ဓမ္မရာဇဝင်တတိယစောင် ၁၀

() ရှေဘဘုရင်မ အလည်အပတ်ကြွလာခြင်း (၁၀:၁၃)

၁၀:၁၃  အခန်း(၁၀)သည် ရှောလမုန်မင်း၏ ဘုန်းတန်ခိုးနှင့် ကြွယ်ဝပုံကို ဋီကာချဲ့ခန်းဖြစ်သည်။ ပန်းကန်ခွက်ယောက်များမှသည် လှေသင်္ဘောအဆုံး၊ ဆင်စွယ်သလွန်တော်မှသည် စစ်မြင်းရထားအထိ အနုလက်ရာ ပြောင်မြောက်စွာ ထုလုပ်ထားသည်မှာ သာမန်လူတို့စိတ်ကူး၍ မမီနိုင်အောင် ဆန်းကျယ်လှပလှသည်။ ရှောလမုန်ဘုရင်၏ ဉာဏ်ပညာနှင့် ကြွယ်ဝချမ်းသာပုံကို မျက်မြင်တွေ့ရသောအခါ လိုတရပြည့်စုံလှသော ရှေဘဘုရင်မ ကပင် ခန့်ညားမိန်းမော သွားရသည်။ ဤအံ့မခန်းစည်းစိမ်နှင့် ဉာဏ်ပညာသည် ၃:၁၁-၁၃တွင် ဖော်ပြထားသော ဘုရားသခင်၏ ကတိတော်စကား ပြည့်စုံခြင်းဖြစ်သည်။

ရှေဘဘုရင်မ သည် (အာရဗျတောင်ပိုင်း ဒေသမှ ဖြစ်၍ ဆာဘဘုရင်မ ဟုလည်း လူသိများထင်ရှားသည်) နက်နဲခက်ခဲသော ပြဿနာ၊ ဉာဏ်မမီနိုင်သောပညာရပ်များဖြင့် ရှောလမုန်မင်း၏ ဉာဏ်ပညာကို အကဲခတ်စူးစမ်းသည်။ မေးသမျှ မဖြေနိုင်သော ပြဿနာမရှိ (ငယ်၊၃)။ ရှောလမုန်ဘုရင်၏ ဉာဏ်ပညာကြီးမားလှပုံ၊ ခမ်းနား ထယ်ဝါလှပုံ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်သောအခါ ယခင်ကြားဘူးသမျှသော သတင်းသည် အကင်းမျှသာ ရှိကြောင်း သိရှိသွားသည်။ သို့ဖြင့် ရှောလမုန်ဘုရင်အား ချီးမွမ်းမဆုံဖြစ်လျက် ရွှေစင်ရွှေသား နှင့် တကွ ပဏ္ဏာလက်ဆောင် အမြောက်အများ ဆက်သ ချီးမြှင့်ခဲ့သည်။ ရှောလမုန်ဘုရင်ကလည်း ပြည်ပြန်လက်ဆောင်များ ပြန်ပေးလိုက်သည်။

() ရှောလမုန်၏ စည်းစိမ်ချမ်းသာ (၁၀:၁၄၂၉)

၁၀:၁၄၁၅ ဟိရံမင်းကြီးသည် ရှောလမုန်မင်းအား သြဖိရမှ ရွှေများသာမက အဖိုးတန်ကျောက်မျက် များနှင့် သစ်ဝါးများ ရယူနိုင်အောင် ကူညီပံ့ပိုးပေးသည်။ ရှောလမုန်မင်းသည် ကူးသန်းရောင်းဝယ်ရေး၌လည်း ကျမ်းကျင်သူဖြစ်သည်။

