ဟေရှာယအနာဂတ္တိကျမ်း ၁၂
၁၂:၁-၆ပျော်ရွှင်ဖွယ်ရာအနှစ်တစ်ထောင်အုပ်စိုးခြင်းကာလနေ့ရက်များ တွင်ဣသရေလတို့သည်ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းခြင်းသီချင်း ဟစ်ကြွေးကြမည်။ ရွေးနှုတ်ခြင်းခံရသောဣသရေလလူအကြွင်းအကျန်များ သည်ကယ်တင်ခြင်း၊စမ်းရေတွက်ကိုခပ်၍ပျော်ရွှင်စွာသောက်သုံးကြသည်။ ဘုရားသခင်၏တိုင်းနိုင်ငံများသို့အမှုတော်ပြမ့်ပွားစေခြင်းအကြောင်းကို တေးဖွဲ့သီဆိုကြမည်။ တပါးအမျိုးသားများကိုခရစ်တော်၌ခိုလှုံကြဖို့အော် ဟစ်ဖိတ်ခေါ်ကြမည်။