ဝတ်ပြုရာကျမ်း ၁၆

၅။ အပြစ်ဖြေရာနေ့ (အခန်း ၁၆)

ယုဒပြက္ခဒိန်တွင် အကြီးမြတ်ဆုံးသောနေ့ရက်သည် အပြစ်ဖြေရာနေ့  (Heb, Yom Kippur) နေ့ဖြစ်သည်။ ထိုနေ့ရက်တွင် ယဇ်ပုရောဟိတ်ကြီးသည် သူကိုယ်တိုင်အတွက်နှင့် အများပြည်သူအတွက် အပြစ်ဖြေရာယဇ်သွေးကို အသန့်ရှင်းဆုံးဌာတော် ကျက်သရေဆောင်ထဲသို့ ယူ​ဆောင်သွားရသည်။ သတ္တမလ၏ ဆယ်ရက်နေ့မြောက် တဲတော်ပွဲမစမီ (၅)ရက်အလိုတွင် ကျရောက်သည်။ အပြစ်ဖြေရာနေ့သည် ယေဟာဝါဘုရားသခင်နှင့် သက်ဆိုင်သော ပွဲတော်ဖြစ်သော်လည်း စင်စစ်တွင် ခြုံးခြံစွာ ကျင့်ကြံရသောကာလ၊ အစာရှောင်ဥပုသ်စောင့်ရသောနေ့ရက် (၂၃:၂၇-၃၂) ဖြစ်သည်။

ဤအခန်းတွင် ပါရှိသည့် အသန့်ရှင်းဆုံးသော ဌာနတော်သည် သန့်ရှင်းသော ကျက်သရေဆောင် ဖြစ်၍ သန့်ရှင်းရာဌာနဟု သုံးသည်။ သန့်ရှင်းရာဌာနတော်ကို ပရိသတ်စည်းဝေးရာ တဲတော်ဟု သုံးသည်။

၁၆: ဤလုပ်ထုံးလုပ်နည်းကို မထီမဲ့မြင်ပြုသောကြောင့် အာရုန်၏သားယဇ်ပုရောဟိတ် နာဒပ်နှင့်အဘိဟူကျဆုံးခဲ့သည်။ ထိုကဲ့သို့သောကြမ္မာဆိုးမကြုံရလေအောင် သန့်ရှင်းဆုံးဌာနတော်ထဲသို့ အကြောင်းမဲ့ဝင်ရောက်ခြင်း တားမြစ်သည်။ အပြစ်ဖြေရာနေ့ရက်၌ ယဇ်ပုရောဟိတ်တစ်ပါးတည်းသာ ဝင်ရောက်ရသည်။ ထိုသို့ ဝင်ရောက်ရာတွင်လည်း အပြစ်ဖြေရာယဇ်ကောင် နွားပျိုသွေးနှင့် မီးရှို့ရာယဇ်ကောင် သိုးထီး၏အသွေး ယူဆောင်ရသည်။

၁၆:၁၀ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရန် မလွယ်။ အောက်တွင် ယေဘူယျဖော်ပြထားသည်။ ပထမဦးစွာ ယဇ်ပုရောဟိတ်သည် တစ်ကိုယ်လုံး သန့်ရှင်းစင်ကြယ်အောင်ရေချိုးပြီးမှ ဝတ်ရုံဆင်မြန်းရသည် (ငယ်၄)။ ထိုဌာနတော်သို့ ဝင်ရာတွင် နွားသွေးနှင့် ဆိတ်သွေးယူဆောင်သွားရသည်။ သူနှင့်သူ့မိသားစုအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးနှင့် မီးရှို့ပူဇော်ရာယဇ်အဖြစ် သိုးထီး(ငယ်၃) ယူဆောင်ရသည်။ လူထုပရိသတ်အတွက် ဆိတ်မနှစ်ကောင်နှင့် ဆိတ်ထီးတစ်ကောင်လည်း ယူဆောင်ရသည်။ ဆိတ်မကို အပြစ်ဖြေရာယဇ်ကောင်၊ ဆိတ်ထီးကို မီးရှို့ရာယဇ်ကောင်(ငယ်၅) အဖြစ်ပူဆော်ရသည်။ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့တွင် ဆိတ်မ ()ကောင်ကို ချည်၍ မဲနှိုက်ပေးသည်။ တစ်ကောင်ကို ဘုရားသခင်အဖို့ ယဇ်ကောင်အဖြစ်ပူဇော်၍ ကျန်တစ်ကောင်ကို ဘေးမဲ့လွှတ်ပေးရသည် (ငယ်၇-၈)။ ဘေးမဲ့ဆိတ်ဟူသောစကားသည် azael ဟူသော ဝေါဟာရမှ ပြန်ဆိုးခြင်းဖြစ်၍ “လွတ်သောဆိတ်မ” ဟု အနက်ရသည်။

