ယေဇကျေလအနာဂတ္တိကျမ်း ၂၉
(ဆ) အဲဂုတ္တုပြည် (အခန်း ၂၉−၃၂)
သတ္တမမြောက်နှင့် နောက်ဆုံးတရားစီရင်ခြင်းမှာ အဲဂုတ္တုပြည် ဖြစ်သည်။ အထောက်အညှာလုံးဝမရှိသည်။ တရားစီရင်ခြင်းဖြစ်ဟန်တူသည်။ နိုင်းမြစ်မရှိသောအခါ အဲဂုတ္တုပြည်တစ်ပြည်လုံး ပျက်စီးသွားမည်။ အချို့က အခြားလူမျိုးက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်မည်ဟုဆိုသည်။ ထိုကဲ့သို့မဟုတ်ပါ။ အဲဂုတ္တုပြည်သည် မရဏာပြည် ဖြစ်လိမ့်မည်။ လူသေစာရင်းရေးရာတွင် အထင်ရှားဆုံး စာအုပ်ဖြစ်မည်။ အထင်ရှားဆုံးအထိမ်းအမှတ်မှာ ပိရမစ်သင်္ချိုင်းဂူကြီးများ ဖြစ်၏။ ထိုအရပ်ဒေသရှိရှင်ဘုရင်များသည် သေးငယ်သည့် စံနန်းကိုတည်ထောင်ကြသော်လည်း ကြီးမားသောဂူသင်္ချိုင်းကြီးများကို ဆောက်လုပ်ခဲ့ကြသည်။ သူတို့ဘဝတသက်တာမှာ ထိုဂူသင်္ချိုင်းကြီးများအတွက်သာ အချိန်ကုန်လွန်ကြရသည်။ အဲဂုတ္တုပြည်သူပြည်သားများမှာမှု စိတ်နှလုံးညှိုးချုံးလျက် အချိန်နှင့်အမျှသေမင်းကို ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် အဲဂုတ္တုပြည်အား တရားစီရင်မည်။ သမ္မာကျမ်းစာတွင် အဲဂုတ္တုပြည်အား ဘုရားတရားမရှိသော လောကီနိုင်ငံအဖြစ် ပုံဆောင်ဖော်ပြလေ့ရှိပါသည်။
(၁) ဖာရောနှင့် သူ၏တိုင်းသူပြည်သားများအား ခြိမ်းခြောက်ခြင်း (အခန်း ၂၉)
၂၉:၁−၁၂ အပိုဒ်ငယ် ၁−၅ တွင် ဖာရောဘုရင်အား မဟာနိုင်းမြစ်ထဲရှိ မိကျောင်းနှင့်ခိုင်းနှိုင်းထားသည်။ ထိုမိကျောင်းသည် မာန်မာနကြီးသည်။ တုတ်ခိုင်သည်။ ငါးများမှာ ပြည်သူပြည်သားတို့ကို ပုံဆောင်သည်။ သူတို့အားလုံးကို ဘုရားသခင်က ပြစ်ဒဏ်စီရင်မည်။ ဣသရေလအကူအညီလိုအပ်၍ လိုက်ရှာသောအခါ ကျူးရိုးကျိုးအဲဂုတ္တုပြည်ကို သွား၍မှီခိုမိသည်(၆−၉)။ မမှီခိုထိုက်၊ မယုံကြည်ထိုက်ခြင်းတို့ကြောင့်အဲဂုတ္တုပြည်သည် ကြီးလေးသောပြစ်ဒဏ်ကို ခံရမည်။ ယနေ့ခေတ်ယုံကြည်သူများသည်လည်း မိမိတို့ အကျင့်စရိုက်အနာအဆာကို ကုစားဖို့ သခင်ဘုရားအကူအညီဖြင့် ပြောင်းလဲရန်လိုအပ်သည်။ ကိုယ်တော်သည် အကျင့်စရိုက်ပြုပြင် ပြောင်းလဲရေးလုပ်ငန်း လုပ်ကိုင်နေပါသည်။
ဖာရောဘုရင်၏မာန်မာန ထောင်လွှားမှုကြောင့် အဲဂုတ္တုပြည်သည် နှစ်ပေါင်းလေးဆယ်မျှ လူခြေတိတ်၊ ဖုန်းဆိုးမြေ ဖြစ်လိမ့်မည်(ငယ် ၉−၁၂)။
၂၉:၁၃−၂၁ ထို့နောက်ပိုင်းတွင် ဘုရားသခင်သည် လူများကို ပြန်လည်စုစည်းစေမည်။ သို့သော် အဲဂုတ္တုပြည်သည် တိုင်းခန်းပြည်ကြီး ပြန်ဖြစ်လာတော့မည် မဟုတ်။ ဣသရေလတို့သည် အဲဂုတ္တုတို့ထံမှာ အကူအညီရှာတော့မည်မဟုတ်(ငယ် ၁၃−၁၆)။ နေဗုခပ်နေဇာမင်းကြီးသည် တုရုမြို့ကို ခက်ခဲစွာဝန်းရံ တိုက်ခိုက်သော်လည်း အကျိုးအမြတ်မပေါ်၊ အချည်းနှီး ဖြစ်ခဲ့သည်။ အကြောင်းမှာ မြို့သူမြို့သားများသည် မိမိတို့ပစ္စည်းများကိုသယ်ယူ၍ ခံတပ်ကျွန်းသို့ ထံက်ပြေးကြလေပြီ။ ထို့ကြောင့် ဘုရားသခင်က အဖိုးအခအဖြစ် အဲဂုတ္တုပြည်ကို အပ်မည်(ငယ် ၁၇−၂၀)။ နေဗုခပ်နေဇာမင်းအား အဲဂုတ္တုပြည်ကို အဖိုးအခအဖြစ် ရသည့်နေ့တွင် ဣသရေလအိမ်တော်၌ ဦးချိုပေါက်စေမည်(ဣသရေလတို့ဘုန်းမီး ပြန်လည်နိုးထစေမည်)။ ယေဇကျေလသည် ဘုရားသခင်၏ သတင်းစကားကို ပရောဖက်ပြု ဟောပြောရမည်(ငယ်၂၁)။