ဓမ္မရာဇဝင်ဒုတိယစောင် ၁၄

() အဗရှလုံ ယေရုရှလင်သို့ ပြန်လာခြင်း (အခန်း ၁၄)

၁၄:  စစ်သူကြီးယွာဘက ဒါဝိဒ်မင်းသည် အဗရှလုံအား ယေရုရှလင်သို့ ပြန်လာစေချင်ကြောင်းသိသည်။ သို့သော် ပြည်သူများက လူသတ်တရားခံဖြစ်သောကြောင့် သေဒဏ်ခံရမည်ဟု ဆိုကြသည်။ လူထုဘေးရန်ကို စိုးရိမ်သောကြောင့် ဒါဝိဒ်မင်းသည် အဗရှလုံအား ချက်ချင်းပြန်မခေါ်ရဲ။

၁၄:  ယွာဘသည် ဗက်သလင် အနီးရှိ တေကောအရပ်မှ လူလည်လုပ်သော အမျိုးသမီးတစ်ယောက်အားခေါ်ယူ၍ ဒါဝိဒ်အမျိုးအဖြစ်ဟန်ဆောင်စေကာ ဒါဝိဒ်ထံသို့ ဝင်ခိုင်းသည်။ သူ့သားနှစ်ယောက် အချင်းချင်းရန်ဖြစ်ရာ တယောက်သေဆုံးသွားကြောင်း၊ ကျန်တစ်ယောက်ကို ရပ်ကြည့်သူများဖြင့် သေဒဏ်စီရင်ကြမည့်အကြောင့် ငိုကြွေးတင်ပြသည်။ ထိုသို့ သားနှစ်ယောက်လုံး ဆုံးရှုံးလျှင် ကမ္ဘာမြေပေါ်မှာ အမျိုးပျောက်သွား မည်ဟု ငိုယိုတိုင်တန်းသည်။

၁၄:၁၃  ပထမဦးစွာ ဒါဝိဒ်မင်းက ထိုမိန်းမအား စိုးရိမ်ပူပန်ခြင်းမရှိပဲ၊ နေအိမ်မှအဖြေစောင့်ခိုင်းသည်။ သို့သော် ထိုမိန်းမက ဒါဝိဒ်အား စကားထောင်ချောက်ဖမ်းမိရန် ချက်ချင်းအဖြေတောင်းသည်။ အာမခံချက်ရှိသော အဖြေတောင်းဆိုသည်။ ဒါဝိဒ်မင်းကလည်း သူ့သား၏ အသက်ဘေးရန် လုံခြုံဖို့ စကားလှီးလွှဲ၍ အာမခံချက်ပေးသည်။ သို့သော် ထိုမိန်းမ၏ စကားသည် သူ့သားအသက်ဘေးရန် လုံခြုံဖို့ သက်သက်မဟုတ်။ ဒါဝိဒ်မင်းအား ထောင်ချောက်ဖမ်းခြင်း ဖြစ်သည်။ ထိုမိန်းမ၏သားအဖြစ်ကို ခွင့်လွှတ်နိုင်လျှင် ဒါဝိဒ်၏သား အဗရှလုံလည်း အဘယ့်​ကြောင့် အပြစ်မလွှတ်နိုင်ရမည်နည်း။

အမျိုးသမီး၏ ဟန်ဆောင် မာယာထောင်ချောက်သည် ဒါဝိဒ်မင်း ကောင်းစားဖို့ဖြစ်သည်။ သားတစ်ယောက်က သေသည်။ ထိုသားကို သတ်သော အခြားသားအား ကလဲ့စားချေဖို့သင့်ပါလား (ငယ် ) သွေးကလဲ့စားချေတတ်သော ထိုခေတ်ကာလက အရှေ့အလယ်ပိုင်းသားများ၏ အယူအဆပေါ်တွင် ဒါဝိဒ်မင်းတခုခု ဆုံးဖြတ်ချက်ချရမည်။ ထိုကဲ့သို့ အပြန်အလှန်ကလဲ့စားချေခြင်းအားဖြင့် အတော်မသတ်နိုင်ကြ။ သို့သော် ထိုမိန်းမ၏ သရုပ်ဆောင်မှုသည် ဒါဝိဒ်နှင့် အဗရှလုံ၊ ဒါဝိဒ်နှင့်နာသန်တိုအကြား လိမ္မာပါးနပ်သော သဲလွန်စဖြစ်သည်။ အဗရှလုံ ပြန်လာဖို့ ပူပင်စရာမရှိ၊ ခွန်အားပြန်လည် ရယူနိုင်သည်။ (Daily Notes of the Scripture Union)

၁၄:၁၄  မြေမှာသွန်ချသောရေ ဆိုသည်မှာ သေလွန်သွားသော အာမနုန်ကို ပုံဥပမာပေးခြင်း ဖြစ်သည်။ ပြန်ကူး၍ မရဆိုသည်မှာ အသက်ပြန်ရှင်မလာနိုင်။ ငါတို့သည် သေအံ့သောလူဖြစ်၏ ဆိုသည်မှာ ယခု၊ မနက်ဖြန်သေနိုင်သည်။ လူ့ဘဝတိုတောင်းမှု ဖြစ်သည်။ ထိုတခဏတာကို အမုန်းပွား၊ ရန်ဖြစ်ခြင်းဖြင့် အချည်းနှီးမကုန်လွန်စေသင့်။၁၈ နောက်ဆုံးပိုင်းမှာ လူ့မျက်နှာကို မထောက်သော်လည်း နှင်ထုတ်ခြင်းကို ခံရသောသူသည် တသက်လုံးခွင့်မလွှတ်ဘဲ မချည်နှောင်အံ့ဟု ဆိုလိုသည်။ ဆိုလိုရင်းကို ဒါဝိဒ်မင်း သဘောပေါက်တန်ပါသည်။ ဘုရားသခင်က လူ့အပြစ်ကို ခွင့်မလွတ်နိုင်စရာ အကြောင်းရှိပါဦးမလား။

