ယေဇကျေလအနာဂတ္တိကျမ်း ၂၀

() ဣသရေလလူမျိုးများအား သင်္ကာကင်းစေမည့် စစ်ကြောခြင်း (၂၀:၃၂)

() အဲဂုတ္တုပြည်မှ ရုပ်တုဆင်းတု (၂၀:)

          သက်ကြီးသူဣသရေလလူကြီးသူမများက ထာဝရဘုရားကို မေးလျှောက်ရန် ယေဇကျေလ ရှေ့သို့ ရောက်ရှိလာကြသည်။ ဘုရားရှင်သည် ထိုသို့စုံစမ်း မေးလျှောက်ခြင်းကို လက်မခံဘဲ ငြင်းလွှတ်သည်။ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သူများ ဖြစ်သည်။ အပြောင်းအလဲမလိုလားသော ရှေ့ရိုးဝါဒီ၊ (Orthodox)များ ဖြစ်သည်။ ဘုရားရှင်ကို မေးလျှောက်လိုသော်လည်း သူတို့ စိတ်နှလုံးမှာ ဘုရားနှင့်ဝေးကွာလှသည်။ ဘုရားသခင်ထံမှ ကြားသိရမည့် အဖြေစကားများကို ရုပ်တုဆင်းတုများက ဟန့်တားပိတ်ဆို့တတ်သည်။ လူများ၏အပြစ်ဒုစရိုက်ကို ရေတွက်ညွှန်ပြလျက် နောင်တလမ်းသို့ ဦးဆောင်သောအခါ ငြီးငွေ့ကြ သည်။ “ဖန်တရာတေနေသော ထိုစကားကိုကြားဖူးပေါင်းများလှပြီ”။ “သမ္မာကျမ်းစာကား ဆောင်ရန်၊ရှောင်ရန်ပြဌာန်းချက်သာ ဖြစ်သည်”။ “ကျမ်းစာမှာ တရားစီရင်ခြင်းမလွဲ၍ အခြားအကြောင်းအရာများမရှိတော့ပြီလော” ဟုဆိုလိုသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော်ကို မှန်မှန်ကန်ကန် မတုန့်ပြန်ဘဲ၊ မပူမအေးနွေးရုံထားခြင်းမှာ အန္တရာယ်ကြီးလှ ပါသည်။

အဲဂုတ္တုပြည်မှာ ရှိနေကြစဉ် သူတို့သည် ရုပ်တုဆင်းတုများ ကိုးကွယ်ကြသော်လည်း (ငယ် ၄−၈) ဘုရားသခင်က အရေးမယူ၊ အပြစ်မပေးခြင်း မပြုသည်မှာ တပါးအမျိုးသားများအလယ်၌ ပြက်ယယ်ပြုစရာ၊ ဂုဏ်ငယ်စရာ မဖြစ်လိုစေလိုသောကြောင့် ဖြစ်သည်(ငယ် ၈−၉)။

 

() ဥပုသ်နေ့ကို ညစ်ညမ်းစေခြင်း (၂၀:၁၀၁၇)

အဲဂုတ္တုပြည်မှ ကယ်ထုတ်လာသည့်အချိန် ကန္တာရခရိးကြမ်းကာလ၌ ဣသရေလလူမျိုးသည် ဘုရားသခင်၏ ဥပုသ်နေ့ကို ပြစ်မှား၍ ညစ်ညမ်းစေခဲ့သည် (ငယ် ၁၀−၁၃)။ ဘုရားသခင်သည် မိမိအမျက်တော်ကိုမျိုသိပ်၍ သူတို့အား ပျက်သုဉ်းခြင်းမှ လွဲဖယ်ပေးခဲ့ ပြန်သည်။ ၎င်းမှာလည်း မိစ္ဆာအယူလွဲ တို့လှောင်ပြောင်သရော် မည်ကို စိုးရိမ်၍ ဖြစ်သည်(ငယ် ၁၃−၁၇)။

 

() ကန္တာရတောတွင် ပုန်ကန်ခြင်း(၂၀:၁၈၂၆)

