုရား၊ မိန်းမ တို့၏တပ်မက်ခြင်းဟု ထင်မှတ်ကြသည်။ တပါးအမျိုးသားမေရှိယကယုဒလူတို့ကို လိမ်လည်လှည့်ဖျားမည်။ စစ်မက်လိုလားသူဖြစ်မည်။

၁၁:၄၀-၄၅ အပိုဒ်ငယ် ၄၀-၄၅ တွင် ပြဿနာတစ်ခုရှိသည်မှာ သူနှင့်သူ့ကိုဟူသောစကားလုံးဖြစ်သည်။ မည်သူ၏နာမ်စားဖြစ်ပါသနည်း။ အနက်ဖွင့်ဆိုချက် တစ်ခုကို လေ့လာကြည့်အောင်။ တောင်ရှင်ဘုရင်သည် ထိုမင်းကိုတိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း ပါလေတိနနှင့် အဲဂုတ္တုပြည်ကို ချင်းနင်းလွမ်းမိုးလိမ့်မည်။သို့သော်လည်း အရှေ့နှင့်မြောက်အရပ်မှလာသော သတင်းစကားများက နှောင့်ယှက်သောကြောင့် ပါလေတိနသို့ ပြန်လာ၍ ပင်လယ်များ (မြေထဲပင်လယ်နှင့်ပင်လယ်သေ) အကြားနှင့် ယေရုရှလင်တွင် စတည်းချကြမည်။ အဘယ်သူမှ မကူညီနိုင်ကြသဖြင့် လုံ:ဝဥဿုံပျက်စီးသွားကြမည်။

Previous Article
Next Article