ယေဇကျေလအနာဂတ္တိကျမ်း ၃၂
(၄) ဖာရောနှင့်အဲဂုတ္တုတို့ငိုချင်း (အခန်း ၃၂)
၃၂:၁−၁၆ ဖာရောမင်းသည် သူ့ကိုယ်သူ ခြင်္သေ့ပျိုဟု မာန်ဝင့်ကြွားသော်လည်း ဘုရားသခင်အမြင်၌မူ ပိုက်ကွန်မှာမိ၍ ပျက်ဆီးတော့မည့် မိကျောင်းငယ်ဖြစ်၏။ ဗာဗုလုန်ဘုရင်က တိုက်ခိုက်၍ ရှိရှိသမျှအရာခပ်သိမ်း ဖျက်ဆီးသိမ်းယူသွားသဖြင့် ထည်ဝါမှုကင်း၊လျက် လူခြေဆိတ်ရာ ဖုန်းဆိုးလွင်တီးခေါင်အရပ် ဖြစ်မည်။ လူအပေါင်းတို့သည် ဒူးဖြင့် မျက်ရည်သုတ်ကာ ငိုချင်းရှည် ချကြရမည်။ အဲဂုတ္တုပြည်သည် မိမိချမ်းသာကြွယ်ဝမှုအစုစုအတွက် အော်ဟစ်မြည်တမ်း ငိုကြွေးကြရမည်ဟု ဘုရားသခင်က ယေဇကျေလအား ဗျာဒိတ်တော်ပေးလိုက်သည်။
သခင်ယေရှုသည်လည်း သူ့အားလက်မခံ၊၊ ကမ်းလှမ်းတော်မှုသော ကွယ်ကာမှုအတောင်တော်အောက် ခိုဝင်ရန်ငြင်းပယ်၍ သူ့အသက်ကို သတ်ဖြတ်သော သူတို့၏မြို့တော်အတွက် မျက်ရည်ကျခဲ့သည်။ ထာဝရဘုရားသည် ဖန်ဆင်းခံဝေနေယျသတ္တဝါများအား တန်ဖိုးထားသောကြောင့် တရားစီရင်ခြင်း မပြုလိုပါ။ အို− ကိုယ်တော်ဘုရား ပျောက်ဆုံးသော ဝိညာဉ်များအတွက် စာနာနှမြောသောမျက်ရည်ခွန်အားကို ပေးသနားတော်မူပါ။
၃၂:၁၇−၃၂ အပိုဒ်ငယ် ၁၇−၃၁ တွင် အဲဂုတ္တုပြည်ဆင်းသက်ခဲ့သည့်မရဏာနိုင်ငံ (မြေတွင်း)၏မြင်ကွင်းကို ဖော်ထုတ်ပြသထားသည်။ ထိုနေရာတွင် အာရှုရိ (ငယ် ၂၂−၂၃)၊ဧလံ (ငယ် ၂၄−၂၅) မေရှက်နှင့်တုဗလ (ငယ် ၂၆−၂၇)၊ ဧဒုံ (ငယ် ၂၉)နှင့် ဇိအုန် (ငယ်၃၀) တို့လည်း တွေ့မြင်ရသည်။ ဤကမ္ဘာမြေပေါ်တွင် ခမ်းနားကြီးကျယ်ခဲ့သော အဲဂုတ္တုပြည်သည်လည်း မရဏာတွင် အခြားတိုင်နိုင်ငံများနှင့် ဘဝတူဖြစ်သည်(ငယ် ၂၈၊၃၁၊၃၂)။ ဤနေရာ၌ မြို့ပြတိုင်းနိုင်ငံခုနှစ်ပါးအပေါ် ယေဇကျေလ၏ ဗျာဒိတ်ရူပါရုံ ပရောဖက်ပြုချက် နိဂုံးချုပ်သည်။