ဓမ္မရာဇဝင်ဒုတိယစောင် ၂
(ခ) ယုဒဘုရင်အဖြစ် နန်းတက်ခြင်း (၂:၁–၇)
၂:၁–၇ ရှောလုကွယ်လွန်၍ ဣသရေလတို့ မင်းမဲ့ကြောင်း ကြားသိသောအခါ ဒါဝိဒ်သည် ဘုရားသခင်၏ စေခိုင်းချက်ဖြင့် ယုဒပြည်ရှိ ဟေဗြုန်မြို့ သို့သွားသည်။ ယုဒလူတို့က ဒါဝိဒ်အား ဘုရင်အဖြစ် ဘိသိတ်ပေးချီးမြှောက်ကြသည်။ ဒါဝိဒ်သည် ရှောလုဘုရင်၏ အလောင်းကို စနစ်တကျ သင်္ဂြိုဟ်ကြသော ဂိလဒ်ပြည်၊ ယာဗက်မြို့သူမြို့သား များအား ဘုရားသခင်၏ နာမတော်မြတ်၌ ကောင်းကြီးပေးလိုက်သည်။ တနည်းအားဖြင့် သူ့အား ယုဒဘုရင်အဖြစ် အသိအမှတ်ပြုစေခြင်းဖြစ်သည်။
(ဂ) ရှောလုအိမ်နှင့် သဘောထားကွဲလွဲမှု (၂:၈–၄:၁၂)
၂:၈–၁၁ ယုဒတို့က ဒါဝိဒ်အား ရှင်ဘုရင်အဖြစ် ဘိသိက် ချီးမြောက်ကြလာမည်။ ဣသရေလ အမျိုးသားလုံးက အသိအမှတ်မပြုကြ။ ရှောလု၏ စစ်သူကြီးအာဗနာ က ရှောလု၏သား ဣရှဗောရရှက် အား နန်းတင်မြောက်သည်။ သို့ဖြင့် ဒါဝိဒ်သည် ယုဒပြည် ဟေဗြုန် တွင် နန်းစံ၍ ယုဒလူမျိုး၏ ဘုရင်အဖြစ်ဖြင့် ခုနှစ်နှစ်၊ ခြောက်လ နန်းစံသည်။ ဣရှရှက်သည် အခြားဣသရေလအမျိုး တစ်ဆယ့် တစ်ပါးအား (၂)နှစ်ကြာ အုပ်စိုးသည်။ အဗနာသည် (၅)နှစ်ကျော် ကာလတွင် ဖိလိတ္တိတို့အား ခုခံတွန်းလှန်နေဟန်တူသည်။
ဒါဝိဒ်သည် ရာဇပလ္လင်အား အတင်းအဓ္ဓမသိမ်းပိုက်ခြင်းမပြုခဲ့။ ယခုလည်း လုယူခြင်းမပြု။ ဘုရားသခင်၏ လက်ထဲသို့ အပ်နှံထားသည်။ ယေဟောဝါဘုရားသခင်က ဘိသိတ်ပေးသည့်အတိုင်း အစစအရာရာကို ဘုရားသခင်စီရင်ပေးမည်ဟု ယုံကြည်သည်။ သခင်ယေရှုသည်လည်းထိုပုံစံအတိုင်းဖြစ်သည်။ အဘ ခမည်းတော် စီရင်ပေးမည့် အချိန်နာရီစောင့်ဆိုင်းနေသည်။ ယခုကာလတွင် လူအနည်းစုကသာလျှင် လက်ခံယုံကြည်သော်လည်း ယေရှုဘုန်းတော်သည် ဘုရားသခင်အမှန်ဖြစ်ကြောင်း လူတိုင်း ဒူးထောက်ဝန်ခံကြမည့် နေ့ရက် ရောက်ရှိလာမည် (ဖိ ၂:၁၀-၁၁)