၁၆:၁၁၂၂ ထိုသို့ဖြင့် မိမိနှင့်မိသားစုများအတွက် အပြစ်ဖြေရာယဇ်နွားထီးကို သတ်သည်(ငယ်၁၁) နောက်ယဇ်ပလ္လင်မီးခဲထည့်ထားသော လင်ဗန်းနှင့်နံ့သာပေါင်းမွှေးအမှုန့်ကို ယူ၍ကုလားကာအတွင်းသို့ တင်သွားသည်။ အသန့်ရှင်းဆုံးဌာနတော်ကို ရောက်သောအခါ နံ့သာပေါင်းအမွှေးအမှုန့်ကို မီးခဲလင်ဗန်းပေါ်တွင် လောင်းချရာ အမွှေးနံ့သာများသည် ကရုဏာယဇ်ပလ္လင်ပေါ်တွင် ဖုံးလွှမ်းသည် (ငယ် ၁၂-၁၃)။ ထို့နောက် မီးရှို့ရာယဇ်ပလ္လင်သို့ပြန်ကြွလာ၍ ယဇ်ကောင်နွားသွေးကို ဆောင်ယူသည်။ ကရုဏာယဇ်ပလ္လင်ကို ထိပ်မှစ၍ ရှေ့မျက်နှာပြင်တစ်ခုလုံး()ကြိမ်ဖြန့်သည် (ငယ်၁၄)။ ထို့နောက် အပြစ်ဖြေရာယဇ် မဲပေါက်သောဆိတ်ကို သတ်ဖြတ်သည်(ငယ်၈)။ ဆိတ်သွေးကိုလည်း နွားသွေးဖျန်းသကဲ့သို့ ကရုဏာပလ္လင်တော်အားဖျန်းသည်(ငယ်၉-၁၅)။ ထိုသို့ အသန့်ရှင်းဆုံးဌာနတော်၌ အပြစ်ဖြေ ပူဇော်သက္ကာ ပြုခြင်းသည် ဣသရေလတစ်မျိုးသားလုံးအတွက်ဖြစ်သည် (ငယ် ၁၆)။ ထိုယဇ်ကောင်အသွေးများဖြင့် တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်ကိုလည်း အပြစ်ဖြေရာအထိမ်းအမှတ်အဖြစ် ပတ်ဖြန်းသည် (ငယ်၁၈-၁၉(။ အသေးစိပ်ဖော်ပြချက်များသည် မရှင်းလင်းပါ။ ဤနေရာတွင် အပြစ်ဖြေရာယဇ်သည် အသန့်ရှင်းဆုံးဌာနတော်မှ အစပြု၍၊ ၎င်းမှ သန့်ရှင်းသောဌာနတော်၊ ၎င်းမှ ကြေးပလ္လင်တွင် အဆုံးသတ်သည် (ငယ် ၁၅-၁၉)။ ထို့နောက် ဘေးမဲ့လွှတ်မည့် ဆိတ်ခေါင်းပေါ်တွင် လက်နှစ်ဖက်တင်ပေးသည် (ငယ်၈)။ ပရိသတ်အပေါင်း၏ အပြစ်ဒုစရိုက်များကို ဝန်ချသည် (ငယ်၁၀၊၂၀၊၂၁)။ ထို့နောက် ရွေးချယ်သတ်မှတ်ထားသော လူကြီးတစ်ဦးက ထိုဘေးမဲ့ဆိတ်အား တောထဲသို့ ခေါ်ဆောင်စေလွှတ်လိုက်သည် (ငယ် ၂၁-၂၂)။ ထိုဆိတ်နှစ်ကောင်သည် အပြစ်ဖြေရာယဇ်နှင့်ပတ်သက်၍ မတူညီသောအချက်များရှိသည်။ ဘုရားသခင်၏ မြင့်မြတ်စင်ကြယ်ခြင်း လက္ခဏာနှင့် အပြစ်သားများ၏ အပြစ်ဒုစရိုက်ဆောင်ကြဉ်းခြင်းအမှတ်သင်္ကေတ၂၀ ဖြစ်သည်။ ဘေးမဲ့လွှတ်မည့် ဆိတ်ခေါင်းပေါ်တွင် အာရုန်၏ လက်နှစ်ဖက်တင်ခြင်းသည် ဣသရေလများ (စာရှုသူများလည်း ပါဝင်သည်)၏ အပြစ်ဒုစရိုက်ကို ခရစ်တော်က ထာဝရယူပစ်သွားခြင်း ပုံဆောင်သည် (ငယ်၂၁)။

ထိုအကြောင်းကို တေးရေးဆရာတစ်ဦးက ဤသို့ စပ်ဆိုထားသည်။

ငါ့အပြစ်များ ယေရှုရှင်ဆောင်ယူသွား

အပြစ်မထင် ဘုရားရှင်သိုးသူငယ်တော်

ငါအပြစ်များကို လွှတ်မြောက်စေသည်။

ငါဝန်ထုပ်များကို ဖယ်ရှားပေးသည်၊

ငါအပြစ်များယေရှုရှင်ဆောင်ယူသွား

အပြစ်မစင်၊ သန့်ရှင်းစေသည်၊

အဖိုးတန်အသွေးတော်ဖြင့် ဆေးကြောရာ

မှဲ့တစ်ပေါက်မျှ အစွန်းမထင်တော့ပါ။

                                                Horatius Bonar Alt.

