ရာဇဝင်ချုပ်ဒုတိယစောင် ၅

:၁ဝ ဗိမာန်တော် ဆောက်လုပ်ပြီး စီးသွားပြီ(ငယ်၁၊၃ရာ၈ နှင့် ယှဉ်ဖတ်)။ အငယ် ၂-၁ဝ သည် ယဇ်ပလ္လင်မှ တဲတော်သို့ ပရိဘောဂ အသုံးအဆောင်များ သယ်ဆောင်ပုံ ဖြစ်သည်။ ပဋိညာဉ် သေတ္တာတော်သည်  အသန့်ရှင်းဆုံး ဌာနတော်ထဲတွင်  စိုးစံသည်။ အမွှေးတိုင်ထွန်းရာစင်၊ ပစ္စည်းတင် စားပွဲများ သယ်ဆောင်ခြင်း မတွေ့ရသောကြောင့် ရှောလမုန်လက်ထက်တွင် ထိုပစ္စည်းများ ကျက်သရေဆောင်၌ သိမ်းဆည်းထားခြင်း ဖြစ်နိုင်သည်။

လေဝိအမျိုးသားများနှင့် ယဇ်ပုရောဟိတ်များက ပဋိညာဉ်သေတ္တာတော်ကို ထမ်းသယ်ကြသည်(ငယ် ၄-၇)။ သတ်မှတ်ထားသောနေရာ ခေရုဗိမ် နှစ်ပါးတောင်ပံအောက်တွင် ထားရှိကြသည်( ငယ်၇-၈)။ ထွက်၂၅:၁၅ တွင် ပဋိညာဉ်သေတ္တာထမ်းရသော ထမ်းပိုးကို ပဋိညာဉ်သေတ္တာနှင့် အတူထားရှိသည် ဟုဆိုသည်။ (KJV ကျမ်းမူ အငယ် ၉ တွင်မူ ဆွဲထုတ် သည်ဟု ဆိုသည်)။ ၃ရာ ၈:၈ တွင် ပဋိညာဉ်သေတ္တာဗမာ ရသောထမ်းပိုးဖျားကို သန့်ရှင်းရာ ဌာနတော်မှ လှမ်းမြင်နိုင်သည် ဟုဆိုသည်။ ပညတ်တော်ရေးသားထားသော ကျောက်ပြား(၂) ချပ်သည် ပဋိညာဉ်သေတ္တာထဲတွင် ရှိနေသည်။

:၁၁၁၄ ငယ် ၁၁ တွင် ပါရှိသည့်“……​ အမှုတော်ကိုမစောင့်၊ ရှိသမျှတို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာ ဌာနတော်ထဲက ထွက်ပြီးလျှင်ဆိုသည်မှာ တာဝန်မကျသော ယဇ်ပုရောဟိတ်များသည် ပြန်သွားကြရသည် ဟုဆိုလိုသည်။

လေဝိအမျိုးသားများနှင့် ယဇ်ပုရောဟိတ်များသည် ယဇ်ပလ္လင်အရှေ့ဘက်စွန်းတွင် စုဝေး၍  ဘုရားသခင်၏ ကောင်းမြတ်ခြင်း ကရုဏာတော်ကို ချီးမွမ်းသီဆိုကြရာ၊ ဗိမာန်တော် တခုလုံး ဘုရားသခင်၏ ဘုန်းတန်ခိုးပြည့်လျှံသွားသည်။

Previous Article
Next Article