ယေရမိအနာဂတ္တိကျမ်း ၃၃

() ပဋိညာဉ်သစ် ထမ်မံအတည်ပြုခြင်း (အခန်း၃၃)

၃၃:၁၆ ယေရမိသည် ထောင်နန်းစံနေသော်လည်း ဘုရားသခင်က အခြားရူပါရုံ ထပ်မံပြသသည်။ ဣသရေလနှင့် ယုဒလူမျိုးတို့ ပြန်လည်သင့်မြတ် ပူးပေါင်းခြင်းဖြင့် လူနေစည်းကားဖွံ့ဖြိုးလာမည် တိုင်းသူပြည်သားများ စည်ပင်ဝပြောကြမည်။ တောင်များပေါတွင် သိုးအုပ်၊ နွားအုပ်များ ပြည့်နေမည်။ ထိုကြွယ်ဝချမ်းသာမှုထဲတွင် ကြွယ်ဝတကာတွင် ကြွယ်ဝဆုံး ဖြစ်သော မေရှိယသခင် “ဖြောင့်မတ်ခြင်း၏ အညွှန့်” ဒါဝိဒ်၏ အညွှန့်ဆင်းသက် ရောက်ရှိလာမည်။ ယေရုရှ လင်မြို့ကိုလည်း ယေဟောဝါဇေဒကနု ဟုခေါ်တွင်ကြမည်။ ဣသရေလများပြန် လည်စုစည်းကြရန် ယေရုရှလင်မြို့ကို ဘုရားသခင်သည် သူ၏ဘွဲ့နာမတော် ကင်ပွန်းတတ်မှည့်ခေါ်သည်။ လူတွင် သူတို့သမီးရှိသကဲ့သို့ ခရစ်တော်၏ သူတို့သမီးသည်လည်း အသင်းတော် ဖြစ်သည် (၁ကော၁၂:၁၂)။

၃၃:၁၇-၂၆ ဘုရားသခင်၏ ကတိတော်သည် ဖောက်ပြန်ခြင်း မရှိနေ့ညတည်မြဲ နေသည်။ ဒါဝိဒ်မျိုးနွယ်စုသို့ ကတိတော်ပြုထားသည့်ရာဇပလ္လင် ပဋိညာဉ်သည်၎င်း၊ လေဝိအမျိုးသို့ ကတိတော်ပြုထားသည့် ယဇ်ပုရောဟိတ်ပဋိညာဉ်သည်၎င်း အမြဲတမ်း တည်မြဲနေမည်ဟု ထပ်မံကတိပြုသည်။ အချို့လူများက ဘုရားသခင်   အိမ်တော်(၂)ခုနှင့် ပတ်သက်၍ သို့လော၊ သို့လောဒွိဟဖြစ်နေကြသည်။ ဣသရေလနှင့် ယုဒအပေါ်မှာ တည်သလား။ ယုဒလူမျိုးကို တစ်ယောက်မှ မကျန်အဆက်အသွယ် ဖြတ်တောက်ပစ်သလား ဖြစ်နေကြသည်။ ဘုရားသခင်က လူမျိုးများသို့ ပြုထားသောကတိတော်များသည် သဘာဝပညတ်တရားကဲ့သို့ ခိုင်မြဲပါသည် ဟု အတည်ပြုသည်။ ဒါဝိဒ်၏ သားစဉ်မြေးဆက်များသည် ပင်လယ်သဲသောင်ပြင်ရှိ သဲပွင့်အမျှများပြား တိုးပွား၍ ကောင်းကင်နိုင်ငံသားများ ဖြစ်ကြမည်။

Previous Article
Next Article