ဝတ်ပြုရာကျမ်း ၇
၇း၁-၇ ပထမပိုင်းအပိုဒ်ငယ် (၇) ခုသည် ဒုစရိုက်ယဇ်ပူဇော်သက္ကာနှင့်သက်ဆိုင်သောစည်းကမ်းများဖြစ်သည်။ အများစုမှာ ၅း၁၄-၆း၇ တွင်ရှင်းပြပြီးဖြစ်သည်။
၇:၈ အပိုဒ်ငယ် (၈)သည် မီးရှို့ပူဇော်သက္ကာပြုပုံနှင့် ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏သားရေခွဲတမ်းရရှိပုံဖြစ်သည်။
၇:၉–၁၀ အပိုဒ်ငယ် (၉)သည် ဘောဇဉ်ပူဇော်သက္ကာပြုရာတွင် ယဇ်ပုရောဟိတ်၏ဝေစုနှင့် အပိုဒ်ငယ် ၁၀သည် ယဇ်ပုရောဟိတ်များ၏ခွဲတမ်းအကြောင်းဖြစ်သည်။
၇:၁၁–၁၈ မိဿဟာယပူဇော်သက္ကာပြုလုပ်ပုံကို ၇:၁၁-၂၁ တွင် ရှင်းပြပြီးဖြစ်သည်။ ဘောဇဉ်ပူဇော်သက္ကာပြုခြင်းရည်ရွယ်ချက်ပေါ်မူတည်၍ (၃)မျိုးရှိသည်။ ကျေးဇူးတော်ချီးမွမ်းခြင်း (ငယ် ၁၂)၊ ထူးခြားသောကောင်းချီးမင်္ဂလာအတွက် ဘုရားသခင်အား ချီးမွမ်းခြင်းယဇ် (ငယ် ၁၆)။ “ဥပမာအားဖြင့် ခရီးစဉ်တစ်ခုအတွက် ဆုတောင်းရာတွင် ပြီးမြောက်အောင်မြင်ခြင်းကျေးဇူးတော်ချီးမွမ်းခြင်း”၉၊ စိတ်စေတနာရှိသည့်အတိုင်းပေ။ လူချီးမွမ်းခြင်း (ငယ်၁၆၊၁၇)။ ဥပမာအားဖြင့် ဘုရားရှင် ကိုယ်တော်၏ ပြုတော်မူသော ကျေးဇူးတော်ခံစားရ၍ ထောပနာပြုခြင်း၁၀ မျိုးဖြစ်သည်။ မိဿဟာယယဇ်ကို ယဇ်ကောင်ဖြင့် ပူဇော်ရသည် (အခန်း၃)။ သို့သော် ထိုနေရာတွင်မူ မုန့် သို့မဟုတ် ဘောဇဉ်များဖြင့်လည်း ပူဇော်ရကြောင်းတွေ့ရသည်။ ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းကို အငယ် ၁၂၊၁၃ တွင်ရှင်းပြထားသည်။ မုန့်ဖြင့် ပူဇော် ချီးမွမ်းလျှင် ထိုမုန့်များက တစ်လုံးကို ဘုရားရှင်အတွက် ချီးမွမ်း၍ ထိုမုန့်ကို ယဇ်ပုရောဟိတ်က ပိုင်ဆိုင်သည် (ငယ် ၁၄)။ ယဇ်ကောင်ဖြင့်ကျေးဇူးတော်ချီးမွမ်းလျှင် ထိုနေ့ရက်တွင် ကုန်အောင်စားရသည် (ငယ် ၁၅)။ မိမိ၏ စိတ်စေတနာရှိသည့်အတိုင်း ပူဇော်ရသော ယဇ်သည် ထိုနေ့ရက်တွင် ဖြစ်စေ၊ နောက်ရက်ထိဖြစ်စေ၊ ကုန်အောင်စားရသည်။ (ငယ် ၁၆)။ နှစ်ရက်ကျော်လွန်လျှင်မစင်ကြယ်။ အကုန်မီးရှို့ပစ်ရသည်(ငယ် ၁၇)။ ထိုယဇ်ကောင် အသားကို စွန့်ပစ်ရသည်ဆိုသည်မှာ မထိမကိုင်ရ၊ မပတ်သက်ရဟု ဆိုလိုသည်။ John Reid က “ဘုရားသခင်နှင့် ပူဇော်ဆက်ကပ်ရသော ပူဇော်သက္ကာသည် အမြဲလက်ဆတ်ရသည်။ ယဇ်ပလ္လင်ပေါ်တွင် အဟောင်းများ၊ အကြွင်းအကျန်များမရှိစေရ” ဟု ရှင်းပြသည်။
