ယေဇကျေလအနာဂတ္တိကျမ်း ၈

() ဗိမာန်တော်ထဲ၌ ရွံရှာဘွယ်ရာရုပ်တုကိုးကွယ်မှု ရူပါရုံ (အခန်း၈)

          : သက်ကြီးသူများက ကူညီမစခြင်းမရှိ၊ မျက်နှာလွဲခဲ့ကြသောကြောင့် တရားစီရင်ခြင်းခံထိုက်ကြောင်းကို သက်သေခံကြမည်။ ဤအဖြစ်သနစ်မျိုးကို ယနေ့ကာလ၌လည်း မကြာခဏ ကြုံတွေ့ရသည်။ ဘုရားသခင်က ယေဇကျေလအား ဗျာဒိတ်ရူပါရုံဖြင့် ဗာဗုလုန်မှ ယေရုရှလင်သို့ခေါ်ဆောင်သွားသည်။ ရွံရှာဘွယ်ရုပ်တုဆင်းတုများအား ဝတ်ပြုကိုးကွယ်နေကြပုံကို အော့အန်ချင်စရာတွေ့ရသည်။ ဗိမာန်တော် အဝင်တံခါးနားမှာ ယုတ်ညံ့သော ရုပ်တုဆင်းတုများတည်ထားသည်ကိုမြင်တွေ့ရသည်။ ယင်းအရာတို့သည် ဘုရားသခင်၏ အမျက်တော်ကိုကြီးကျယ်စွာ လှုံ့ဆော်ကြလေပြိတကား။

၈:၇−၁၅ ဒုတိယမြင်ရသော ဗျာဒိတ်ရူပါရုံမှာ ဗိမာန်တော်တံတိုင်း ဖြစ်သည်။ သက်ကြီးသူ ယုဒလူများကရုပ်တုအသီးသီးကို ဝတ်ပြုရှိခိုးနေကြသည်။ ဘေးပတ်လည်နံရံပေါ်၌ ပန်းချီရုပ်တုပုံများ၊ ဓါတ်ပုံများကို ဝတ်ဖြည့်နေကြသည်။

တတိယမြင်ရသော ရူပါရုံမြင်ကွင်းမှာ မြောက်ဘက်တံခါးဝတွင် အမျိုးသမီးများသည် ဗာဗုလုန်တို့၏ တမ္မုဇနတ်အတွက် ငိုကြွေးနေကြသည်။ အလေ့ကျပေါက်ပင်များသည် အချိန်တန်လျှင် ထုံးစံအတိုင်း အရွက်ခြောက်သေကြသည် မဟုတ်လော့။

၈:၁၆−၁၈ စတုတ္တရူပါရုံမြင်ကွင်းမှာ ထာဝရဘုရားအိမ်တော်၏ အတွင်းဘက်တံတိုင်း ဖြစ်သည်။ ဗိမာန်တော်တံခါးဝ၊ ဗိမာန်တော်ဦးနှင့်ယဇ်ပလ္လင် ကြား၌ လူနှစ်ဆယ့်ငါးယောက်တို့သည် ဗိမာန်တော်ကိုကိုကျောခိုင်း၍ အရှေ့ဖက်သို့ မျက်နှာပြုကာ နေကိုကိုးကွယ်နေကြသည်။ အပိုဒ်ငယ်−၁၇ ၌ပါရှိသော သစ်ခက်မှာ အဓိပါယ်မရှင်းပါ။ နှာခေါင်းဝတွင် သစ်ကိုင်းကပ်ခြင်းသည် ဘုရားသခင်အား မကြည်ညိုခြင်း သင်္ကေတဖြစ်နိုင်သည်။ သစ်ကိုင်းသစ်ခက်သည် ညစ်ညမ်းသော ဖိုမင်္ဂါအဖြစ် သရုပ်ဖော်ခြင်းလည်း ဖြစ်နိုင်ပါသည်။

အသက်တာ၌ ပြောင်းလဲခြင်းမရှိ၊ဘုရားစစ်ဘုရားမှန်ကိုမသိသော ဘာသာရေးခေါင်းဆောင်များ၏ အမူအကျင့်ဆိုး မှားယွင်းသော အယူဝါဒ၊ ညစ်ညမ်းသော အကျင့်စရိုက်များကို ဘုရားသခင်က မြင်ပါသည်။ ထို့ကြောင့် သူတို့စကားကိုနားမထောင်ဟု ဘုရားရှင်က အတိအလင်းဆိုထားသည်။

Previous Article
Next Article