၁၀:၁၆၂၂  လေဗနုန်ရဂုံမြိုင်နန်းဆောင်၏ ထုပ်၊လျောက်၊ ဒိုင်း၊ တန်း၊ တိုင် တို့ကို ရွှေစင်မြောက်များစွာဖြင့် ပြုလုပ်တန်ဆာဆင်ယင်သည်။ ဆင်စွယ်ပလ္လင်တော်ကိုလည်း ရွှေပြားကွပ်အုပ် ထားသည်။ ပလ္လင်တော်ဝဲယာတဘက်စီတွင် ခြင်္သေ့ရုပ် ၂ ရုပ် ထုလုပ်ထားသည်။ ရာဇပလ္လင်သည် လှေကား ထစ် ရှိ၍ အထစ်တိုင်း၌လည်း ခြင်္သေ့ရုပ်ထုဆစ်ထားသည်။ ရှောလမုန်ခေတ်၌ ငွေစင်ကို ရွှေလောက်တန်ဖိုးမထားကြ။ ရှောလမုန်ဘုရင်၏ ပင်လယ်ကူးသင်္ဘောများက ရွှေ၊ ငွေ သာမက ဆင်စွယ်၊ ဒေါင်း၊ မျောက် များကိုလည်း တင်ဆောင်လာကြသည်။

၁၀:၂၃၂၅  ရှောလမုန်ဘုရင်၏ ဉာဏ်ပညာနှင့် ကြွယ်ဝချမ်းသာမှု မှာ ပန်းသတင်းလေညှင်းဆောင်သည့် နှယ် အနယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ အဖူးအမျှော်လာသူ၊ ကြည်ညှိခန်းညားသူများထံမှ ဆက်သလာသော လက်ဆောင်ပဏ္ဏာ ရွှေငွေရတနာများမှာ တသဲသဲ တိုးပွားပြီး တိုးပွားနေသည်။

၁၀:၂၆၂၉  မြင်းရထားများနှင့် မြင်းများစွာ ကိုလည်း ပိုင်ဆိုင်ထားသည်။ ကေဝေမြို့ (ကိလိကိမြို့ ဖြစ်ဖွယ်ရှိ)သည် စစ်သုံးမြင်းကောင်းများ ထွက်ရာအရပ် ဒေသအဖြစ်ကျော်ကြား၏။ ထိုအရပ်တွင် မြင်းကောင်းမြင်းသန့်များ မွေးမြူကြသည်။ စစ်ရထား၊ မြင်းစီးသူရဲနှင့် မြင်းများ ကို စစ်တိုက်ဖို့ သာမက ပြည်ပတိုင်းပြည်များသို့လည်း တင်ပို့ရောင်းချသည်။

ကျမ်းစာ၌ မပါရှိသော်လည်း ရှောလမုန်ဘုရင်၏ ကြွယ်ဝချမ်းသာမှုမှာ တိုင်းသူပြည်သားများ၏ ချွေးနှီးစာအခွန် အတုပ်မှလာခြင်း ဖြစ်၏။ ပြည်သူပြည်သားတို့အပေါ်၌ ကြီးလေးသော အခွန်အတုပ်ဖြင့် ဝန်ဖိစီးစေခြင်းဖြင့် တိုင်းပြည်ပျက်စီးခြင်း အကြောင်းဖြစ်သည်။

အခွန်အတုပ်ကြီးလေးမှုနှင့် ပတ်သက်၍ J.R.Lumby က “အခွန်အတုပ်အားဖြင့် ချမ်းသာကြွယ်ဝ ခံ့ညားထယ်ဝါမှုကို ပုံဖော်နိုင်သော်လည်း အတွင်း၌မှု ဆွေးပုပ်လှိုက်စားနေမည်။ ရှောလမုန်မင်းသည်ကား ဂျူးတို့၏ လူဝီ-၁၉ ပင်ဖြစ်သည်” ဟုဆိုသည်။

အဆမတန်ကြွယ်ဝခြင်းနှင့် မြင်းမြောက်များစွာ မွေးမြူခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား ချိုးဖောက်ခြင်းဖြစ်သည် (တရား၊ ၁၇:၁၆-၁၇)။

Previous Article
Next Article