သားသမီးတို့သည် ဘိုးဘေးတို့၏ ဆိုးညစ်သော အမွေကို မခံယူကြနှင့်ဟု ဆိုဆုံးမသော်လည်း သူတို့မခံယူကြ။ ကန္တာရတောလမ်း၌ ပုန်ကန်ခဲ့ကြပြန်သည် (ငယ် ၁၈−၂၁)။ သို့သော်ဘုရားသခင်သည် နာမတော်ဂုဏ်အသရေကို ထောက်၍ သူတို့အပေါ် စိတ်ရှည်သည်းခံခဲ့ပြန်သည်(ငယ်၂၁−၂၆)။

 

() ရုပ်တုဆင်းတုကိုးကြခြင်း(၂၀:၂၇၃၂)

          ထိုအရပ်ရှိ ရွံရှာဖွယ်ရှပ်တုဆင်းတု ကိုးကွယ်သူများသည် မိမိသားရင်းကိုပင် မီးရှို့ယ်ပူဇော် ကြသည်။ လူသားယဇ်ကောင်ဖြင့် ညစ်ညမ်းနေသော သူတို့၏မေးခွန်းကို ဘုရားရှင် နားထောင်မည်မဟုတ်။

 

()နောက်ဆုံးပြန်လည်စုစည်းသင့်မြတ်စေမည့် ကတိတော် (၂၀:၃၃၄၄)

၂၀:၃၃−၃၈ မည်ကဲ့သို့ပင် ကြံစည်အားထုတ်ကြသော်လည်း သူတို့အား ကျောက်တုံးဘုရား သစ်သား ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသော တပါးအမျိုးသား များကဲ့သို့ ဖြစ်စေဖို့ ဘုရားရှင် အမြဲတမ်းစွန့်ပစ်ထား မည်မဟုတ်ပါ(ငယ်၃၂)။ ဘုရားရှင်ကို လက်သင့်ခံပြီ:ပဋိညာဉ်တရားအောက်၌ ဖြောင့်မတ်ခြင်းအသက်တာရရှိစေရန် ဖမ်းဆီးကျွန်ပြုခံ ဘဝမှ သူတို့အား ရွေးနုတ်စုစည်းစေမည် (ငယ်၃၇)။ သို့သော် ဘုရားသခင်အားပုန်ကန်သူများကို သီးသန့်ဖယ်ထုတ်ထား လိမ့်မည်(ငယ်၃၈)။

၂၀:၃၉−၄၄ ဣသရေလမြေပေါ်သို့ ပြန်လည် စုစည်းမိသည့်အခါ သူတို့သည် ရုပ်တုဆင်းတု ကိုးကွယ်ကြရတော့မည်မဟုတ်။ သန့်ရှင်းသောထာဝရဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်(ငယ် ၃၉−၄၄)။

တမန်တော်ယောဟန်က “သားသမီးတို့၊ ရုပ်တုဆင်းတုကိုးကွယ်ခြင်းမှ ရှောင်ကြဉ်ကြလော့ဟု” ဆုံးမသြဝါဒပေးထားသည်။

 

() ကျူးကျော်ခြင်ခံရတော့မည်အကြောင်းနိမိတ်ပုံရိပ်များ  (၂၀:၄၅၂၁:၃၂)

() တောမီးနိမိတ်လက္ခဏာ (၂၀:၄၅၂၁:၃၂)

          ဟေဗြဲကျမ်းမူတွင် ဤအငယ်(၂၅)သည် အခန်းကြီ:(၂၁)၏ အပိုဒ်ငယ်(၁)ဖြစ်သည်။ အကြောင်းအရာ အကူးအပြောင်း ဖြစ်သောကြောင့် ပိုမိုသင့်လျော်သည်။ အငယ်၄၅−၄၉တွင် တောင်ပိုင်း (ဟေဗြဲ−နီဂေ့အရပ် −ယုဒနယ်အစိတ်အပိုင်း)၊တောမီးလောင်ကျွမ်းပျက်စီးမည့် (ဗာဗုလုန်ကျူးကျော်မှု) အကြောင်း ပရောဖက်ပြုထားသည်။

Previous Article
Next Article