ဟေရှာယအနာဂတ္တိကျမ်း ၄

: အခန်းကြီး(၄)သည် ခရစ်တော်၏ နိုင်ငံတော် ဘုန်းတန်ခိုး ထွန်းတောက်မည့်အကြောင်း ဖြစ်သည်။ အငယ်(၂)တွင် ခရစ်တော်ကို ထာဝရဘုရား၏ အညွန့်ဟု ဆိုထားသည်။

ထိုအကြောင်းကို Matthew Henry က ဤသို့ ထောက်ခံရှင်းပြထားသည်။

ခရစ်တော်သည် ထာဝရဘုရားသခင်၏ အညွန့် ဖြစ်သည်။ အခက်အဖြစ်ဖြင့် လူ့ဘဝကို ခံယူသည်။ အညွန့်ဟူသော ဝေါဟာရသည် ပရောဖက်ပြုချက်ပါ ခရစ်တော်၏နာမတော်တစ်ခု ဖြစ်သည်(ဇာ၃:၈၊၆:၁၂)။ ဖြောင့်မတ်စင်ကြယ်ခြင်း၏ အညွန့် (ယေ၂၃:၅၊၃၃:၁၅) ဟေရှဲအညွန့်အတက်ဖြစ်၍၊ အမြစ်စွဲတည်ရာလည်း ဖြစ်သည် (ယေ၁၁:၁)။ ဤကျမ်းစကားကိုယူ၍ အချို့က နာဇရက်သား ပေါ်ထွန်းလာခြင်း ဖြစ်သည် (မ၂:၂၃)ဟု တွေးယူကြသည်။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်၏ အညွန့်ဟု သုံးသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် စောင့်မထောက်ပံ့ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ရှေးခါလဒဲကျမ်းစာတွင် ဤကျမ်းချက်ကို ခရစ်တော် သို့မဟုတ် မေရှိယဘုရားသခင်ဟု ရေးသားသည်။

အဦးသီးလည်း ဖြစ်သည်။ ဣသရေလတို့ ပြန်လည်စုစည်းခြင်း၏ အကြောင်းရင်း ဂုဏ်ယူစရာလည်း ဖြစ်သည်။ သခင်ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ မယုံကြည်သူများကို ရှင်းလင်းမည်။ ကယ်တင်ခြင်း ရရှိသော ဂျူးများကို ယေရုရှလင်တွင် သိမ်းဆည်းမည်။ သန့်ရှင်းစင်ကြယ်သူများဟု သမုတ်မည်။ အပိုဒ်ငယ်(၉၄)တွင် ပါရှိသည့်သန့်ရှင်းခြင်းသည် ဧဝံဂေလိတရားဖြင့် မဟုတ်။ တရားစီရင်ခြင်းဖြင့် စင်ကြယ်စေခြင်း ဖြစ်သည်။ ထိုကာလတွင် ဘုရားသခင်သည် ဇိအုန်တောင်အား နေ့အချိန်တွင် တိမ်ရိပ်ဖြင့်၎င်း၊ ညအချိန်တွင် မီးလျှံများဖြင့်၎င်း၊ မြင့်မြတ်စွာ လွှမ်းမိုးတော်မူသည်။

Previous Article
Next Article