ယောလအနာဂတ္တိကျမ်း ၃

() တပါးအမျိုးသားများကို တရားစီရင်မည့်အကြောင်း(:၁၆)

: ဘုရားသခင်က တပါးအမျိုးသားအပေါင်းအား ယောရှဖတ်ချိုင့်ဝှမ်းသို့ စုစည်းပြီး ယုဒလူမျိုးများသို့ ဆက်ဆံခဲ့ကြသည့်အတိုင်း တရားစီရင်မည်။ တုရု၊ ဇိဒုန်၊ ပါလေတိနပြည်များသည် ဘုရားသခင်၏လူမျိုးကို ဖမ်းဆီးကျွန်ပြုသည့် အပြစ်အတွက်ဝဋ်လည်ကြမည်။ ကျွန်အဖြစ် ပြန်လည်ရောင်းစားခံရသကဲ့သို့ ရာဇဝတ်ဒဏ်ထိုက်ကြမည်။

          :၁၆ တပါးအမျိုးသားများအား စစ်ပြင်ဆင်ခိုင်းထားသည်။ ထိုအချိုင့်အဝှမ်းတွင် အဆုံးအဖြတ်တိုင်းပွဲရင်ဆိုင်ကြရမည်။ ယောရှုဖတ်ချိုင့်ဝှမ်းတွင် ဘုရားသခင်သည်လူမျိုးအပေါင်းအား တရားစီရင်တော်မူမည်။

ဘုန်းတန်ခိုးပြည့်စုံသော ထာဝရဘုရားသခင်သည် လူတိုင်း၊ လူမျိုးတိုင်းအား မနေမနားကြည့်ရှုစစ်ဆေးနေပါသည်။ ထိုအကြောင်းကို Stevensonက ဤသို့မှတ်ချက်ပြုသည်။

သမ္မာကျမ်းစာပါ တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊ နိုင်ငံအလိုက်ဖြစ်စေ တရားစီရင်ခံမည့်အကြောင်းကို လူတို့က လက်မခံလိုကြ။ ဘုရားသခင်၏ လူများကမူသခင်ဘုရားနေ့ရက်ရောက်လာမည် ကမ္ဘာသူကမ္ဘာသားများကို တရားစီရင်မည်ဟု ခံယူကြ၏။ ထိုခံယူချက်သည် သမ္မာကျမ်းစာလာ ကျောက်ဆောင်စကားဖြစ်သတည်း။

(ယုဒလူများကောင်းကြီးမင်္ဂလာခံစားရမည့်အကြောင်း (:၁၇၂၁)

ဘုရားသခင်သည် သူ့လူများကို ပြန်လည်ရွေးနှုတ်လျက် သူတပါးကျူးကျော်နှိပ်စက်ခြင်းမပြုနိုင်သော လုံခြုံရေးအာမခံချက်ပေးမည်။ ဣသရေလမြေသည်လည်း မြေဆီသြဇာပြည့်ဝ၍ စည်ပင်ဝပြောမည်။ “တောင်ကုန်းမှ စပျစ်ရည်ချိုယိုဆင်းမည်။ ကုန်းမြေများမှ နို့ရည်ထွက်မည်။ မြစ်ချောင်းရှိသမျှရေပြည့်၍ အိမ်တော်ထဲက စမ်းရေထွက်မည်။ ယုဒများကို ရန်ပြုခဲ့သော အဲဂုတ္တုပြည်နှင့် ဧဒုံပြည်တို့သည် လူခြေတိတ်မည်။ ယေရုရှလင်မြို့မူက ထာဝရစဉ် တည်တံ့မည်။ ယုဒအတွက် ဘုရားသခင်က လက်တုန့်ပြန်ပေးမည်။

ဇိအုန်တောင်ပေါ်တွင် ဘုရားသခင်စိုးစံသည့်အကြောင်းဖြင့် ကျမ်းစာနိဂုံးချုပ်ထားသည်။

မှတ်စု

(နိဒါန်း) W. H. Graham Scroggie, Know Your Bible, Vol  1, p.155.

(၂:၁-၄) KJV ကျမ်းတွင် “Palmerworm, Locust, Cankerworm and Caterpillar”ဟုဆိုပါသည်။ အကောင်နာမည် ကွဲပြားသော်လည်း အဓိက အကြောင်းအရာ ထိခိုက်မှုမရှိပါ။

(၃:၁-၈) ဟေဗြဲကျမ်းမူတွင် ၂:၂၈-၃၂ ကို ဤကျမ်းတွင် အခန်း(၃)သို့၎င်း၊ အခန်း(၃)သည် အခန်း(၄) အဖြစ်သို့၎င်း ပြောင်းသွားသည်။

(၃:၉-၁၆) Herbert F. Stevenson, Three Prophctic Voices. Studies in Joel, Amos and Hosea, p.40.

Next Article