၇:၁၉–၂၁ အကယ်၍ ထိုယဇ်ကောင်သားသည် မစင်ကြယ်သောအရာနှင့် ထိမိလျှင် မသန့်ရှင်းသဖြင့် မီးရှို့ပစ်ရမည်။ မစင်ကြယ်သောအရာ ကိုင်တွယ်ထိတွေ့သူများလည်း မစားရ။ မိမိကိုယ်ကို မစင်ကြယ်မှန်းသိလျက်နှင့် မိဿဟာယ ယဇ်သုံးဆောင်လျှင် ထိုသူကို ဝိုင်းကြဉ် ပထုတ်ရသည်။
ငြိမ်းချမ်းရေးပူဇော်သက္ကာ ခွဲဝေပုံမှာ ဘုရားသခင်၊ ယဇ်ပုရောဟိတ်များနှင့် ယဇ်ပူဇော်ရာတွင် ပါဝင်ကြသော မိတ်သင်္ဂဟများလည်းပါဝင်သည်။ သို့သော် ထိုမိတ်ဆွေများသည် အပြစ်ဒုစရိုက်သားများနှင့် မစင်ကြယ်သူများ မဖြစ်စေရ။ ထိုမိဿဟာယ(သို့) ငြိမ်းချမ်းရေးယဇ်ပူဇော်သက္ကာတွင် ပါဝင်သူများသည် စင်ကြယ်ရသည်။
၇:၂၂–၂၇ ယဇ်ကောင်၏ အဓိကအပိုင်းသည် အဆီဖြစ်၍ ဘုရားသခင်အဖို့ မီးရှို့ပူဇော်ရသည်။ ကြေးယဇ်ပလ္လင်အကုန်လုံးမီးရှို့ရသည်။ မစားရ (ငယ် ၂၂-၂၅)။ ထို့အပြင် အသွေးသည် အသက်၏ပင်မကြောဖြစ်၍ ဘုရားသခင်က ပိုင်ဆိုင်သောကြောင့် လူများကမစားရ (ငယ် ၂၆၊၂၇)။ ယနေ့ခေတ်ကာလတိုင်အောင် ဤစည်းမျဉ်းနိယာမကို ယုဒလူမျိုးများ လိုက်နာဆဲဖြစ်သည်။ အသား စားစရာအကြောင်းဖန်လာလျှင်လည်း အသွေးကို အသေအချာ ဖယ်ထုတ်သန့်စင်ရသည်။ အဆီကိုမပတ်သက်ရဟု ဆိုထားသောကြောင့် တိရစ္ဆာန်အဆီဖြင့် ပြုလုပ်သောဆပ်ပြာများလည်း မသုံးကြ။ ဟင်းလျာချက်ပြုတ်ရာတွင်လည်း တိရစ္ဆာန်အဆီ ရှောင်ရှားကြသည်။ တိရစ္ဆာန်အဆီ မစားသုံးခြင်းသည် ဝိညာဉ်ရေးရာတွင် အဓိပ္ပါယ်ရှိသကဲ့သို့ ဆေးပညာတွင်လည်းအကျိုးအကြောင်း ခိုင်လုံသည်။ Dr.S.I.McMillem က ဤသို့ရှင်းပြသည်။
