ရာဇဝင်ချုပ်ပထမစောင် ၇

၅။ဣသခါ (:)

          အခန်း (၇)တွင် လူမျိုး (၆)မျိုးအကြောင်းရေးမှတ်ထားသည်။

ဣသခါ (ငယ် ၁-၅)

ဗင်္ယာမိန် (ငယ် ၆-၁၂)

နဿလိ (ငယ် ၁၃)

ယော်ဒန်အနောက်ဘက်ကမ်းရှိ မနာရှေလူတဝက် (ငယ် ၁၄-၁၉)

ဧဖရိမ် (ငယ် ၂၀-၂၉)

အာရှာ (ငယ် ၃၀-၄၀)

ဤမျိုးနွယ်စုများသည် ယုဒ၊ လေဝိအမျိုးကဲ့သို့ နီးစပ်ပူးကပ်ခြင်း မရှိကြ။ အဘယ်ကြောင့်ဆိုသော် ထီးနန်းနှင့် ယဇ်ပုရောဟိတ်များ ကွဲပြားခြင်းကြောင့် ဖြစ်သည်။

၆။ဗင်္ယာမိန် (:၁၂)

          :၁၂ အချိန်တခါ မိုက်ကမ်းမှုကြောင့် လူဦးရေ (၆၀၀)ထို ကျဆင်းခဲ့ကြသော်လည်း (ယောရှု ၂၀) ထုထည်ပြန်လည် ကြီးမားလာပြီး အင်အားတောင့်တင်းလာကြသည်။ ဗင်္ယာမိန်အမျိုးအကြောင်းကို အခန်း(၇)နှင့် (၈)တွင် တွေ့ရသည်။ အခန်း(၇)သည် အခြားလူများနှင့် ပတ်သက်နှီးနွယ်ပုံဖြစ်၍ အခန်း(၈)တွင် ရှောလုဘုရင်၊ ယေရုရှလင်မြို့များနှင့် ပက်သတ်ပုံရေးထားခြင်းဖြစ်သည်။

၇။ နဿလိ (:၁၃)

:၁၃  နဿလိ၏ သား() ယောက်ကို ဗိလဟာသားမျာ ဟု ခေါ်စမှတ်ပြုကြသည်။ အဘယ်ကြောင့်ဆိုသော် နာဿလိ၏ မိခင်သည် ဗိလဟာသူဖြစ်သည်။ ထိုသား(၄) ယောက်သည် ရာထူးဂုဏ် သိက္ခာ ကြီးမြင့်သူများဖြစ်လာကြသည်။၁၀

၈။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ မနာရှေလူတဝက် (:၁၄၁၉)

          :၁၄၁၉ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဂေလဒ်နှင့် ဘာရှန်တွင် ကျန်ရစ်ခဲ့ကြသော မနာရှေလူတဝက်အကြောင်းကို ၅:၂၃-၁၄ တွင် ရေးမှတ်ခဲ့ပြီးဖြစ်သည်။ ဤကျမ်းချက်သည် အနောက်ဘက်ကမ်းရှိ ကျန်တဝက်လူများအကြောင်းဖြစ်သည်။

မနာရှေ၏အမျိုးသည် ဇလောဖတ် လက်ထက်တွင် သမီးချည်းမွေးသောကြောင့် မျိုးဆက်ပြတ်ရသည်။ သမီးများနာမည်ကို ယောရှု ၁၇:၃ တွင် မှတ်တမ်းတင်ထားသည်။ ထို့ကြောင့်အမျိုးသမီးများလည်း ဖခင်အမွေဆက်ခံပိုင်ခွင့် ဥပဒေသပေါ်ထွက်လာသည် (တော ၂၇:၁-၁၁ ကိုကြည့်)မှ အမျိုးသမီးများသည်လည်း အခွင့်အရေးရရှိလာကြသည်။

၉။ဧဖရိန် (:၂၀၂၉)

          :၂၀၂၉  ယောရှုအမျိုးအနွယ်ဖြစ်သော ဧဖရိန်အမျိုးသည် သမိုင်းအစဉ်အလာရှိခဲ့သူများဖြစ်သည်။ ဘုရားတရားကိုင်းရှိုင်းသူများသည် မျိုးရိုးစဉ်ဆက်ကောင်းကြီး မင်္ဂလာခံစား သူများဖြစ်သည်။ သင်ခန်းစာယူထိုက်သော မျိုးနွယ်စုဖြစ်သည်။

၁၀။အာရှာ (:၃၀၄၀)

          :၃၀၄၀ အာရှာ၏ သား(၄) ယောက်နှင့် သမီး စေရ၏ နာမည်စာရင်းကို က ၄၆:၁၇ တွင်မှတ်တမ်းတင်ထားသည်။ ထိုမောင်နှမများသည် ဘုရားသခင် ရွေးကောက်တော်မူသောသူ၊ ဆွေကြီးမျိုးကြီး၊ သူရဲကောင်းများ၊ အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်လာကြသည်။

Previous Article
Next Article