ယေဇကျေလအနာဂတ္တိကျမ်း ၂၄
(ဗ) ဆူပွက်နေသောအိုးကင်းပုံပမာ(၂၄:၁−၁၄)
ယေရုရှလင်ခြိမ်းခြောက်ခြင်းခံရမည်။ ထိုနေ့ကို ဆူပွက်နေသောအိုးကင်းနှင့် ခိုင်းနှိုင်းသည်။ အိုးကင်းသည် ယေရုရှလင်မြို့၊ အသားတုံးများသည် ပြည်သူလူထု ဖြစ်သည်။ အိုကင်းကဆူပွက်နေသည်။ ထိုအိုးကင်းသည် အခွံသာရှိသောအခါ သံချေးကိုက်စားသည်။ ဘုရားရှင်ကသူ့လူများကို ရုပ်တုကိုးကွယ်မှုမှ ကင်းဝေးစေသည်။
(ဘ) ယေဇကျေလ၏ မယားသေဆုံးသည့်နိမိန်လက္ခဏာ (၂၄:၁၅−၂၇)
၂၄:၁၅−၁၈ ယေဇကျေလ၏ ရှုမငြီးဇနီးသည် သေဆုံးမည့်အကြောင်း ဘုရားရှင်က ရူပါရုံပေးသည်။ ထိုနေ့ ညနေခင်းတွင် သူ့မိန်းမသေဆုံးမည်။ သို့သော်လည်း လောကသား၊ တရားမပြည့်သူများသဲ့သို့ငိုကြွေး ပူဆွေးခြင်းမပြုဖို့သတိပေးသည်။
၂၄၁၉−၂၄ ထိုရူပါရုံ၏အနက်အဓိပ္ပါယ်မေးမြန်းကြသောအခါ ရှုမငြီးစရာ (ဗိမာန်တော်) သည် ပျက်စီ:မည်။ သူ၏သားသမီးများသည်လည်း သေကြေကြမည်။ ငိုကြွေးဝမ်းနည်းခြင်းမရှိရဟု ဆိုသည်။
ထိုပရောဖက်ပြုချက်အမှုအရာများသည် ကြုံတွေ့သည့် အခါတိုင်းလောကသားများသည် ဘုရားသခင်ကို အောက်မေ့ သတိရကြမည် (ငယ် ၂၄)။
၂၄း ၂၅-၂၇ ထိုအဖြစ်အပျက်များသည် ပြည့်စုံသည့်အချိန်အထိ ပရောဖက် ယေဇကျေလသည် နှုတ်ပိတ်ဆွံ့အနေမည်။ ထိုသတင်းစကားလာပြောမှသာလျှင် နှုတ်ဖွင့်စကားပြောနိုင်မည်။ ထိုအကြောင်းကို ၃၃:၂၁−၂၂တွင် မှတ်သားတင်ထားသည်။ အခန်း ၂၅−၃၂ သည် တပါးအမျိုးသားများဖို့ ပရောဖက်ပြုချက်ဖြစ်သည်။ ယုဒလူမျိုးနှင့်မသက်ဆိုင်။