ယေဇကျေလအနာဂတ္တိကျမ်း ၄၆

၄၆:၁−၈ အပိုဒ်ငယ် ၁−၈တွင် ဥပုသ်နေ့နှင့် လဆန်းနေ့၌ မင်းသားသည် ယဇ်ပူဇော်စရာကိုယူဆောင်လာ၍ အတွင်းတံတိုင်း အရှေ့တံခါးပေါက်၌ ရပ်သည့်အကြောင်းရှင်းပြသည် (ငယ် ၆)။ မင်းသားသည် အတွင်းတံတိုင်းထဲသို့မဝင်ရ။ လူပရိသတ်သည် မင်းသားနောက်တွင် မတ်တပ်ရပ်၍ ယဇ်ပုရောဟိတ်များနည်းတူ ဝတ်ပြုရသည်။ မင်းသားနှင့်လူပရိသတ်များသည် အတွင်းတံတိုင်း ထဲသို့ဝင်ခွင့်မရကြ။

ဣသရေလ တမျိုးသားလုံးသည် အတိတ်က မတွေ့ဖူး မကြုံဖူးခဲ့သော တစုံတရာအဖြစ် မိလေနိကာလ၏ ပူဇော်သက္ကာများတွင် ခရစ်တော်ကို တွေ့မြင်ရကြလိမ့် မည်ဖြစ်သည်။

၄၉:၉−၁၀ ယဇ်ပူဇော်ရန် အပြင်တံတိုင်း ထဲသို့ဝင်လာကြသော ပရိသတ်များသည် ပြန်လည် ထွက်ခွါသည့်အခါ ဆန့်ကျင်ဖက်တံခါးပေါက်မှ ထွက်ရသည်။ မင်းသားလှုပ်ရှားမှုအတိုင်း ထပ်ချပ်လိုက်လုပ်ရသည်။

၄၆:၁၁−၁၈ အပိုဒ်ငယ် ၁၁နှင့် ၁၂ ၌ မင်းသား၏ လွတ်လပ်ဆန္ဒအလိုအတိုင်း ယဇ်ပူဇော်ပုံကို ဖော်ပြသည်။ အပိုဒ်ငယ် ၁၃−၁၅ တွင်နေ့စဉ် ဘောဇဉ်ယဇ်ပူဇော်မှုဆိုင်ရာ ပညတ်ချက်များကိုဖော်ပြသည်။ မေ့လျော့မှားယွင်းသောအပြစ်များ မတရားသဖြင့် ပြုမှုများကို အပြစ်ဖြေခြင်းဖြစ်သည်။

၄၆:၁၉−၂၄ ယဇ်ပုရောဟိတ်များနှင့် လူထု ပရိသတ်တို့အတွက် စားဖိုဆောင်များ ခွဲခြားသတ်မှတ် ထားသည်ကိုဖော်ပြသည်။

Previous Article
Next Article