ယေဇကျေလအနာဂတ္တိကျမ်း ၃၁

၃၁:၁−၉ ဖာရောမင်းကဲ့သို့ ကြီးမြတ်သောသူ အဘယ်သူရှိခဲ့ပါသနည်း။ အာရှုရိမင်းကဲ့သို့ မြင့်မားသောအာရဇ်ပင် သဖွယ်ဖြစ်ခဲ့သည်။ ထိုဘုရင်သည် ဘုန်းတန်ခိုးကြီးမားလာရာ တုယှဉ်မှီနိုင်သူတစ်ဦးမျှမရှိကြ။ အလွန်ကြီးမားကျယ်ပြန့်သော ဘုန်းရိပ်ကံရီပ်အောက်၌ အနိုင်နိုင်၊ လူမျိုးအသီးသီးတို့၏ ထီးဆောင်းမင်းတို့က ခစားခိုလှုံကြရသည်။

၃၁:၁၀−၁၄ သို့သော် စိတ်နှလုံး မောက်မာထောင်လွှားမှုကြောင့် သူ့ကို ဗာဗုလုန်လူတို့ လက်သို့ဘုရားသခင်က အပ်နှံလေပြီ။

၃၁:၁၅−၁၈ အခြားတိုင်းနိုင်ငံများကြည့်ရှုစဉ် အာရှုရိလူတို့သည် မရဏာနိုင်ငံ(ဟေဗြဲ−Shelo) တိုင်အောင် တဟုန်ထိုးဆင်းသွားကြ၏ (အငယ် ၁၅−၁၇)။တိုင်းနိုင်ငံသားများတို့ ငြိမ်အေးသက်သာခွင့်ရမည်(ငယ် ၁၆)။ ဆိုလိုသည်မှာ တချိန်က သူတို့အား နှိမ့်ချစော်ကားခဲ့သော အာရှုရိသားများ အရှက်တကွဲ အကျိုးနည်းဖြစ်ပုံကို အခြားတိုင်းနိုင်ငံသားများမြင်တွေ့ရလိမ့်မည်။ ဖာရောမင်းသည်လည်း ထိုအာရှုရိသူများကဲ့သို့ဖြစ်မည်။ ကြီးမားအောင်မြင်ခဲ့သော်လည်း မြေအောက်နက်ရာသို့ နှိမ့်ချခြင်း ခံရမည် (ငယ် ၁၈)။

Previous Article
Next Article