ဟေရှာယအနာဂတ္တိကျမ်း ၃၃

၅။ အဓမ္မအာရှိုရသားများသို့အမင်္ဂလာ(အခန်း၃၃)

၃၃:၁-၆ အာရှုရိပြည်၏လိမ်ညာလှည့်ဖျားခြင်း၊သူတပါးဖျက်ဆီးခြင်း၊ အကုသိုလ်များတဖန်ဝဋ်လည်လာသည်(ငယ်၁-၂)။ ထိုအခါဘုရားသခင်၏ လူများသည်ဆင်းရဲခြင်း၊ဘေးဒုက္ခမှလွတ်မြောက်ခြင်းကိုချီးမွမ်းကြသည်။  ဘုရားသခင်၏အရေးယူအပြစ်ပေးခြင်းသည်မိုးချုန်းသံကဲ့သို့သံလွန်မြည်ဟီး မည်။ ဣသရေလများဘေးရန်အန္တရာယ်စက်ကွင်းမှလွတ်မြောက်ပြီးနောက် ရန်သူများအပေါ်သို့အရေးယူခြင်းဖြစ်သည်။ ခရစ်တော်ဘုရားသည်သရဖူ ဆောင်းလျက်ဇိအုန်မြို့ကိုတရားသဖြင့်ဆုံးဖြတ်ခြင်း၊ဖြောင့်မတ်စွာစီရင်ခြင်း ပြုတော်မူမည်။ ဉာဏ်နှင့်ပညာကိုကယ်တင်ခြင်းဖြစ်ပေါ်ရာဖြစ်စေမည်။ ထာဝရ ဘုရားကြောက်ရွံ့ခြင်းဘဏ္ဍာရရှိစေမည်။

၃၃:၇-၉ ဤကျမ်းပိုဒ်များသည်ဟေဇကိမင်းလက်ထက်တွင်သနာခရိပ်ထံ သို့ငြိမ်းချမ်းရေးသံတမန်စေလွှတ်၍ငွေဒင်္ဂါးသုံးရာ၊ရွှေဒင်္ဂါးသုံးဆယ်ဆက်သ ခြင်း(၄ရာ၁၈:၁၃-၁၆)အားပြန်လည်ရည်ညွှန်းသည်။ သို့သော်လည်းထိုသံတ မန်ရေးသည်မအောင်မြင်။ အာရှုရိမင်းသည်ယုဒပြည်တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီပြန်သည်။

ယုဒပြည်သည်ရည်မှန်းချက်သဲထဲရေသွန်ရာရောက်သဖြင့်ရှိုက်ကြီးတငင်  ငိုကြွေးကြသည်။ အာရှုရိသည်ကတိတည်သူမဟုတ်။ သစ္စာဖောက်ဖျက်၍ယုဒ ပြည်ကိုတိုက်ခိုက်ပြန်သည်။ အဓိကအချက်အချာနေရာဌာနများအားလုံးပျက် စီးကုန်သည်။ လူခြေတိတ်ဆိတ်ငြိမ်သက်သွားသည်။

၃၃:၁၀-၁၂ သို့သော်ဘုရားသခင်သည်လက်မတင်အချိန်မှီရန်သူများကို အရေးယူပေးသည်။ အာရှုရိများအားဖွဲကိုယ်ဝန်ဆောင်၍အမှိုက်မွေးဖွားသကဲ့ သို့ဖြစ်စေမည်။ တနည်းအားဖြင့်အာရှုရိတို့၏ရည်ရွယ်ချက်သည်အချည်းနှီး ဖြစ်သွားသည်။ အရူးအိမ်မက်ဖြစ်သွားသည်။ အခြားသူများဖျက်ချင်သည့်အ မျက်ဒေါသကသူ့ကိုပြန်လည်မီးလောင်စေသည်။ ထုံးကျောက်ကိုမီးဖုတ်၊ဆူး ပင်ကိုခုတ်ခြင်းသည်အပြစ်တရားစီရင်ခြင်းကိုရည်ညွှန်းသည်။

၃၃:၁၃-၁၆ ဝေးသောသူတို့ဆိုသည်မှာဘုရားတရားမဲ့သောတပါးအမျိုး သားများဖြစ်၍၊နီးသောသူတို့ဆိုသည်မှာဇိအုန်တောင်ကိုခိုမှီသောဂျူးလူမျိုး များဖြစ်သည်။ ဘုရားသခင်၏အပြစ်တရားစီရင်ခြင်း၊အမျက်ဒေါသမှကင်း လွတ်မည့်သူများမှာအသက်တာဖြောင့်မတ်စင်ကြယ်သူများ၊အပြစ်ဒုစရိုက်နှင့် ကင်းဝေးသူများဖြစ်သည်။