နှစ်များ မကြာခင်တုန်းက တိရစ္ဆာန်အဆီစားသုံးခြင်းဖြင့် အရိုး၊အဆစ်ရောဂါဖြစ်ထွန်းစေကြောင်း၊ ဆေးသိပ္ပံပညာရှင်များက တွေ့ရှိသည်။ ထိုအဆီသည် ညစ်ပတ်သည်။ ဝစေသည်၊ သွေးလွှတ်ကြောနံရံများတွင် အညစ်အကြေးဖြင့် ပေကပ်သည်။ မျက်မှောက်ခေတ်သစ်ကာလတွင်မူ စာနယ်ဇင်း၊ ရေဒီယို၊ တီဗွီ ပညာပေးအစီအစဉ်များကြောင့် ကျန်းမာရေး အသိဉာဏ်တိုးတက် သိရှိလာကြသဖြင့် လူ၏အနီးစပ်ဆုံးရန်သူကြီးတစ်ပါးသည် တိရစ္ဆာန်အဆီများဖြစ်ကြောင်း သိရှိလာကြပါပြီ။ ခေတ်သစ်ကာလတွင် တပင်တပန်းကြီး ကြိုးပမ်းရှာဖွေသုတေသန ပြုနေသောတိရစ္ဆာန်အဆီအကြောင်းသည် အမှန်မှာ လွန်ခဲ့သော နှစ်ပေါင်း (၃၅၀၀)ခန့်က စာအုပ်များ၏ စာအုပ်ထဲတွင် ရေးသားထားပြီးဖြစ်နေသည်။၁၂
၇:၂၈–၃၄ မိဿဟာယ ယဇ်ပူဇော်ရာတွင် ဘုရားသခင်ရှေ့တော်၌ ချီလွှဲရသောရင်အုံသားသည် ယဇ်ပုရောဟိတ်များ၏ ဝေစုဖြစ်သည်။ ညာဘက်ပေါင်ကို ယဇ်ပုရောဟိတ်က ယူရသည်။ ယဇ်ပုရောဟိတ်နှင့်မိသားစုဝင်များ စားသုံးခွင့်ရှိသည်။
၇:၃၅–၃၆ ယဇ်ကောင်၏ ရင်အုံနှင့်ညာဘက်ပေါင်သည် အစကတည်းက ယဇ်ပုရောဟိတ်မျိုးအဖြစ် ခန့်ထားသည့်အတိုင်း အာရုန်နှင့်သားများက ဝေစုပိုင်ဆိုင်ကြောင်း ထပ်မံအတည်ပြုသည်။ ရင်အုံသည် ဘုရားသခင်၏ အစွမ်း၊ ပေါင်သည် ဘုရားသခင်၏ တန်ခိုးကို ရည်ညွှန်းပြသသည်။
၇:၃၇–၃၈ ယဇ်ပူဇော်ခြင်းစည်းမျဉ်းကုလားနားအတိုင်း ၆:၈ မှ အစပြု၍ ဤကျမ်းပိုဒ်တွင် အဆုံးသတ်သည်။ ဘုရားသခင်က ယဇ်ပူဇော်ခြင်းနှင့် ပတ်သက်သောအမိန့်နည်းနာများကို သေချာစွာ လိုက်နာဖို့ မိန့်မှာသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်လက်၌ စည်းစနစ်သည် အရေးကြီးသည်။ ဤယဇ်ပူဇော်ခြင်းနည်းနာများတွင် သားတော်ယေရှု၏ ပုံရိပ်များကို နေရာတိုင်း၌နေတွေ့ရှိနိုင်သည်။ တစ်ခုနှင့် တစ်ခု အရွယ်အစားပုံသဏ္ဍာန်မတူညီသော စိန်ပွင့်ချယ်ထားသည့်အလားတွေ့မြင်နိုင်သည်။ “ဘုရားသခင်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်းသည်” (ဟေဗြဲ ၉:၁၄)။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ Miss F.T Wigram က ချီးမွမ်းသီချင်းတစ်ပုဒ် ဤသို့ဆိုထားသည်။
ယေရှုခရစ်တော်တွင် ကျေးဇူးတော်ကြွယ်ဝစုံလင် အသေခံခဲ့သော်လည်း တဖန်ရှင်ပြန်သည် ကောင်းကင်ဘဝဂ်တိုင် ချီးမွမ်းသံကြားကြစေသား။