ယေရမိအနာဂတ္တိကျမ်း ၁

၁။ နိဒါန်း၊ယေရမိအားပရောဖက်ရာထူးခန့်အပ်ခြင်း(အခန်း၁)

:၁၀ ပထမဆုံးအခန်းတွင် ယေရမိသည် ဟိလကိ၏ သားဖြစ်ကြောင်း မိတ်ဆက်ထားသည်။ ဟိလကိသည် အာနသုတ်မြို့၌ ဗင်္ယာမိန်အနွယ်ဝင် ယဇ်ပုရောဟိတ် တစ်ပါး ဖြစ်သည်။ မမွေးဖွားခင်ကပင် ပရောဖက်အဖြစ် ဘိသိက်ပေးထားခံရသူ ဖြစ်သည်(ငယ်၅)။ ဓလေ့ထုံးစံအားဖြင့်(ငယ်၆)၊ တန်ခိုးတော်အားဖြင့် (ငယ်၈၊၉) ရှေးကုသိုလ် ပါရမီအားဖြင့် (ငယ်၁၀၊၁၁) ဘိသိက်ပေးထားသည်။ ထိုအကြောင်းကို William  Kelly ​က ဤသို့ ဆိုထားသည်။

ဟေရှာယနှင့် နှိုင်းယှဉ်လျှင် စရိုက်လက္ခဏာနှင့် ဟန်ပန်မတူညီမှုများ တွေ့ရမည်။ ဣသရေလလူမျိုးသည် လောကသားများ ဗဟိုပြုရမည့် ရွေးကောက်တော်မူသော လူမျိုးတော် ဖြစ်ကြောင်း အတိအလင်း မဆိုထားသော်လည်း ဘုရားသခင်နှင့် ဝိညာဉ်ရေးရာ ဆက်နွယ်ပုံကို တွေ့ရသည်။ စိတ်နှလုံး မာကြောခါးသီး နေသရွေ့ ယုဒလူမျိုးသည်လည်း အပြစ်စီရင်ခြင်း ခံရမည့်အကြောင်းကို ဘုရား သခင်၏ ဝိညာဉ်တော်က ယေရမိအား ဖွင့်ပြထားသည်။ ပရောဖက်များ၏ ဘဝအသက်တာများကို လေ့လာလျှင် ယေရမိကဲ့သို့ ကိုယ်တိုင် အတွေ့အကြုံ၊ အတွေးအမြင်၊ နည်းလမ်းနှင့် အသိဝိညာဉ်ရှိသူ ရှားပါးသည်။

:၁၁၁၉ ထို့နောက် ယေဟောဝါ ဘုရားသခင်က ပရောဖက်ယေရမိအား မျက်ဝါးထင်ထင် ရူပါရုံပြသသည်။ ဗာတံ(ဗာဒံ)ကိုင်း နှင့် ဆူပွတ်သောအိုး တွေ့ ရသည်။ ဗာတံတိုင်းကို မြင်ရခြင်းသည် ဘုရားသခင်ဗျာဒိတ်တော် ပြည့်စုံခါနီးကြောင်း အမှတ်သင်္ကေတ (ငယ်၁၁၊၁၂) ဖြစ်သည်။ ဆူပွတ်နေသောအိုး မြောက်ဘက်သို့ မျက်နှာပြုသည်မှာ ယုဒများရုပ်တု ဆင်းတုကိုးကွယ်ကြသောကြောင့် ဘုရားသခင် အမျက်တော် ဟုန်းဟုန်းတောက်၍ မြောက်အရပ်ရှိ ဗာဗုလုန်တို့ဝင် ရောက်မည့်အကြောင်း ဖြစ်၏။ (ငယ်၁၃-၁၆)ယုဒဘုရင်များနန်းမျိုးနန်းနွယ် များ၊ယဇ်ပုရောဟိတ်နှင့်နိုင်ငံသားများကံကြမ္မာငင်ကြမည့်အကြောင်း၊ သို့သော် ဘုရားသခင်က ကူညီစောင့်ရှောက်မည့်အကြောင်း ဟောသောအခါ တိုင်းသူ ပြည်သားများက မကျေနပ်ဘဲဆန့်ကျင်ရန် ရှာကြသည်။ သို့သော် ဘုရားသခင်သည် ယေရမိနှင့်အတူ ရှိနေသောကြောင့် ဘေးရန်မသင့်နိုင် (ငယ်၁၇-၁၉)။

Previous Article
Next Article