          ၁၆:၂၃၃၃ ယဇ်ပုရောဟိတ်ကြီးသည် သန့်ရှင်းရာဌာနတော်တွင် ရေချိုး(အင်တုံရေဖြစ်နိုင်သည်)ပြီး သောအခါ ဘုန်းကျက်သရေဝတ်စုံကို ဆင်မြန်းသည် (ငယ် ၂၃-၂၄)။ ယုဒတို့ ထုံးစံအရ ချွတ်ထားပြီးသော ဝတ်ရုံဖြူကို ပြန်မဝတ်ရပေ။ ယဇ်ပုရောဟိတ်ကြီးသည် မီးရှို့ပူဇော်ရာယဇ်အဖြစ် မိမိအတွက် တစ်ကောင်နှင့် ပရိသတ်အတွက် တစ်ကောင် ပေါင်း(၂)ကောင် (ငယ်၂၄)ကို ယဇ်ပူဇော်ရသည်။ ထို အပြစ်ဖြေရာ ယဇ်ကောင်နှစ်ခုစလုံး၏အဆီများကို မီးရှို့ပူဇော်၍ သားရေ၊ အသားနှင့်အခြားအသားများကို တပ်ပြင်သို့ သယ်ထုတ် မီးရှို့ရသည် (ငယ် ၂၅၂၇) ပုံမှန်အားဖြင့် သားရေသည် ယဇ်ပုရောဟိတ်ဝေစုဖြစ်သည် (၇:၈)။ ယုဒများအယူအဆထုံးတမ်းစည်လာအရ ယဇ်ပုရောဟိတ်ကြီးသည် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်ထဲသို့ ဝင်သောအခါ ညနေစောင်းမှပြန်ထွက်လာရသည်။ လူထုပရိသတ်သည်လည်း အလုပ်ရပ်နားလျက် မိမိတို့အပြစ်ဒုစရိုက်များကို ဝန်ချတောင်းပန်ကြရသည် (ငယ် ၂၉)။

ထို့ကြောင့် ယဇ်ပုရောဟိတ်ကြီးသည် ထိုသို့အပြစ်ဖြေယဇ်ပူဇော်ရာတွင် အနည်းဆုံးလေးခေါက် အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ထွက်ရသည်။ ထိုအချက်သည် ဟေဗြဲ ၉:၇-၁၂ တွင် ပါရှိသည့်တစ်နှစ်တွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်ဝင်ရသည်ဟူသော အချက်နှင့် မဆန့်ကျင်ပါ။

၁၆:၃၄ ထိုပွဲတော်နေ့ရက်သည် တစ်နှစ်မှာတစ်ကြိမ် အပြစ်ဖြေခြင်းဖြစ်သည်။ တစ်နှစ်တွင် တစ်ကြိမ်သာ ပြုလုပ်၍ ထိုတစ်ရက်တွင် အပြစ်ဖြေပူဇော်သက္ကာတစ်ခါသာပြုလုပ်ခြင်းကို ဆိုလိုသည်။ ဟေဗြဲ ၁၀:၄တွင် “နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ” ဟု ဆိုထားသည်။ ခရစ်တော်၏အသွေးသည် တစ်နှစ်တွင် တစ်ခါကျင်းပပူဇော်ရသကဲ့သို့မဟုတ်ဘဲ၊ တစ်သက်တာ ယူဆောင်သွားပေးပါသည်။ ထိုအကြောင်းကို Isaac Watt က ဤသို့ တေးဖွဲ့ဆိုသည်။

ယုဒတို့ရိုးရာထုံးစံယဇ်ပလ္လင်မှာ

ယဇ်ကောင်အသွေးပူဇော်ကြ

အပြစ်ဖြေဖို့ရာ နှစ်စဉ်ကျင်းပ

စင်ကြယ်နိုင်ရိုးလား။

ကောင်းကင်သိုးသူငယ်ခရစ်တော်

လူ့အပြစ်များကို ဆောင်ကြဉ်းသွား

မွန်မြတ်စင်ကြယ်သော ပူဇော်သက္ကာ

အသွေးတော်တန်ဖိုးထက်ရလဒ်ကြီး။

Previous Article
Next Article