ယေရမိအနာဂတ္တိကျမ်း ၂၂
၂၂:၁–၉ အခန်း(၂၂)တွင် ယုဒဘုရင်(၄)ပါးအကြောင်း ပါရှိသည်။ သို့သော် နန်းရိုးစဉ်ဆက်အလိုက် မဟုတ်။ နန်းရိုးစဉ်ဆက်အရ ဆိုလျှင်ယေဟောဟပ်၊ ယေဟောကိမ်၊ ယေဟောချိန်၊ ဇေဒကိ ဖြစ်ရမည်။ တစ်နည်းအားဖြင့် နောက်ဆုံး ဘုရင်ကို ဦးစားပေး ဖော်ပြထားသည်။
ပထမဘုရင်ဇောကိလက်ထပ်တွင် တရားမျှတမှု၊ ဖြောင့်မတ်မှု ရှိသည်။ တစ်နည်းအားဖြင့် ယုဒဘုရင်များကို ပစားပေးသော်လည်း မင်းကျင့်တရားနှင့် မညီလျှင် ဂီလက်နှင့် လေဗနုန်ကဲ့သို့ ခြောက်သွေ့စေမည်။ အထူးသဖြင့် နောက်မင်း(၃) ပါးသည် စိတ်ပျက်ဖွယ်ရာများဖြင့် ဘဝနိဂုံးချုပ်ကြရမည်။
(ဃ) ပရောဖက်ပြုချက်နှင့် ရှလုံမင်း(၂၂:၁၀–၁၂)
ယောရှိ၏သား ဒုတိယမြောက် ရှင်ဘုရင် ရှလ္လုံမင်းကို ယေဟောဟပ်ဟုလည်း ခေါ်ကြသည်။ အဲဂုတ္တုပြည်သို့ သုံ့ပန်းအဖြစ် အဖမ်းခံသွားပြီး၊ မွေးရပ်မြေသို့ တဖန်ခြေချခွင့်မရဘဲ၊ ရပ်ဝေးမြေခြားတွင် နတ်ရွာစံသည်။
(င) ပရောဖက်ပြုချက်နှင့် ယောယကိမ်မင်း(၂၂:၁၃–၂၃)
၂၂:၁၃–၁၉ တတိယမြောက်ဘုရင် ယေဟောကိမ်မင်းသည်လည်း အလုပ်သမားများကို အခကြေးငွေ ခြူးတစ်ပြား မပေးဘဲ၊ နန်းတော် တည်ဆောက်သည်။ သူ့ခမည်းတော် ယောရှိမင်းပြသသော နမူနာကို အတုမယူ။ သို့ကြောင့်နတ်ရွာစံ သောအခါငိုမည့်သူ၊တမ်းတသူတစ်ယောက်မျှမရှိ။ နွားလားတိရစ္ဆာန်အသေ ကောင်များ မြေမြှုပ်သကဲ့သို့ သူ့အလောင်းကို ယေရုရှလင်မြို့ပြင်သို့ ဆွဲထုတ်၍ မြေမြှုပ်ကြသည်။
၂၂:၂၀–၂၃ ယုဒပြည်သည် ကောင်းစားစဉ်အခါ ဘုရားမေ့ ကြသည်။ ဘုရားသခင်က သတိပေးသော်လည်း နားမဝင်ကြ။ သို့ကြောင့် ပြိုလဲပျက်စီးမည်။ ထိုအကြောင်းကို လေဗနုန်တောင်ပေါ်သို့ တက်၍ ဗာရှန်ပြည်နှင့် အာဗရိမ်သားများ ကြားအောင် မဟာမိတ်)နှင့် သိုးထိန်း (အုပ်စိုးသူအစိုးရမင်းဝ)များကို နေဗုခ်နေဇာမင်း ဖမ်းဆီးသွားမည်။ ယုဒပြည်သူပြည်သားများ ကိုယ်တိုင်လည်း နာကျင်စွာ ဝေဒနာခံစားကြရမည်။
(စ) ပရောဖက်ပြုချက်နှင့် ယေဟောကိန်မင်း(၂၂:၂၄–၃၀)
ခေါနိမင်း (ယေခေါနိ၊ ယေဟောချိန်ဟုလည်း ခေါ်သည်။ စတုတ္ထမြောက် ဘုရင်ဖြစ်၍ ဗာဗုလုန်သားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။ ဗာဗုလုန်ပြည်တွင် နတ်ရွာစံသည်။ ထိုဘုရင်၏ ထီးမွေနန်းမွေဆက်ခံသူ မရှိသဖြင့် ဒါဝိဒ်မင်း၏ ရာဇပလ္လင်သည် စခန်းသိမ်းသွားသည်။ သားသမီး မထွန်းကားသဖြင့် ဦးလေးတော်သူ ဇေဒကိမင်းက ယုဒနောက်ဆုံးဘုရင်အဖြစ် ထီးမွေနန်းမွေ အရိုက်အရာ ဆက်ခံသည်။ ထိုအကြောင်းကို Charles H.Dyer က ဤသို့ ရှင်းပြသည်။
ဤမျိုးရိုးစဉ်ဆက် ပရောဖက်ပြုချက်ကို မ ၁နှင့် လု ၃တွင် ထပ်မံရှင်းပြထားသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ခရစ်တော်သည် မွေးစားဖခင်ယောသပ်၏ မျိုးနွယ်ဆက်မှ ဆင်းသက်လာပုံ ရှင်းပြထားသည်။ ယောသပ်သည် ယေဟောချိန် သားရှလတ္တိလ (ယေခေါနိ မ ၁:၁၂ နောက်ပိုင်း၊ ၅ရာ ၃:၁၇)မှ ဆင်းသက်လာသည်။ အကယ်၍ သခင်ယေရှုသည် ယောသပ်၏သား၊ ကညာစင်မှ မွေးဖွားသူမဟုတ်လျှင် ဣသရေလဘုရင် ဖြစ်လာစရာအကြောင်း မရှိ။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် မူ လူ့ဇာတိအသွေးအသားမျိုးရိုးစဉ်ဆက်မှ ပေါက်ဖွားသော မယ်တော်မာရီ၏သား အဖြစ် ရှင်းပြသည် (၃:၃၁)။ သို့ကြောင့် ယေရှုသည် ကျိန်ခြင်းမင်္ဂလာ သင့်သောယေဟောချိန်မင်း၏ နန်းမျိုးနန်းနွယ်နှင့် တော်စပ်ခြင်းမရှိ။၂၅