ယေရမိအနာဂတ္တိကျမ်း ၄၄

၄၄:၁၄ အခန်းကြီး (၄၄)သည် အဲဂုတ္တုပြည်တွင် ယေရမိ၏ နောက်ဆုံးနေ့ရက်များ ဖြစ်သည်။ ထိုပြည်တွင် ပရောဖက် ယေရမိ ကံကုန်သည်။

မိမိတို့ ရုပ်တုဆင်းတု ကိုးကွယ်မှုကြောင့် ဘေးဆိုးကပ်ဆိုး တပုံတခေါင်း ခံစားရမည့်အကြောင်း ယေရမိက သူ့လူများအား ဟောကြား သတိပေးသည်။  ယေရမိ၏ လူများသည် တိုင်းတပါးအဲဂုတ္တုပြည် ရောက်သည့်တိုင် ဧည့်သည် ဘုရားအဲဂုတ္တုများ၏ အုတ်ပုံ၊ ထင်းပုံ ဘုရားများကို ကိုးကွယ်နေကြဆဲ။ ထိုသို့ ထိုသို့သက်မဲ့ပစ္စည်းများကို ကိုးကွယ်နေကြခြင်းကြောင့် ဘုရားသခင်၏ အရေးယူအပြစ်ပေး ခြင်းခံကြရမည်။  တစ်ဆွေလုံး တစ်မျိုးလုံး သေကြေပျက်စီးကြမည်။  လက်တစ်ဆုတ်စာ မှလွဲ၍ လူအများစုသည် မွေးရဌာနယုဒမြေသို့ ပြန် လည်ခြေချခွင့်ရကြမည်မဟုတ်။

၄၄:၁၅၃၀ အသိခေါက်ခက်အဝင်နက်တတ်သော မိန်းမများထုံးစံအတိုင်း ထိုပတ်ဝန်းကျင်ရှိ မိန်းမများသည် ယေရမိ၏ ပရောဖက်စကားအား အလေးမထား၊ ဂရုမစိုက်ကြ။ ကောင်းကင်နတ်သမီးကိုသာ နံ့သာပေါင်း ထွန်း၍ ပူဇော်ရှိခိုး ကြသည်။  မိန်းမကြောက်တတ်သော ယောက်ျားများသည်လည်း မိန်းမများနောက်သို့ လိုက်၍ ဘုရား မဟုတ်သော ရုပ်တုများကို ကိုးကွယ်ရှိခိုးကြသည်။  ယေရမိသည် သူ့လူများအား ထိုသို့ အမှောက်မှောက်အမှားမှား ရှိခိုးကိုးကွယ်ခြင်း မပြုဘဲ၊ ထာဝရဘုရားကိုသာ ယုံကြည်ကိုးစားကြရန် တဖွဖွ သွန်သင် ဟောပြောကြသည်။ ဘုရားသခင်၏ နာမတော်အားမှီကိုးကြရန် စည်းရုံးသည်။  ကြောက်လန့်ဖွယ်ရာ အပြစ်တရားစီရင်ခြင်းကို ရောက်လာမည်။ ဘုရားတု ကိုးကွယ်သူများကို တရားစီရင်မည်။  ယခုလူအများ အားကိုးအားထားပြုကြသော အဲဂုတ္တုဘုရင်လည်း ဘုရားသခင်က တရား စီရင်မည်ဟု ဆိုသည်။

Previous Article
Next Article