ဓမ္မရာဇဝင်ဒုတိယစောင် ၄
၄:၁–၇ အာဗနာ မရှိသောအခါ ဣရှဗောရှက်၏ ဘုန်းတန်ခိုးသည် ကျဆင်းသည်။ စစ်ခေါင်း ဆောင် မရှိသည်နှင့် တပြိုင်နက် ဗာနာနှင့် ရေခပ် တို့ ပုန်ကန်ထကြွလာသည်။ စပါးထုတ်ဟန်ဆောင်လျှက် အိမ်ခန်းထဲသို့ဝင်ကာ ဣရှဗောရှက် အား လုပ်ကြံကြသည်။ RSV ကျမ်းမူသည် Septuagint အတိုင်း တံခါးစောင့်သည် စပါးပြာလှည့်၍ မောပန်းသောကြောင့် အိပ်ငိုက်နေစဉ် ရာခပ်နှင့် ဗာနာ တို့ အိမ်ထဲဝင်သွားကြသည် ဟုဆိုသည်။ သို့နှင့် ရှောလုအမျိုးတွင် နန်းသွေးပါသူဟူ၍ ခြေဆွံသူ မေဖိဗောရှက် တစ်ဦးတည်းသာ ကျန်ရစ်သည်။
၄:၈–၁၂ ရာခပ်နှင့် ဗာနာသည် ဣရှဗောရှက်၏ ခေါင်းကို ဖြတ်၍ ဒါဝိဒ်ထံသို့ မျှော်လင့်ချက်ကြီးဖြင့် ဆက်သကြသည်။ ဤလူရမ်းကားတို့၏ လုပ်ဆောင်ချက်သည် ဘုရားသခင်အား ပြစ်ချက်များ ဖေါက်ပြန်ခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့လူနန်းတက်ရန် အချင်းချင်း ခုတ်ဖြတ် နန်းလု ရန်ရှင်းခြင်းမကြိုက်။ ဒါဝိဒ်အား ဘုရင်ဖြစ်မည့် အကြောင်း လူသတ်သမားများ၏ အကူအညီမလိုပါ။ ဒါဝိဒ်က ထိုလူနှစ်ယောက်၏ အပြစ်သည် ရှောလုခေါင်းဖြတ်ပါသည် ဟု ဆိုလျှက် အပြစ်ကြီးသည်ဟု စီရင်ကာ ချက်ချင်းသေဒဏ်ပေးလိုက်သည်။ ဣရှဗောရှက် ၏ ဦးခေါင်းကို အာဗနာအုတ်ဂူတွင် ကောင်းမွန်စွာ သင်္ဂြိုဟ်၍ လူရမ်းကားတို့ခေါင်းကိုမူ လူမြင်သာအောင် ပြသထားသည်။