ရာဇဝင်ချုပ်ပထမစောင် ၁၈

()ဒါဝိဒ်၏အော်နိုင်မှုများ

          (အခန်း ၁၈၂၀)

          ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်သို့ မပင့်ဆောင်မီအကြောင်းကို အခန်း၁၃-၁၇ တွင်း ရှင်းပြပြီး ဒါဝိဒ်မင်းနန်းစံပြီး နောက် သမိုင်းဖြစ်စဉ်များကို အခန်း၁၈-၂၀ တွင်မှတ်တမ်း တင်ထားပါသည်။

ဣသရေလတိုင်းပြည် မထူထောင်မီ သူတလူငါတမင်း ပုန်ကန်သောင်းကျန်းခဲ့ကြသော အိမ်နီးချင်းနိုင်ငံများသည် ဘုရားသခင်စီရင်ခန့်အပ်ထားသော ဒါဝိဒ်မင်းနန်းစံချိန်မှစ၍ ငြိမ်ဝပ်ပိပြားကြသည်။ နာခံခြင်းမရှိ၊ ကလန်ကဆန်ပြုခဲသူများသည် ခေါင်းငုံ့လျက် ဒါဝိဒ်မင်းထံ အခွန်အကောက်ဆက်သကြသည်။ သြဇာခံယူကြသည်။ တပါးအမျိုးသားများက ဒါဝိဒ်မင်းကို အသိအမှတ်ပြုကြသည်။ လေးစားလာကြသည်။

၁၈:                  ဘုရားသခင်က ဒါဝိဒ်မင်းအား ကွယ်ကာထောက်မ (ကူညီ NASB) သောကြောင့် ဒါဝိဒ်မင်းသည် သွားလေရာအရပ် ဖိလိတ္တိ၊ မောဘ၊ ရှုရိနှင့် ဧဒုံ လူများကို အောင်မြင်သည်။

အပိုဒ်ငယ် ၄ တွင် ဣသရေလဘုရင်များ အမူအကျင့်ဗီဇအတိုင်း ဒါဝိဒ်မင်း၏ အားနည်းချက် တခုမှတ်တမ်းတင်ထားသည်။ တရား ၁၇:၁၅-၁၇ တွက် တားမြစ်ထားသော မြင်းအမြောက်အမြား မွေးမြူသည်။ ပထမသည် ဒါဝိဒ်သည် မိဖုရား အမြောက်အမြားယူသည် (၁၄:)။ ယခုမြင်းအမြောက်အမြား မွေးမြူနေပြန်ပြီ။

၁၈:၁၁       ကြွယ်ဝချမ်းသာခြင်းနောက်သို့ လိုက်ပြန်သည်။ ဥပမာအားဖြင့် ဟာဒဒေဇာ၏ ကျွန်ထံမှ၊ ရွှေ၊ ငွေ၊ ကြေး၊ ဒိုင်းလွှားများသိမ်း ယူ၍ ဘုရားသခင်ထံ ဆက်သသည်။ ရှောလမုန်မင်းလက်ထက်တွင် ထိုရတနာများကို ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည်။

၁၈:၁၂၁၃     စစ်သူကြီး အဘိရှဲက ဆားချိုင့်ဝှမ်းတွင် ဧဒုံရန်သူ တစ်သောင်းရှစ်ထောင် နှိမ်နှင်းသတ်ဖြတ်သည်ဟု ဆို၍ ၂ရာ ၈:၁၃ တွင် ဒါဝိဒ်ကနှိမ်နှင်းသည် ဟုဆိုသည်။ အဘိရှဲသည် ဒါဝိဒ်၏ စစ်သူကြီးဖြစ်၍ ဒါဝိဒ်၏ အောင်ပွဲနှင့်အတူတူ ဖြစ်သည်။

၁၈:၁၄၁၇     ဒါဝိဒ်မင်းက သူပုန်ကန်သူရန်သူများ နှိမ်နှင်းအောင်မြင်ပြီးသောအခါ ပြည်သူများသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း၌ ပျော်ရွှင်လာကြသည်။ ဒါဝိဒ်မင်းသည် အောင်မြင်သော စစ်သူရဲကောင်းကြီးသာမက နိုင်ငံခေါင်းဆောင်ကောင်းလည်းဖြစ်သည်။ ဒါဝိဒ်၏ လုပ်ဖော်ဆောင်ဖက် ညာလက်ရုံးကြီးများ၏ အမည်စာရင်းကို ဤကျမ်းပိုဒ်နှင့် ၂ရာ ၈:၁၆၁၈ တွင် မော်ကွန်းသမိုင်းထိုးထားသည်။ ဘုရားသခင်သည် ဒါဝိဒ်နှင့် လက်ရုံးတော်များအား ကောင်းကြီးပေးထားသည်။

Previous Article
Next Article