ဓမ္မရာဇဝင်ဒုတိယစောင် ၅
၁၀။ (ဃ) ဣသရေလတမျိုးသားလုံး ဘုရင်အဖြစ် နန်းတက်ခြင်း (အခန်း ၅)
၅:၁–၅ ဣသရေလတစ်ဆယ့်တစ်မျိုးသည် ဒါဝိဒ်အား ဣသရေလလူမျိုးများ၏ အရှင်ဘုရင်အဖြစ် သိမှတ်ပြု ကြသည်။ ဒါဝိဒ်လက်ဆောက်ခံသို့ ဝင်လာကြသော စာရင်းကို ၅ ရာ ၁၂:၂၃:၄၀ တွင် စာရင်းမှတ်ထားသည်။ ဒါဝိဒ်သည် အသက် (၃၀) အရွယ်တွင် နန်းတက်၍ အနှစ် (၄၀) ခိုင်ခံ့သည်။
အပိုဒ်ငယ် (၃)တွင် ဒါဝိဒ်၏ ဘိသိတ်မင်္ဂလာမှတ်တမ်းတင်ထားသည်။ ပထမဆုံး အကြိမ်တွင် ရှမွေလက ဘိသိတ်ပေးသည် (၁ ရာ ၁၆:၁၃)။ ယုဒလူတို့၏ ဘုရင်အဖြစ် ဟေဗြုန်တွင် ဒုတိယဘိသိတ်ပေးခြင်းခံရသည် (၂:၄)။ ယခုတတိယအကြိမ်တွင် ဣသရေလတမျိုးသားလုံး၏ ရှင်ဘုရင်အဖြစ် ဘိသိတ်ပေးခြင်းခံရသည်။
၅:၆–၁၀ ဒါဝိဒ်ဘုရင်၏ ပထမဦးဆုံး စစ်ရေးစွမ်းဆောင်ချက်မှာ ဇိအုန်တောင်ပေါ်ရှိ ယေဗုသိ လူများ အားသိမ်းပိုက်ခြင်းဖြစ်သည်။ ယေဗုသိကို ခိုင်ခံ့စွာ လုပ်ဆောင်ထားသဖြင့် မျက်ကန်းနှင့် ကိုယ်လက်မသန်စွမ်းသူများက ခုခံလျှင် ဒါဝိဒ်သည် စစ်ကြောင်းကို နိုင်နိုင်သည်ဟု ဆိုကြသည်။ ထိုနေ့ညတွင် ဒါဝိဒ်သည် သူ့စစ်သည်တော်များအား ရေနုတ်မြောင်းထဲမှနေ၍ မြို့ထဲသို့ဝင်ခိုင်းသည်။ ထိုသို့ ဝင်ရောက်သဖြင့် ယေဗုသိကို စီးနင်းအောင်မြင်သွားကြသည်။ ယေဗုသိမြို့သည်လည်း ဒါဝိဒ်၏ ယေရှရုလင်မြို့တော် ဟု ထင်ရှားသွားသည်။ အပိုဒ်ငယ် ၈ နောက်ပိုင်းတွင် ပါရှိသော မျက်ကန်းနှင့် ဆွံ့အသူများ ချေမှုန်းနှိမ်နှင်းခြင်းဟူသော စကားသည် အပိုဒ်ငယ် ၆ တွင်ပါရှိသည့် ယေဗုသိတို့၏ စကားကို ထေ့ခြင်းဖြစ်သည်။ မိလ္လာ ဆိုသည်မှာ ရှေးအခါက ယေဗုသိတို့ ၏ ခံတပ်မြို့ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ( ၅ရာ ၁၁ တွင် ဒါဝိဒ်၏ တပ်ဖွဲ့ကို ယွာဘ ဦးစီးခေါင်းဆောင်သည်ဟု ဆိုသည်)။
