ယေဇကျေလအနာဂတ္တိကျမ်း ၉
(င) ဘုရားသခင်ခွဲခွါသည်နှင့် ဖျက်ဆီးမည့်ရုပ်တုဆင်းတုများ ထပ်ချမကွာ ဝင်လာခြင်း (အခန်း၉)
၉:၁−၂ ရှေ့အခန်းတွင် ရုပ်တုဆင်းတု ကိုးကွယ်သူများ ပျက်ဆီးကြရမည့်အကြောင်း ဖော်ပြခဲ့ပြီ။ ဤအခန်းတွင် ထိုသူတို့အား သတ်ဖြတ်မည့်လူ ၆−ပါးက မြောက်ဖက်အရပ်(ဗာဗုလုန်အရပ်)မှ တင်ရောက်လာကြောင်း ပြောပြသည်။ ပိတ်အဝတ်ဆင်ထားသူသည် ကျေးဇူးတော်ကို ဆိုလိုသည်။
၉:၃ ဘုန်းတန်ခိုးတိမ်တိုက် (ဘုရားသခင်မျက်မှောက်ရှိခြင်းလက္ခဏာ)သည် ဗိမာန်တော်တွင် စိုးစံတော်မူလျက် ရုပ်တုဆင်းတုဝါဒီများအား ပယ်ရှားမည်။ ဘုရား၏ ဘုန်းတန်ခိုးတိမ်တိုက်သည် ဗိမာန်တော်တစ်ခုလုံးကို ထွန်းလင်းနေသည်။
၉:၄ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းမရှိသော ယုဒယုံကြည်သူများသည် နဖူးပေါ်တံဆိတ်ခတ်ခြင်း ခံရသဖြင့် သေဘေးမရောက်ကြ။ ဤကျမ်းပိုဒ်သည် ယနေ့ယုံကြည်သူများကို စိမ်ခေါ်နေပါသည်။ ဘုရားရှင်နောက် မလိုက်လိုသူများနှင့် တွေ့ကြုံရသောအခါ မည်ကဲ့သို့ပြုမူကြသနည်း။ သူတို့နှင့် အုတ်အရောရောကျောက်အရောရော နေမည်လာ။ သူတို့ကို ဆရာတင်မည်လား။ သူတို့ကို စစ်ကြောရမည်လား။ လျစ်လျူပြုပြီး တသီးတခြား နေမည်လား။ ညည်းတွားငိုကြွေးနေခြင်းက သူတို့စိတ်နှလုံးအမှန်ကို လှစ်ဟပြနေသဖြင့် စီရင်ခြင်းမှကင်းလွတ်ခွင့်ရခြင်း ဖြစ်သည်။
နဖူးပေါ်၌ ခတ်နှိပ်မည့်တံဆိတ်အမှတ်တံဆိတ်မှာ ဟေဗြဲနောက်ဆုံးအက္ခရာ(tau) ဖြစ်သည်။ ရဗွိဆရာများက စစ်ကြောပြီးခြင်းဟု အဓိပ္ပါယ်ရသည်။ Tora(Law) ကျမ်းတွင် ပထမဆုံးဗျည်းလည်း ဖြစ်ပေသည်။ Feinberg က”ဤကျမ်းပိုဒ်နှင့် ဗျာ၊ ၇:၁−၃ အကြားဆင်တူရိုးမှားမှတ်သား စရာစကားလုံး”ဟု၁၀ မှတ်ချက်ပြုသည်။ နောက်ပိုင်းတွင် ထိုစကားလုံကို စွဲမက်ဖွယ်ဖွင့်ဆိုချက်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။
သမ္မာကျမ်းစာ အနက်ဖွင့်ဆရာများက ပရောဖက်ပြုချက်များထဲမှ လက်ဝါးကပ်တိုင် အမှတ်သင်္ကေတ၏ အရိပ်အယောင်အဖြစ် အတက်ကောက်ကြသည်။ ရှေဟောင်း ဟေဗြဲဗျည်း အက္ခရာတွင် နောက်ဆုံးဗျည်း(taw) ကို ကြက်ခြေခတ်ပုံရေးသားရသည်။ ယေဇကျေလသည် ယနေ့ခေတ် ခရစ်ယာန်သင်္ကေတဖြစ်သောကြက်ခြေ (cross)ကို ကိုတင်တွေးခေါ်မျှော် မြင်နိုင်ခဲ့ခြင်းဖြစ်မည်မထင်ပါ။ မည်သို့ပင်ဖြစ်စေ မှတ်သားဖွယ်ရာ တိုက်ဆိုင်မှုတစ်ခု ဖြစ်ပါသည်။၁၁
၉:၅−၇ ပါးကွက်အာဏာသားများသည် ရုပ်တုဆင်းတုသမားများကို လိုက်လံ ကွပ်မျက်ကြသည်။ ဦးစွာ အသက်ကြီးသူများကို စတင်သတ်ဖြတ်ကြသည်။ ‘တံဆိတ်ခတ်နှိပ်ထားသူများထံ မချဉ်းကပ်ရ”ဟု ဘုရားရှင်ကမှာကြားသည်။ ယနေ့ခေတ်ကာလတွင် ထိုအမှတ်တံဆိပ်ကို အလေးထား−မထား မသေချာလှသော်လည်း နှုတ်ကပတ်တော်ဖွင့်ပြချက်အရ ကင်းလွတ်ကြောင်းစိတ်ချနိုင်ပါသည်။ ဤယုံကြည်စိတ်ချမှုမျိုး မရရှိသူများ၏ ကံကြမ္မာကား မတွေးဝံ့စရာပါတကား။
၉:၈−၁၁ ယေဇကျေလ သူ့လူများအတွက် တောင်းလျှောက်ပေးသောအခါ ဘုရားသခင်က အပြစ်ခွင့်လွှတ်စရာ ကရုဏာမရှိဟုဆိုသည်။ လူများကလည်း ဘုရားသခင်သည် သူတို့အတိဒုက္ခရောက်ခြင်းကို မကြည့်၊ စွန့်ပစ်တော်မူကြောင်း အော်ဟစ်ငိုကြွေးမည်။ စင်စစ် ယုံကြည်ခြင်း သစွာမရှိကြသောကြောင့် ဘုရားသခင်က သူတို့ကို စွန့်ခွါခြင်း ဖြစ်သည်။ “ဘုရားသခင်…မကြည့်မမြင်” ဟူသော ဆိုရိုးစကားမှာ ယနေ့တိုင်မရိုးသေး၊ ခေတ်မီဆဲ ဖြစ်သည်။
ဤကျမ်းပိုဒ်နှင့်အခြားကျမ်းပိုဒ်များ(နောဧနှင့်သူ့သင်္ဘော)၌ ပါရှိသည့် တရားစီရင်ခြင်း အချင်းအရာကို ထောက်ရှုလျှင် တရားမဲ့ဆိုးယုတ်သူများအပေါ် ပြစ်ဒဏ်စီရင်ခြင်း သွန်းလောင်းသောအခါ သစ္စာရှိယုံကြည်သူများကို ဦးစွာကယ်လွှတ်တော်မူတတ်သော ဘုရားခင်၏ ဝိသေသလက္ခဏာထူးကို မြင်ရသည်။