ယေရမိအနာဂတ္တိကျမ်း ၄၆

၈။  တပါးအမျိုးသားများဆန့်ကျင်မည့်ပရောဖက်ပြုချက်များ (အခန်း၄၆၅၀)

ဤသင်ခန်းစာတွင် ယေရုရှလင်ပျက်စီးခြင်းနှင့် အပြစ်တရားစီရင် ခြင်း၊ ယေရမိ၏ သတိပေးချက်များ ရေးသားထားသည် ။  လူမျိုး(၉) ပါးသို့ ပရောဖက်ပြုချက် ပြုထားသည်။  အဲဂုတ္တု၊ ဖိလိတ္တိ၊ မောဘ၊ အမ္မုန်၊ ဧဒုံ ၊ ဒမာသက်၊ အာရဗျ(ကေဒါနှင့် ဟာရာ) ဧလံနှင့် ဗာဗုလုန်  အမျိုးတို့ဖြစ်သည်။ လူမျိုးများ၏ အမည်စာရင်းကို မြေပုံအလိုက်ကြီးစဉ် ဖော်ပြထားသည်။  အနောက်မှအရှေ့သို့ ရေတွက်သည်။  ဤပရောဖက်  ပြုချက်များသည် ၂၅:၁၃ မှအစပြုပါသည်။  ယေရုရှလင်မြို့ပျက်သုဉ်း သည့်နောက်ပိုင်းတွင် ပရောဖက်ပြုချက်ပြည့်စုံသည်။  ဗာဗုလုန်မြို့ ပျက်စီး၍ ဖုန်းဆိုေတာထချိန်တွင် ဣသရေလများ ရွေးနှုတ်မည့်အကြောင်း ပရောဖက် ပြုချက်များသည် ပြည့်စုံသွားပြီး သို့သော်လည်း အချို့ကျမ်းစာပညာရှင်များက ပြန်လည်တည်ဆောက် တည်သည့်အကြောင်း၃၉ ၅၁:၁-၂၄ ပါရှိသည့် မေဒိပေါ်ထွန်းလာသည့် အကြောင်းကို ထောက်ပြကြသည်။

(က) အဲဂုတ္တုအမျိုး (အခန်း၄၆)

          ၄၆:၁၂ အခန်းကြီ:၄၆ တွင် အဲဂုတ္တုပြည် သားများအကြောင်း ခပ်ရှည်ရှည်ရေးထားသည်။ အဲဂုတ္တုလူမျိုးများဖြင့် တပါးအမျိုးသားများ အပေါ်ပရောဖက်ပြုချက်အစပြုသည်။ တိုက်ပွဲဝင်ဖို့ စစ်ပြင်ဆင်ထား ကြောင်း တွေ့ရမည်။ အဲဂုတ္တုစစ်ပညာတော်များသည် အင်အားတောင့် တင့် ၍ စစ်ရည်စစ်သွေးပြည့်ဝကြသည်။  ကြေးစားတပ်၊ အဲသရောပိ သားများ၊ လစ်ဗျားသားများ၊ လေဒီယံသားများ ဖြစ်သည်။ ဘီစီ၆၀၅ ခုနှစ်တွင် Carchemish များကို အောင်ပွဲဆင်သည်။

          ၄၆:၁၃၁၉ နောက်ပရောဖက်ပြုချက်မှာ အဲဂုတ္တုပြည်သို့ တိုင်း တပါးသားများ ချဉ်းနင်းဝင်ရောက်မည့်သတိပေးချက်ဖြစ်သည်။ နေဗုခပ်နေဇာမင်းဝင်ရောက်လာသောအခါ ကြေးစားတပ်သားများသည် စိတ်ဓါတ် မပါရှိသဖြင့် စစ်ရှုံးကြသည်။  တစ်ဦးကို တစ်ဦး စွပ်စွဲရန်ဖြစ်ကြပြီ။  အချင်းချင်း မသင့်မတင့်ဖြစ်ကြ သောအခါ စစ်တပ်ပျက်စီးသည်။  မိမိအိမ်သို့ ပြန်ကြသည်။  အဲဂုတ္တုဖာရော့ ဘုရင်ကိုလည်း” သင်္ကြန်အမြောက်” ဟု နာမည်ပြောင်း ပေးကြသည်။ ခါလဒဲစစ်သားများသည် အဲဂုတ္တုသားများကို ကာမေလ နှင့်တာဗော်တောင်သို့ ခေါ်ဆောင်သွားကြသည်။

၄၆:၂၀၂၄ ဆူဖြိုးကြော့ရှင်းသော နွားမဒါန်းနှင့် တူသည့် အဲဂုတ္တုပြည်ကို ဗာဗုလုန်သားများက ဣန္ဒြေပျက်အောင် စော်ကားသည်။   သွေးရူးသွေးတန်းဖြင့် ခြေဦးတည်ရာ ထွက်ပြေးနေရသည်။  အဲဂုတ္တုသားများ၏ အသံသည် အသက်ရန်မှ လွတ်အောင် ထွက်ပြေး နေသောမြွေဟီသံကဲ့သို့ဖြစ်သည်။  နယ်ချဲ့ဗာဗုလုန်များသည် အဲဂုတ္တုပြည်အား ခုတ်လှဲပစ်ကြသည်။ ရန်သူများသည် ဂျိုင်းကောင် တပ်မဟာထက် ပိုမိုများပြားကြသောကြောင့် အဲဂုတ္တု ပြည်သား များ သည်မြတ်ခြောက်ပုံလဲကျနေကြသည်။

၄၆:၂၅၂၈ နောမြို့ရှိ အမ္ဗုန်ဘုရား(သိဗိလူမျိုး၏နေဘုရား)၊ ဖာရော့ဘုရင်နှင့် အဲဂုတ္တုတို့၏ အရုပ်ဘုရားများကိုလည်း ဘုရားရှင်က ဖျက်ဆီးပစ်မည်။ ထို့နောက်ပိုင်းတွင် ဣသရေလများသည် ပြန်လည်သင့်မြတ်နိုး ထပြီး နေရပ်ဌာနေသို့ ပြန်ရောက်ကြမည်။  သက်တောင့်သက်သာရှိနေ ကြမည်။

Previous Article
Next Article