ယေရမိအနာဂတ္တိကျမ်း ၁၉
(ဇ)ယေရမိနှင့်ရေဘူး(အခန်း၁၉)
၁၉:၁–၉ ဘုရားသခင်စေခိုင်းသည့်အတိုင်း ယေရမိသည် ရေဘူးယူဆောင်၍ ယုဒရှင်ဘုရင်များ၊ ယေရုရှလင်မြို့သားများ၏ အမုန်းခံကာ သတိပေးသည်။ ယုဒလူများသည် ရုပ်တုဆင်းတု ကိုးကွယ်ကြသောကြောင့် ယုဒတစ်ပြည်လုံး ဘုရားသခင်က အရေးယူမည်။ ဟိန္နုံသားများ ချိုင့်ဝှမ်းသည် လူသေအလောင်းများဖြင့် ပြည့်နှက်သော လွင်ပြင် ဖြစ်သွားမည်။ ယေရုရှလင်မြို့သားများသည် ကပ်ဆိုးသင့်ခြင်းကြောင့် ဇာတ်တူသား စားကြမည်။
၁၉:၁၀–၁၅ ရေဘူးကွဲခြင်းသည် ဗာဗုလုန်သားများက ယုဒပြည်အား တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးမည့် အတိတ်လက္ခဏာ ဖြစ်သည်။ နေရာအနှံ့အပြားတွင် သင်္ချိုင်းအုတ်ဂူများ ပေါ်ထွန်းလာမည်။ ရုပ်တုဆင်းတု နတ်ကန္နားများ ကိုးကွယ်ရာ နေအိမ်များသည်လည်း ပြိုလဲပျက်စီးကုန်မည်။ ယေရမိသည် အငြိမ်မနေနိုင်သဖြင့် ဗိမာန်တော်သို့ တဖန်ပြန်ကြော့လာ၍ ကြွေးကြော်သည်။ သူ့လူများ၏ ဘုရားသခင်စကားတော် နားမထောင်မှု၊ နောင်တမရမှုတို့ကြောင့် အပြစ်စီရင်ခြင်း ခံရမည့်အကြောင်း တဖန်တလဲလဲ သတိပေးသည်။