၂:၁၂–၁၇ နေရသား အာဗနာ နှင့် ကျွန်များသည် ဇေရုယာ၏သား ယွာဘ၊ ဒါဝိဒ်၏ကျွန် များသည် ဂိဗေါင်ရေကန်တွင် ဆုံစည်းကြသည်။ ရေကန် တဘက်တချက်တွင် အသီးသီးနေရာယူလျှက် စစ်ရေးပြိုင်ဆိုင်ဖို့ သဘောတူကြသည်။ တဘက်တစ်ဆယ့်နှစ်ယောက်ဆီ ထကြသည်။ အာဗနာ၏ ကျွန်ဗင်္ယာမိန်မျိုးများက ယုဒအမျိုးများအား တိုက်ခိုက်ကြသည်။ လူချင်းပူးကြ၍ ခေါင်းချင်းကိုင် နံချင်းဆိုင်၍ ဓါးထိုးကြသဖြင့် နှစ်ဖက်စလုံးသေကြေကြသည်။ ထိုနေ့ရန်ပွဲတွင် အာဗနာ၏လူများ အထိနာကြသည်။
၂:၁၈–၂၃ ယွာဘ၏ညီ အာသဟေလ သည် အာဗနာ အား သတ်ဖို့လိုက်သည်။ အာဗနာသည် လမ်းဘေး ဘယ်ညာရှိ လူငယ်လူရွယ် များအား အာသဟေလကို ဝိုင်းတားပေးကြ၍ တော်သေးသည်။ ထိုအခြေအနေကို အာဗနာက အာသဟေလအား လွယ်လင့်တကူသတ်ခိုင်းသော်လည်း အာသဟေလ၏ အစ်ကို ယွာဘ၏ မျက်နှာထောက်၍ မသတ်။ အာဗနာက သူ့အားရန်လိုက်မရှာရန် ထပ်မံတားဆီးသော်လည်း တားမရသဖြင့် မိမိကိုယ်ကို ခုခံသောအားဖြင့် နောက်ပြန်လှန်ဟန့်တားရာ အာသဟေလသည် လှံဆူး၍ သေဆုံးသွားလေသည်။
၂:၂၄–၃၂ ယွာဘနှင့် အခြားညီ အဘိရှဲသည် အမ္မတောင်လုန်း အာဗနာ နောက်သို့ လိုက်သွားကြသည်။ အာဗနာက စစ်မဖြစ်လိုကြောင်း ဖျောင်းဖျသောအခါ ယွာဘတို့ ညီအစ်ကိုလည်း ရပ်တန့်သွားသည်။ ပထမအချက်မှာ အကယ်၍ အာဗနာက စိတ်ကောင်းမှန်ဖြင့် စစ်မဖြစ်လိုလျှင် ငြိမ်းအေးစွာ ပြန်သွားကြမည်။ သို့မဟုတ် NN ကျမ်းမူသဘောအတိုင်း အကယ်၍ အာဗနာသည် စိတ်သဘောအရင်းအတိုင်း ပြောဆိုခြင်းမဟုတ်လျှင် မိုးလင်းထိအောင်လိုက်မည်။ မည်သို့ဆိုစေ ယွာဘသည် ခိုက်ရန်မဖြစ်ပွားလိုသဖြင့် ရပ်တန့်သည်မှာ ထင်ရှားသည်။ သို့ဖြင့် အာဗနာတို့ လူစုသည် ဣရှဗောရှက် နန်းစိုက်ရာ ယောဒန်မြစ် တစ်ဘက်ကမ်းရှိ မဟာနိမ်သို့ ကူးသွားလေသည်။ ထိုနေရာတွင် လူပေါင်း (၃၆၀) ဆုံးရှုံးခဲ့ရသည်။ ယွာဘသည်လည်း သူ့စစ်သည်များနှင့်အတူ ဟေဗြုန်သို့ ပြန်သွားကြသည်။ ယွာဘဘက်တွင် စစ်သား (၁၉) ယောက် ဆုံးရှုံးသည်။