ယေရမိအနာဂတ္တိကျမ်း ၄၅

() ဗာရုတ်သို့ သတင်းစကားတော်(အခန်း၄၅)

ဤအခန်း(၄၅) သည် ယေယောကိမ်မင်း လက်ထက်တွင် ရေးသားခဲ့သည်။  အခန်းကြီး(၄၄)၏ အဆက်ဖြစ်သည်။ ၃၆:၁-၈ နှင့်လည်း ဆက်စပ်သည်ဟု ဆိုနိုင်သည်။  ယုဒလူမျိုးအပေါ် ဘုရားသခင်က အပြစ်တရား စီရင်မည့်အကြောင်း စိုးရိမ်ကြောက်လန့်နေသော ဗာရုတ်သို့ နှစ်သိမ့်အားပေးစကား ဖြစ်သည်။  သူ့ရာထူး အတက်အကျကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။ ဘုရားသခင်သည် လူကို အထက်ဘုံနန်းသို့ မြှင့်တင်ပေးနိုင်သကဲ့သို့ အောက်ဆုံးအဆင့် ရောက်အောင် စုတ်ဖြဲနှိမ့်ချနိုင်သည်။ ဗာရုတ်သည် သူကိုယ်ပိုင်အတွက်သော်၎င်း၊ ယုဒလူမျိုးအတွက် သော်၎င်း၊ ကြီ:မားသော အမူအရာများ ရှာဖွေခြင်း မပြု။ အသက်ဘေး အန္တရာယ် ရှာဖွေခြင်းမျှသာ စဉ်းစားသည်။  မျှော်လင့်ချက် ကြီးကြီးမားမားမထား။ ဖြစ်သလို နေထိုင်သည်။ ထိုအကြောင်းကို Kelly က ၎င်းဤသို့ ထောက်ခံထားသည်။

သန့်ရှင်းသူ ဘုရားသခင်၏ အစေခံသည် အပြစ်တရား စီရင်ရာနေ၌ ကြွယ်ဝချမ်းသာခြင်း၊ စဉ်းစားရာ မလိုကြောင်း ဗာရုတ်အသက်တာက သင်ခန်းစာ လှလှပေးထားသည်။  သန့်ရှင်းသူများ၏ စိတ်သဘောများသည် အမြဲတမ်း အောက်ကျို့ သိမ်မွေ့သည်။  အန္တရာယ်ဆိုးရောက်သော နေ့ရက်ကာလ၌လည်း လုံခြုံရာရရှိသည်။  အောက်ချို့နှိမ့်ချခြင်းသည် စိတ်သဘောထား မြင့်မြတ်ခိုင်မာသည်။  တရားစီရင်ခြင်း၌လည်း အဓိကလိုအပ်ချက် ဖြစ်သည် ယခုပြောတရားစီရင်ခြင်းမှာ နောက်ဆုံးကာလ၌ ဘုရားသခင်၏ အပြစ်တရားစီရင်ခြင်းကြောင့် မဟုတ်။  မျက်မှောက် လူ့လောကအရေး အရာနှင့် ယှဉ်ပြောခြင်း ဖြစ်သည်။ သို့သော် ဗာရုတ်က ထိုသို့ ကျင့်ကြံခဲ့သည်ဟု မဆိုလို။  စာဖတ်သူက သင်ခန်းစာယူရန် ဆိုလိုသည်။  ယေဟောကိမ်မင်း နန်းစံစတုတ္ထနှစ်တွင် ဘုရားသခင်က ဗာရုတ်သို့ပြောသော ပရောဖတ်စကားဖြစ်ပါသည်။၃၈

Previous Article
Next Article