ရာဇဝင်ချုပ်ပထမစောင် ၁

၁။မျိုးရိုးစဉ်လာ (အခန်း )

          ပထမပိုင်းအခန်း (၉)ခုကို မျိုးရိုးစဉ်လာဇယား သို့မဟုတ် မိသားစုဆင်းသက်လာပုံ ဟုခေါ်နိုင်သည်။ ယုဒလူမျိုးများ ဆင်းသက်လာပုံ မျိုးရိုးစဉ်သည် အရေးကြီးသည်။ ဖမ်းဆီးခေါ်ဆောင်ရာမှ ပြန်လည်လွတ်မြောက် လာသောအခါ တော်ဝင်မျိုးရိုးနှင့် ယဇ်ပုရောဟိတ်အနွယ်သည် အရေးကြီးသောအခန်း ကဏ္ဍမှ ပါလာသည်။

ဤအခန်းများတွင် အခြားကျမ်းစာများ၌ ပါရှိသည့် အမည်နာမများကွဲပြားသည်ကိုလည်း တွေ့ရမည်။ ထိုသို့ဖြစ်ရခြင်းမှာ အချို့လူများသည် နာမည်တခုမကရှိကြသည်။ အချို့နာမည်များသည် နှစ်ကာလကြာသောအခါ အသံထွက်ပြောင်း၍ စာလုံးပါင်းလည်းပြောင်းလဲသည်။ မည်သို့ပင်ဖြစ်စေ ဘီစီ ၁၄၆၀-၄၀၀ နှစ်ပေါင်း တစ်ထောင်အတွင်းရှိ လူနာမည်များဖြစ်သည်။ အချို့စာလုံးများသည် တဆင်ပြီးတဆင့်ကူးယူရာတွင် အမှားအယွင်းများ ရှိသည်။ ထိုအခက်အခဲ များဖြေရှင်းနိုင်ရန် နည်းလမ်းမှာ ဟေဗြဲ ဘာသာစကားတတ်ကျွမ်းခြင်း၊ နည်းလမ်းဖြစ်ပါသည်။ သို့သော်မူရင်းစကားလုံး ဝေါဟာရများနှင့် လွဲမှားစွာ ကွဲပြားခြင်းမရှိသကဲ့သို့ ယုံကြည်ခြင်းအယူဝါဒကိုလည်း မထိခိုက်စေနိုင်ပါ။

(က) အာဒံမှ အာဗြဟံသို့ (:၂၇)

          :၂၇    မျိုးရိုးစဉ်ဆက်အစဖော်ရန် ကမ္ဘာဦးကျမ်းမှ အစပြုရမည်။  အပိုဒ်ငယ် ၁-၄ သည် ကမ္ဘာဦးကျမ်း အခန်း၅ (အာဒံမှနောဧ) အကြောင်းဖြစ်သည်။ အငယ် ၅-၂၃ တွင် နောဧ၏ မျိုးရိုးပါရှိသည်။ က ၁၁ မှ အစပြုသော အာဗြဟံ၏ အကြောင်း ကို (အငယ် ၂၄-၂၇) တွင် ရေးမှတ်ထားသည်။

() အာဗြဟံမှ ဣသရေလသို့ (:၂၈၅၄)

          :၂၈၅၄       က ၂၅ တွင် ရေးသားထားသော အာဗြဟံ၏ မျိုးရိုးစဉ်ဆက်ကို အငယ် ၂၈-၃၇ တွင် ပြန်လည်ရေးမှတ်ထားသည်။ ကတိတော်သား ဣဇတ်ဧသာအကြောင်းကို အငယ် ၃၅-၅၄ တွင် ရေးမှတ်ထားသည်။ ယာကုပ် (ဣသရေလ၏ ဆင်းသက်ရာမျိုးရိုးဖြစ်သည်။ အခန်း၂ မှ ၉သည် ဣသရေလ၏ ဘဝရေစီးကြောင်းဖြစ်သည်။

ဤအခန်း ၁ တွင် လူသားများ၏ ဖခင် ကမ္ဘာဦးလူသားအာဒံမှ ဣသရေလလူမျိုးတို့၏ ဘိုးအေ ယာကုပ်(ဣသရေလ) သို့ သားစဉ်မြေးဆက် ဆင်းသက်ပုံကို လိပ်ပတ်လည်အောင် ရေးပြထားသည်။ ရွေးကောက်တော်မူသော လူမျိုး၏ ဖခင်ဇစ်မြစ်ဖြစ်သကဲ့သို့ မေရှိယ သခင်ဆင်းသက်ရာလမ်းကြောင်းကိုလည်းတွေ့ မြင်နိုင်သည်။ (လု ၄:၃၄-၃၈)

 

Previous Article
Next Article