ယေရမိမြည်တမ်းစကား နိဒါန်း
“စိတ်လှုပ်ရှားဖွယ်ရာ၊ ရင်ခုန်သံများသည် သာယာခြင်းနှင့်အတူ ကြေကွဲ၀မ်းနည်းခြင်း၊ နာကြင်ခြင်း၊မြုံခြင်း၊ အံကြိတ်ခြင်းများကို တပါးတည်းယူဆောင်လာတတ်သည်။ ထိုကြေကွဲ ဝမ်းနည်းခြင်းများနှင့် သာယာခြင်း တည်းဟူသော စားခြင်း၊ သောက်ခြင်း၊ ထိမ်းမြားခြင်းတို့သည် ခေါင်းနှင့် ပန်းကဲ့သို့ ကျောခြင်းကပ်နေသည်။ ဤကျမ်းစာက ကိုယ်ဖြစ်ကိုယ်ခံရမည်ဟု မိမိတို့အပြစ်ဒုစရိုက်များကို ပြန်လည်သတိပေးပါသည်။”
Charles R.Swindoll
၁။စံတော်မီဝိသေသလက္ခဏာ
ဤကျမ်းငယ်ကို ဂရိ၊ လက်တင်၊ အင်္ဂလိပ်ကျမ်းမူများတွေ ငိုချင်း”မြည်တမ်းစကား”ဟု ကင်ပွန်းတပ်ကြသည်။ အခန်း၁၊၂နှင့် ၄ ပါသော how “မည်ကဲ့သို့” သို့မဟုတ် Alas “အလို” ဟူသော စကားလုံးကို ယုဒတို့က ဟေဗြဲဗျည်းအက္ခရာ ပထမဆုံးဗျည်း ဖြစ်သည်ဟုဆိုကြသည်။ ဤကျမ်းတွေ တေးကဗျာ (၅) ပုဒ်ဖြင့် သီကုံးထားသည်။ ထိုကဗျာများသည် ဘီစီ ၅၈၆ တွင်နေဗုခပ်နေဇာဘုရင်က ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ခြင်းအကြောင်း ဖြစ်သည်။ ပထမ(၄)ပုဒ်၎င်းမှာ စာကြောင်းအစကို အနက်ကောက်ခြင်းဖြင့်သာ ပုံဖော်နိုင်သည့် ထူးခြားလေးနက်သော အဖွဲ့အနွဲ့ဖြစ်သည်။
တခုရှိသည်မှာ ဟေဗြဲဗျည်းဖြင့် အဓိပ္ပါယ်ကောက်ယူရသည်။ အခန်း (၃)မှ လွဲ၍ ကျန်အခန်းများသည် နောက်တပိုဒ်တွင် မကျည်းရွက်သတ်ကာရံထားသိုပုံဖြင့် ယူရသည်။ အခန်း (၅) သည်လည်း ဟေဗျည်း (၂၂) ဖြင့် ကောက်ယူရသည်။ ထိပ်စည်းစကားလုံးမူတည်၍ မကျည်းရွက်သတ်ကာရံထားသိုနည်း မဟုတ်။
ခက်ခဲနက်နဲ၍ သဒ္ဒါစည်းကမ်း ကြပ်တည်းလှသော်လည်း မျိုးချစ်ပုဂ္ဂိုလ်များအတွက် အလွန်ဝမ်းနည်း စိတ်နှလုံးထိခိုက်နိုင်လောက်အောင် အသက်ပါရှိပါသည်။
၂။ ကျမ်းရေးသူ
ကျမ်းစာတွင် ကျမ်းရေးသူ အမည်နာမ လုံးဝဖော်ပြခြင်းမရှိသော်လည်း စာသွားစာလာ အကြောင်းအရာကြည့်၍ ပရောဖက်ယေရမိ ရေးသားသည်ဟုဆိုကြရာ ၁၈ ရာစုနှစ်တိုင်အောင် အတိုက်အခံပြုငြင်းဆန်မည့်သူ မပေါ်သေး။
