ဝတ်ပြုရာကျမ်း ၂၂

၂၂: အကယ်၍ ယဇ်ပုရောဟိတ်သည် နူနာရောဂါရှင် ကိုင်တွယ်ထိတွေ့ခြင်း၊ ရိနာတုထိခြင်း၊ အသေကောင်တစ်ခုခုထိခြင်း၊ အသွေးမသွန်းသော အသားစားသုံးမိခြင်း ရှိလျှင် ယဇ်ပုရောဟိတ်များဝေစု၌ ပါဝင်ခြင်း၊ စားသုံးမှီဝဲခြင်း မပြုရ။ မိမိကိုယ်ကို သန့်ရှင်းခြင်းနှင့် ကွာစေရမည်(ငယ်၂) ဟုပြဌာန်ထားသည်။ နူနာရောဂါသည် ကိုင်တွယ်ထိတွေ့ခြင်း ရိနာပြည်နာတု ထိခြင်းဖြစ်လျှင် အချိန်ကြာကြာယူရသည်။ အခြားကိစ္စများမှာမူ ယဇ်ပုရောဟိတ်များ ယဇ်ပူဇော်ခြင်း ထုံးစံအတိုင်း လုပ်ရသည်။ ပထမဦးစွာ မိမိအတွက် ယဇ်ပူဇော်ရသည်။ ထိုသို့ ယဇ်ပူဇော်ပြီးသည့် ညနေရောက်မှစင်ကြယ်သည်။

၂၂:၁၀၁၃ သူစိမ်း ဧည့်သည်များ၊ အစေခံအလုပ်သမားများသည် စင်ကြယ်သောပူဇော်သက္ကာကို စားသုံးခွင့်မရှိ။ သို့သော် ယဇ်ပုရောဟိတ်က ဝယ်ယူသောကျွန်နှင့် ကျွန်၏မိသားစုသည် ပါဝင်စားသုံးခွင့်ရှိသည်။ သူစိမ်းသူရံနှင့်လက်ထပ် ထိမ်းမြားသွားသော ယဇ်ပုရောဟိတ်၏ သမီးသည် စားသုံးခွင့်မရှိ။ သို့သော် မုဆိုးမ၊ လင်နှင့်ကွာရှင်းသူဖြစ်၍ သားသမီးကျောထောက်နောက်ခံ မရှိသဖြင့် ဖခင်ယဇ်ပုရောဟိတ်အိမ်တွင် နေလျှင် စားသုံးခွင့်ရှိသည်။

၂၂:၁၄၁၆ အကယ်၍ တစ်စုံတစ်ဦးသည် မထိုက်မတန်ဘဲ၊ သန့်ရှင်းရာယဇ်ပူဇော်သက္ကာကို စားသုံးမိလျှင် အစားအစာ၏တန်ဘိုးကို ပြန်လည်ပေးလျော်ရသည်။ ထို့အပြင် ဒဏ်ကြေး(၅)ဆ ဆောင်ရသည်။ ဒုစရိုက်အပြစ်ဖြေရာယဇ်ပူဇော်ရသည်။

၂၂:၁၇၃၀ ဘုရားသခင်ထံတော်သို့ ပူဇော်သမျှသော ယဇ်များသည် အပြစ်ဆိုဘွယ်မရှိ၊ သန့်ရှင်းစင်ကြယ်ရသည် (ငယ်၁၉)။ မီးရှို့ရာယဇ်(ငယ်၁၈-၂၀) မိဿဟာယယဇ်(ငယ်၂၁) များတွင် နာသောအကောင်၊ ချိနဲ့သောအကောင်၊ အဆင်းအင်္ဂါမပြည့်စုံသောယဇ်ကောင်လုံးဝမသုံးရ      (ငယ် ၂၂) နွားထီးပျို(သို့) ဆိတ်ထီးပျိုများကိုသာ ကန့်သတ်ချက်ဖြင့် ပူဇော်ရသော်လည်း မိမိဆန္ဒရှိသည့်အတိုင်း ပူဇော်သက္ကာတွင်မူ ပူဇော်နိုင်သည် (ငယ် ၂၃)။ ဒဏ်ရာ အနာတရရှိနေသော တိရစ္ဆာန်ကို ယဇ်ကောင်အဖြစ် မပူဇော်ရ(ငယ်၂၄)။ ဣသရေလများသည် အထက်တွင် ကန့်သတ်ထားသော အပြစ်အနာအဆာရှိသည့် တိရိစ္ဆာန်များ ယဇ်ကောင်အဖြစ် ပူဇော်ခြင်းမပြုရ။ တပါးအမျိုးသားများကဲ့သို့ နမော်နမဲ့၊ ကချော်ကချွတ် မလုပ်ရ။ (ငယ်၂၅)။ မွေးကင်းစ တိရစ္ဆာန်များသည် (၇)ရက် အတွင်းတွင် မိခင်နှင့်အတူ ရှိနေရမည်။ ရှစ်ရက်မြောက်နေ့မှစ၍ ယဇ်ကောင်အဖြစ်ပူဇော်နိုင်သည်(ငယ်၂၆၊ ၂၇)။ မည်သည့်ယဇ်ကောင်တိရိစ္ဆာန်ကို မဆို တစ်ရက်တည်းတွင် သားအမိမသတ်ရ(ငယ် ၂၈)။ ကျေးဇူးတော်ချီးမွမ်းရန် ယဇ်ပူဇော်သက္ကာကို တစ်နေ့တည်းတွင် အကုန်ပြောင်စင်အောင် စားသုံးရသည်။ နောက်တစ်နေ့ထိ မထားရ (ငယ်၂၉၊၃၀)။

၂၂:၃၁၃၃ ပြန်ဌာန်းချက်များကို ဣသရေလ လူမျိုးတို့ကြပ်တည်းစွာ လိုက်နာခိုင်းသည်။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးအား ကြည့်ရှုစောင့်ရှောက်သော ထာဝရဘုရားသခင်ဖြစ်သည်။ အဲဂုတ္တုပြည်မှ ခေါ်ထုတ်ပေးသော ဘုရားရှင်ဖြစ်သည်။ ဤအခန်းတွင် ထာဝရဘုရားသခင်၏ နာမတော်များကို သန့်ရှင်းသောနာမတော်၊ ငါသည်သန့်ရှင်းသော ဘုရားရှင်၊ သင်တို့ကို သန့်ရှင်းစင်ကြယ်စေသော ဘုရားဟု ရှင်းပြထားသည်။

Previous Article
Next Article