၁၄:၁၅၂၃  ထိုမိန်းမက ဒါဝိဒ်မင်းအား ဘုရားရှင်ကဲ့သို့ သဘောတော်ပြည့်ဝမည့် အကြောင်း ယုံကြည်အားကိုးပါသည် ဟု ဆိုသည်။ သားတစ်ယောက်  ဆုံးရှုံးသောကြောင့် ကျန်သားတစ်ယောက်အတွက် စိတ်နှလုံးပူပန်နေရသည်။ ဒါဝိဒ်မင်းက ဤဇာတ်လမ်းသည် ယွာဘ၏ လက်ရာဖြစ်မည်ဟု မယုံသင်္ကာသဖြင့် ထိုမိန်းမအား မေးမြန်းရာ ထိုမိန်းမကလည်း ဟုတ်မှန်ကြောင်းဝန်ခံသည်။ သို့နှင့် ယွာဘအား အဗရှလုံ ကိုသွားခေါ်စေသည်။ အဗရှလုံသည် နောင်တရခြင်း မရှိသော်လည်း ယေရုရှလင်သို့ ပြန်ရောက်သည်။ ဒါဝိဒ်၏ လုပ်ဆောင်ချက်သည် တရားတော်နှင့် မညီ။ ကောင်းကင်တရားနှင့် မပြည့်စုံသဖြင့် အဖိုးအခ ပြန်ပေးရမည်။

၁၄:၂၄၃၃  အဗရှလုံသည် ယေရုရှလင်တွင် (၂)နှစ် တင်းတင်းပြန်နေရသော်လည်း ခမည်းတော် ဒါဝိဒ်မင်းကို မတွေ့ရ။ (ဤနေရာတွင် အဗရှလုံ၏ ကျော့ရှင်းလှပပုံ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ခြင်းမှာ ဣသရေလလူတို့ စိတ်နှလုံးဆွဲဆောင် ဖမ်းစားပုံကို ဖေါ်ပြသည်။) (၂) နှစ်ကြာသောအခါ အဗရှလုံသည် ခမည်းတော်အား တွေ့ဆုံရန် နန်းတော်ထဲသို့ ဝင်ခွင့်ကြိုးစားသည်။ ယွာဘကို နှစ်ကြိမ်ခေါ်သော်လည်း ယွာဘ ငြင်းပယ်သည်။ ထို့ကြောင့် အဗရှလုံက သူ့တပည့်များအား ယွာဘ၏ လယ်ကွင်းပြင်ကို မီးရှို့ခိုင်းသည်။ ယွာဘက အဗရှလုံအား ချက်ချင်းသွားရောက် မေးမြန်းသောအခါ ခမည်းတော်ထံ တွေ့ဆုံခွင့် တောင်းပေးခိုင်းသည်။ ထိုသို့ဖြင့် အဗရှလုံတို့သားအဖ ပြန်လည်ပူးပေါင်းခြင်း တခန်းရပ်ပြဇာတ် ပြည့်စုံသွားသည်။

လွန်ခဲ့သော (၇)နှစ်က သူ့နှမ တာမာ ဗလကာယ ပြုကျင့်ခံရသောကြောင့် အာမနုန်အသတ်ခံရသည်။ (၅) နှစ်လုံးလုံး အဗရှလုံတို့ သားအဖ တစ်ယောက်မျက်နှာတ်ယောက်မမြင်ရကြ။ ဒါဝိဒ်သည် သားတော် အဗရှလုံအား သေဒဏ်မစီရင်သည့် အပြင် သူ့အပြစ်များကို ခဝါချပြီး အိမ်ပြန်ခေါ်လာသည်။ သားအဖပြန်တွေ့သောအခါ အဗရှလုံသည် လွတ်ငြိမ်းချမ်းသာခွင့် အတိရရှိသည်။ သို့သော် ဖခင်၏ ချစ်ခြင်းမေတ္တာကို အလွဲသုံးစားလုပ်၍ ပုန်ကန်တော်လှန်ပြန်သည် (အခန်း ၁၅-၁၈)။ ဖခင်က သား၏ အပြစ်ကို မမြင်ခဝါချခွင့်လွှတ်သော်လည်း သားဆိုးသားမိုက်ကမူ ကျေးဇူးကန်း၍ ဖခင်အသက်ကို ရန်ရှာသည်။

ယွာဘသည် ဤအရှင်နှင့် သားနှစ်ယောက်လုံးအပေါ် မေတ္တာထားလျှက် ဇာတ်ပေါင်းခန်း လှစေလိုသည်။ သို့သော် ဇာတ်သိမ်းခန်းကို လာမည့်အခန်း မှာ ရှုစားကြပါစို့။

Previous Article
Next Article