ဂရိဘာသာပြန်ဆိုချက် ( Septuagint) တွင်ဟေဗြဲမူရင်းကျမ်း၌ မည်သူ့ စာသွားပေဟန် ဖြစ်ကြောင်း မိတ်ဆက်စကား ဖော်ပြထားသည်။ “အားလုံးသွားကုန်ပြီ၊ ဣသရေလတို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရပြီးနောက် ယေရုရှလင်မြို့တော်သည်လည်း အထီးကျန်ခြောက်ကပ်ခဲ့သည်။ ထိုအနိဋ္ဌာရုံကြောင့် ယေရမိသည်လည်း မှိုင်တွေ၍ ယေရုရှလင်မြို့တော်အတွက် အော်မြည်ငိုကြွေးခဲ့သည်”ဟု အခန်း (၁) အစတွင် ဆိုထားပါသည်။
ကျမ်းစာအုပ်၏ ရေးသားဟန်လက်ရာသည် “ပရောဖက်၏ငိုကြွေးသံ” ဖြစ်သည်။ ၆ရာ ၃၅:၂၅ သည်လည်း ယေရမိ၏တမ်းချင်းနှင့်ဆင်သည်။ ကျမ်းရေးသူ၏ မျက်မြင်အထောက်အထားအရ ရေးသားခြင်းဖြစ်၍ ကျမ်းစာထဲတွင် စာရေးသူ၏ မျက်ရည်စများတွေ့နေသည်။ ထို့ကြောင့် ထိုခေတ်အခါက ပရောဖက်များနှင့် ယုဒလူများ၏ ပတ်ဝတ်ကျင်ကို လေ့လာသုံးသပ်လျှင် ယေရမိမှလွဲ၍ စီရင်ရေးသား မည့်သူမတွေ့နိုင်။
၃။အချိန်ကာလ
ပထမလက်ရေးမူတွင် ဇိအုန်အကြောင်း ဖွတ်ဖွတ်ကြေ မွှေနှောက်ခြင်းအားဖြင် အချိန်ကာလတိုအတွင်း ရေးသားခြင်းဖြစ်သည်ဟု ယူဆရသည်။ခန့်မှန်းခြေ ဘီစီ ၅၈၆ သို့မဟုတ် ဘီစီ ၅၈၅ ဖြစ်မည်။ အဲဂုတ္တုပြည်သို့ ယေရမိပါမသွားမီ အခိုက်အတန့် ကာလဖြစ်သည်။
၄။နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်
ယေရုရှလင်မြို့ ပြိုလဲပျက်သုန်းခြင်းကာလေးသည် တုန်လှုပ် ချောက်ခြားဘွယ်ရာ ဖြစ်သည်။ ဆင်းရဲခြင်း ဝေဒနာ ဖြစ်သည်။ ကြောက်လန့်အသဲငယ်စရာ ကပ်ဆိုးကြီးတပါး ဖြစ်သည်။ ဤမြည်တမ်းစကားသည် ပရောဖက်ယေရမိ၏ ပေါက်ကွဲမှုသံစဉ် ဖြစ်သည်ဟု ယုံကြည်သည်။
ဤစာအုပ်သည် ယေရမိအနာဂတ္တိကျမ်း၏ နောက်ဆက်တွဲကျမ်းဟုဆိုသည်။ ယေရုရှလင်မြို့နှင့် ဗိမာန်တော် ပျက်သုန်းခြင်းအတွက် ပရောဖက်ယေရမိ၏ ကြေကွဲဝမ်းနည်းခြင်းဖြစ်သည်။ သူ၏ပရောဖက်ပြုချက်အတိုင်းပြည့်စုံကြောင်း၊ မျက်ဝါးထင်ထင် တွေ့မြင်သောအခါ သူ့လူမျိုးနှင့်သူ့တိုင်းပြည်အတွက် ရင်မှာ မချိအောင် ကြေကွဲဝမ်းနည်းနေပါလိမ့်မည်။
ယေရမိ၏ ငိုချင်းမြည်တမ်းစကားများ ကြားသိရပြီ။ သည့်နောက်တွင် အောက်ပါအတွေးများ ပေးခဲ့ပါသေးသည်။