၃၃:၁၇ ယုံကြည်ခြင်းသစ္စာရှိသူရွေးနှုတ်ထားသောလူနည်းစုသည်ရှင်ဘု ရင်၏တင့်တယ်ခြင်းအသရေတော်ကို၎င်း၊ဝေးလှသောပြည်ကို၎င်းမျက်စိဖြင့် တပ်အပ်မြင်တွေ့ကြရမည်။

ဤကျမ်းပိုဒ်ကိုA.J.Gordon က ဤသို့ချီးမွမ်းသီချင်းသီဆိုထားသည်။

ကိုယ်တော်ဘုရား၏တင့်တယ်ခြင်းကိုရှုမောရမည်

ဝေးလှသောပြည်ကိုမြင်ခွင့်ရမည်။

အရိပ်နှင့်ဝေးလံခြင်းများဖယ်ရှားလျက်

ယနေ့မှောင်မိုက်ကာလပပျောက်မည်။

ကိုယ်တော်၏ဘုန်းအသရေတော်ဖူးမြင်ရမည်

သိုးသငယ်တခါကအသေခံရ

ထိုစကားမှာနားထဲမှာပဲ့ပြင်ထပ်

ငါ့ကိုရွေးနှုတ်ကယ်တင်ခဲ့ပြီလေ။

ဟာလေလုယ၊ဟာလေလုယာ

ငါအတွက်သိုးသငယ်အသက်ပေးခဲ့

ဟာလေလုယ၊ဟာလေလုယ

ဟာလေလုယ၊အာမင်။

၃၃:၁၈-၁၉ တချိန်ကရွှေငွေအသားပြာတံစိုးလက်ဆောင်ပေး၍ကြောက် လန့်ခဲ့သောအာရှုရိသားများတွေ့မြင်ရတော့မည်မဟုတ်။ မြို့ရိုးပေါ်တက်၍ရန်သူတို့၏လှုပ်ရှားမှုကိုချောင်းကြည့်ရသောအဖြစ်ဆိုးမျိုးကြုံရတော့မည်မဟုတ်။ တခါမှမကြားဖူးသောသူစိမ်းသရံများ၏ဘာသာစကားပြောသံများအ ကြောင်းမေ့ပျောက်ကြရမည်။

၃၃:၂၀-၂၂ အနှစ်တစ်ထောင်ကာလ၌ဇိအုန်တောင်ပေါ်တွင်ကတိတော်ပြု ထားသည့်ပွဲတော်တဖန်တည်ခင်းမည်။ တချိန်ကတဲကုပ်၊ဇနပုဒ်ထင်မှတ်ခဲ့သမျှ သည်ထာဝရဟော်နန်းများဖြစ်သွားမည်။ ဘုရားသခင်သည်ဇိအုန်တောင်ပေါ် တွင်စိုးစံ၍ဇိအုန်တောင်ပေါ်မှမင်္ဂလာမြစ်သည်မြို့တော်ထိတိုင်အောင်စီးဆင်း သွားမည်။ လုံခြုံခြင်း၊တင့်တယ်ခြင်းနှင့်အားအင်သစ်များယူဆောင်သွားပါမည်။ ထိုအရပ်၌ရန်သူ့လှေ၊စစ်သင်္ဘောတစီးမှအနားမသိရ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင်ဘုရားသခင်ကိုယ်တိုင်စိုးစံသည်။

၃၃:၂၃-၂၄ ကျမ်းစာပညာရှင်များကအပိုဒ်ငယ်၂၃အစပိုင်းသည်ယေရုရှ လင်လား၊ရန်သူလားဟူအငြင်းပွားကြသည်။ အကယ်၍ဇိအုန်တောင်၏ရန်သူ ကိုရည်ညွှန်းလျှင်သင်္ဘောများသည်မြို့တော်ကိုတိုက်ခိုက်ဖို့ချဉ်းကပ်လာကြ ခြင်းဖြစ်ပေမည်။ အကယ်၍ယေရုရှလင်ကိုရည်ညွှန်းလျှင်

ထိုဒေသခံလူများသည်အစွမ်းအစမရှိ၊

အားအင်ချိနဲ့သူများဖြစ်မည်။ သင်္ဘောကို၎င်း

တိုင်းပြည်ကို၎င်း၊လမ်းပြနိုင်သူများမဟုတ်။

သူတို့ထဲများ၊နေရာများကိုလည်းမြဲမြံအောင်

ရွက်ဖြန့်၊တိုက်ခိုက်ဖို့ဆိုလိုခြင်းဖြစ်မည်။၄၀

ထိုနိုင်ငံတော်တွင်ခြေမစွမ်းသူများသည်လည်းပြေးလွှားခုန်ပေါက်နိုင် သည်။ အဖျားနာရောဂါမရှိ။ လူများ၏အတိတ်တစ္ဆေ၊အမှားများကိုလည်းခွင့် လွှတ်ထားသည်။

Previous Article
Next Article