၅:၁၁–၁၆ တပါးအမျိုးသား တုရုမင်းကြီး က ဒါဝိဒ် နန်းတော်ဆောက်ဖို့ အတတ်ပညာများ နှင့် ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့ကူညီသည်။ ဒါဝိဒ်မင်းသည် ယေရုရှလင်တွင် နန်းစံသောအခါ ချောပေ့လှပေ့ မောင်မမီဿံအများအပြား ယူသည် (တ ၁၇:၁၇) ဖီဆန်ပြီး သားသမီးများစွာ ထွန်းကားသည်။ မေရှိယသည် ပေါ်ထွန်းမည့် မျိုးရိုးစဉ်ဆက်မှာ ရှောလမုန် မင်းမျိုးဖြစ်သည်။ ယေရုရှလင်တွင် မွေးသော ဒါဝိဒ်၏သားမြေးစာရင်းကို တွေ့ရသည်။ (၅ ရာ ၃:၅-၈၊ ၁၄:၃-၇) နှင့် ယှဉ်လျှင် သုံးမျိုးတွေ့ရသည်။
၅:၁၇–၂၁ ဣသရေလတို့၏ ညီညွတ်မှုသတင်းကြားသိသောအခါ ဖိလိတ္တတိတို့ သည် စစ်ရေးပြင်ဆင်ကြသည်။ ရေဖိမ်ချိုင့်ဝှမ်းတွင် စစ်ဆင်အား စုဖွဲ့ကြသည်။ ဘုရားသခင်က ဒါဝိဒ်အား ဖိလိတ္တိတို့ကို အောင်နိုင်မည့် ဘုန်းတန်ခိုးပေးထားသဖြင့် ဒါဝိဒ်သည် ရန်သူများအား ဗာလပေရဇိမ် အရပ်တွင် လက်ဦးမှု ယူ၍ တိုက်ခိုက်သုတ်သင်သည်။ ဗာလသည် ကြေမွခြင်းဟု အနက်ရသည်။ ဘုရားသခင်က ဒါဝိဒ်တို့အားအင်အားကြီးမားစေသဖြင့် ဖိလိတ္တိတို့သည် အတုံးအရှုံးသေကြေကြသည်။ ဖိလိတ္တိတို့၏ ရုပ်တုဘုရားများကို ဒါဝိဒ်တို့က (ငယ် ၂) မီးရှို့ကြသည် (၁ရာ ၁၄:၁၂)။
၅:၂၂–၂၅ နောက်ကြာလာသောအခါ ဖိလိတ္တိတို့သည် ရေဖိမ်အရပ်သို့ တဖန်စုရုံး၍ ဣသရေလတို့အား စစ်ရေးခြိမ်းခြောက်ကြပြန်သည်။ ဘုရားသခင်က ဒါဝိဒ်အား ရန်သူများကို ရှေ့တည်းတည့်မှ မတိုက်စေပဲ၊ ရှောင်ကွင်း၍ နောက်ပိုးသပ်ခိုင်းသည်။ ဒါဝိဒ် အဖွဲ့သည် ပိုးစာတောကို မျက်ကွယ်ယူ၍ ရန်သူနောက်ကျော့သို့ ဝင်ကြသည်။ ပိုးစာသန်ပင်ထိပ်မှ စစ်မိန့်သံအချက်ပြသည်နှင့် တစ်ဟုန်းထိုးဝင်ရောက် စီးနင်းရာ ဖိလိတ္တိတို့ သေပြေးရှင်ပြေး ထွက်ပြေးကြသဖြင့် ဂေဗမှစ၍ ဂါဇေရမြို့တိုင်အောင် ဒါဝိဒ်သိမ်းပိုက်ကြသည်။ ဂေဗ ဆိုသည်မှာ ဟေဗြုန်ဖြစ်နိုင်သည် (NKYV Marg LXX နှင့် ၅ရာ ၁၄:၁၆)။၃ ဒါဝိဒ်သည် စစ်တိုက်ခါနီးတွင် ဘုရားသခင်၏ လမ်းညွှန်မှု ယူလေ့ရှိသည် (ငယ် ၁၉:၂၃)။ ယနေ့ ယုံကြည်သူများသည်လည်း စီမံချက်တစ်ခုခုလုပ်ဆောင်ခါနီးတွင် ဘုရားသခင်ထံမေးလျှောက်သင့်သည်။ ဘုရားသခင် ညွှန်ပြသော စစ်နည်းဗျူဟာမှာ ပထမတိုက်ပွဲတွင် ရှေ့တည်းတည်းမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နည်းဖြစ်၍ နောက် တစ်နည်းမှာ ချုံခိုလှည်းစားတိုက်ခိုက်နည်း ဗျူဟာ ဖြစ်သည်။