၁။ ဗာဗုလုန်သားများ ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ပြီးသောအခါ ကြွင်းကျန်သော ယုဒလူများက ယေရမိ၏ ပရောဖက်ပြုချက် မှန်ကန်ကြောင်း သိရှိလာကြသည်။
၂။ မေရှိယသခင် ကာရာနီလက်ဝါးကပ်တိုင်ပေါ်တွင် ဝေဒနာခံ၊ အသေခံဖို့ အသွားတွင် ခံစားရသည့် ဝေဒနာကို သတိရစေသည် (၁:၁၂ကို ကြည့်ပါ)။
၃။ ကြွင်းကျန်သူများသည် ဘေးဒဏ်ကြီးကာလ၊ ယာကုပ်၏ဒုက္ခကာလ၌ ခံစားကြရမည့် ဆင်းရဲဒုက္ခကို ကြိုတင် သတိပေးတွေးဆစေသည်။
ပါဝင်သည့်အချက်များ
၁။ အံသြဘွယ်ရာယေရုရှင်မြို့ လူခြေတိတ်ခြင်း (၁:၁−၁၁)
၂။ ငိုကြွေးခြင်း၊ ဝန်ခံခြင်း၊ လူများဆုတောင်ကြခြင်း (၁:၁၂−၂၂)
(က) ငိုကြွေးခြင်း (၁:၁၂−၁၇)
(ခ) ဝန်ခံခြင်း (၁:၁၈−၁၉)
(ဂ) ဆုတောင်းခြင်း (၁:၂၀−၂၂)
၃။ ယေရုရှလင်အား ဘုရားသခင်ကအရေးယူအပြစ် ဒဏ်ပေးခြင်း (အခန်း၂)
(က) ဘုရားသခင်၏အမျက်တော် (၂:၁−၁၃)
(ခ) ဘုရားသခင် အမျက်တော်ရှခြင်း၊ ပရောဖက်တုများက လူအပေါင်းအား မှားယွင်း
သတိပေးခြင်း (၂:၁၄)
(ဂ) ဘေးလူများက သရော်လှောင်ပြောင်ခြင်း (၂:၁၅−၁၆)
(ဃ) ဘုရားသခင်၏ သတိပေးချက်အမှန် တကယ်ပြည့်စုံလာခြင်း (၂:၁၇)
(င) နောင်တရကြရန် ဖိတ်ခေါ်ခြင်း (၂:၁၈−၁၉)
(စ) ကရုဏာတော် ခံစားရန်ဆုတောင်းပြုခြင်း (၂:၂၀−၂၂)
၄။ ပရောဖက်၏ ဝမ်းနည်းစကားနှင့် ကြွင်းကျန်သူများ အပြစ်ဝန်ခံခြင်း(အခန်း၃)
(က) ဘုရားသခင်၏ တရားစီရင်ခြင်း (၃:၁−၁၈)
(ခ) သခင်ဘုရား၏ ကရုဏာတော် (၃:၁၉−၃၉)
(ဂ) ဝိညာဉ် သစ်နှိုးထကြရန်ဖိတ်ခေါ်ခြင်း (၃:၄၀−၄၂)
(ဃ) ယေရုရှလင်မြို့အတွက် ယေရမိ၏ ဝမ်းနည်းမျက်ရည်(၃:၄၃−၅၁)
(င) ရန်သူများလက်မှ ကယ်နှုတ်ရန် ပရောဖက်၏ဆုတောင်းချက် (၃:၅၂−၆၆)
၅။ အတိတ်နှင့်ပစ္စုပ္ပန်ကာလတွင် ယုဒတို့ကွာခြားမှု (၄:၁−၂၀)
၆။ အနာဂတ်မျော်လင်းချက်၊ ဧဒုံပျက်စီးခြင်းနှင့် ယုဒတို့ပြန်လည်နလံထူခြင်း(၄:၂၁−၂၂)
၇။ ကြွင်းကျန်သူများ၊ ဘုရားသခင်ရှေ့တော်တွင် ပြန်လည်ပေါ်ထွန်း၍ ကရုဏာတော်ခံစားစံစား
ကြခြင်း (အခန်း၅)