အာမုတ်အနာဂတ္တိကျမ်း နိဒါန်း
“အခြားပရောဖက်များနှင့်မတူသည်မှာ အာမုတ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောဖို့ မိမိအသက်တာတဘဝလုံး ဆက်ကပ်ထားခဲ့သူမဟုတ်ပေ။ ပရောဖက်မျိုးရိုးထွက် မဟုတ်သလို ဘုရားကို အထူးလိုက်စားသူလည်းမဟုတ်ပေ။ ဘုရားသခင်၏စေလွှတ်ခြင်းခံမှသာ မိမိသိုးစုကို ခေတ္တခဏစွန့်ခွါပြီး ဗေသလတွင် ဗျာဒိတ်တော်အနာဂတ္တိစကားကို ထုတ်ဖော်ပြောဟောခဲ့သူသာ ဖြစ်သည်။ သတင်းစကား ဟောပြောပြီးသောအခါ မိမိသိုးစုရှိရာ တေကောရွာသို့ပြန်၍ သိုးထိန်းကျောင်းသူ ဖြစ်သတည်း။”
Herbert F. Stevenson
၁။ စံတော်မီဝိသေသလက္ခဏာ
အာမုတ်ကျမ်းသည် အကောင်းဆုံးဟေဗြဲဓမ္မဟောင်းကျမ်း စာရင်းထဲတွင် ပါဝင်သည်။ အာမုတ်သည် သိုးထိန်းဖြစ်သကဲ့သို့ sycamore သဖန်းပင်များ ပြုစုသူလည်းဖြစ်သည်။ မိရိုးဖလာဘာသာရေးဝန်းကျင် နောက်ခံနှင့် ဓလေ့ထုံးတမ်း လေ့ကျင့်ခံရခြင်းမရှိဘဲလျက်၊ ဘုရားသခင်အမှုတော်တွင် ထိထိရောက်ရောက် လှလှပပပါဝင် အသုံးပြုခံရသော ဘုရားဘိသိက်ရသူဖြစ်သည်။ ပညာရေးအခြေခံမရှိသော်လည်း ဘုရားသခင်အသုံးပြုလျှင် ဘဝတင့်တယ်ကြောင်း သမိုင်းရေးခဲ့သူဖြစ်သည်။
၂။ ကျမ်းရေးသူ
အာမုတ်ဟူသော စကားသည် ဝန်ထုပ်ဝန်ပိုး၊ ယစ်ထုတ်ကြီ:ဟု အဓိပ္ပါယ်ရသည်။ တွေစဉ်မျိုးဆက် အသိုင်းအဝိုင်းစာရင်း မသိရပါ။ ဟေရှာယနှင့် ဇေဖနိတို့ ကဲ့သို့ ဂုဏ်သရေမရှိ၊ မထင်ပေါ်မကျော်ကြားသူ ဖြစ်သည်။ သူ့စကားများသည် ဟေဗြဲဘာသာရပ်ဒေသရှိ သိုးထိန်းလောကသားများ နားမလည်နိုင်။ သိုးမွေးမြူရေးတွင် အောင်မြင်ကျော်ကြားသော တိုင်းနိုင်ငံသားများသာလျှင် သုံးစွဲသည့်စကားဖြစ်သည်။ (၄ရာ၊၃:၄)၁။ ယုဒပြည်တောင်ပိုင်းသား ဖြစ်သော်လည်း မြောက်ပိုင်းရှမာရိပြည်သို့ သွားရောက်၍ ဣသရေလနိုင်ငံတော်အား ဆန့်ကျင်ပုန်ကန်ကြမည့်အကြောင်း ပရောဖက်ပြုဟောကြားခဲ့သည်။ အာမုတ် ပရောဖက်ပြုချက်များသည် ဖြောင့်မတ်ခြင်းအကြောင်းသာဖြစ်သည်။ တရားမျှတခြင်း အကြောင်းရောနှောခြင်းမရှိပါ။
၃။ အချိန်ကာလ
ဘီစီ ၇၉၀-၇၃၉ အတွင်း ယုဒပြည်၌ သြဇိမင်းစိုးစံချိန်၌ ဣသရေလနိုင်ငံတွင် ဒုတိယယေရော ဗောင်မင်း(ဘီစီ ၇၉၃-၇၅၃) နန်းစံချိန်အတွင်းတွင် အာမုတ်ပရောဖက်ပြုသည်။ ထိုအချိန်ကာလသည် ဣသရေလမြောက်ပိုင်းနိုင်ငံစည်ပင်ဝပြော၍ သာယာစိုပြေနေသည ခေတ်ကာလဖြစ်သည်။ ထိုခေတ်ကာလအကြောင်းကို အာမုတ် “ငလျင်ကြီးမလှုပ်မီ(၂)နှစ်ကာလ” ဟု သုံးနှုန်းထားသည်။ ထိုအကြောင်းကို အဓိကဆိုလိုသည် မဟုတ်သော်လည်း၊ ရှေးဟောင်းသုတေ ပညာရှင်ကြီးများအဆိုအရ ဘီစီ-၇၆၀ ခုနှစ်တွင် မြေငလျင်ကြီးလှုပ်ခဲ့သည်ဟု မှတ်တမ်းထူထားခဲ့ကြသည်။ ထို့ကြောင့်အဆိုပါမင်းနှစ်ပါး စိုးစံသည့်ခေတ်ကောင်းတွင်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။
၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်
Adad-nirari III မင်းလက်ထက်တွင် အာရှုရိပြည်သည် ရှုရိပြည်ကို အောင်မြင်သဖြင့် ယောရှနှင့် ယေရောဗောင်(၂)မင်းတို့သည် နယ်ပယ်သစ်ကို ရရှိကြသည်။ ရှမာရိများသည် ကုန်စည်လှည်းတန်းကြီးများ ဖြတ်သန်းရာ လမ်းဆုံ၌ ကျသဖြင့် ကူးသန်းရောင်းဝယ်ရေးဖြင့် အလွန်အမင်းချမ်းသာကြွယ်ဝ လာကြသည်။ ဆင်စွယ်နန်းတော်ကို တည်ဆောက်ကြသည်။ စီးပွားရေးထွန်းကားစည်ပင်လာသည်နှင့် အမျှဘာသာရေး ဥပုသ်သီလကိစ္စ အားနည်း ပေါ့လျော့လာသည်။ လူချမ်းသာများကာ စည်းစိမ်ခံစားကြသည်။ အကျင့်သိက္ခာပျက်ယွင်းလာသည်။ တရားရုံးများကလည်း တရားမျှတမှု မျက်ကွယ်ပြုလာကြသည်။ ဘာသာရေး၌ ဓမ္မဆရာ ယဇ်ပုရောဟိတ်များလည်း အရှက်အကြောက်ကင်းမဲ့စွာ ရုပ်တုဆင်းတုတို့ကို ရောနှောလာကြသည်။ စိတ်မနော စင်ကြယ်သန့်စင်ခြင်း မရှိကြတော့။ ထိုအဖြစ်သနစ်သည် အာမုတ်မရှုစိမ့်နိုင်။ ထိုသူများ၏ ဥစ္စာဓနကြွယ်ဝမှုသည် ရေရှည်မခံနိုင်ကြောင်း၊ တရားစီရင်ခံရတော့အကြောင်း အာမုတ်သိမြင်သည်။ လူကြိုက်မများသော သူ၏ပရောဖက်ပြုချက်မှာ မြောက်ဖက်ရှိရှမာရိဒေသ သို့သွားရောက်၍ ပြိုင်ဘက် ဣသရေလနိုင်ငံအား တရားစီရင်တော့မည်အကြောင်း သတိပေးကျေညာခြင်း ဖြစ်သည်။ ဣသရေလတို့သည် တောင်း၌ အပြည့်ထည့်ထားသော နွေရာသီသစ်သီးများသဖွယ်ဖြစ်၍ စီရင်ခြင်းဖြစ်နေပြီဖြစ်သည်။
ပါဝင်သောအချက်များ
၁။ လူမျိုးရှစ်ပါးအား တရားစီရင်မည့်အကြောင်း(အခန်း ၁၊၂)
(က) နိဒါန်း (၁:၁-၂)
(ခ) ဒမာသက် (၁:၃-၅)
(ဂ) ဂါဇ(၁:၆-၈)
(ဃ) တုရု(၁:၉-၁၀)
(င) ဧဒုံ(၁:၁၁-၁၂)
(စ) အမ္မုန်(၁:၁၃-၁၅)
(ဆ) မောဘ(၂:၁-၃)
(ဇ) ယုဒ (၂:၄-၅)
(စျ) ဣသရေလ(၂:၆-၁၆)
၂။ ဣသရေလတို့အပြစ်နှင့်တရားစီရင်ခြင်း (အခန်း၃–၆)
(က) နာခံရန် ပထမအကြိမ်ဆင့်ခေါ်ခြင်း(အခန်း၃)
(ခ) ဒုတိယအကြိမ် ဆင့်ခေါ်ခြင်း(အခန်း၄)
(ဂ) တတိယအကြိမ်ဆင့်ခေါ်ခြင်း(၅:၁-၁၇)
(ဃ) ပထမဆုံးအမင်္ဂလာ(၅:၁၈-၂၇)
(င) ဒုတိယအမင်္ဂလာ (အခန်း၆)
၃။ တရားစီရင်ခြင်းနီးကပ်လာကြောင်း၊ အာမုတ် လက္ခဏာ (၇:၁–၉:၁၀)
(က) ကျိုင်းကောင်ကပ်ဘေးကျခြင်း(၇:၁-၃)
(ခ) မီးလောင်ခြင်း(၇:၄-၆)
(ဂ) ချိန်သီးကြိုး(၇:၇-၉)
(ဃ) စကားညှပ်၊ ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း အာမုတ်ငြင်းဆိုခြင်း(၇:၁၀-၁၇)
(င) နွေအသီးများထည့်ထားသောခြင်းတောင်း (အခန်း၈)
(စ) တံခါးထုပ်များခိုင်ခံ့စေခြင်း(၉:၁-၁၀)
၄။ အနာဂတ်တွင် ဣသရေလတို့ပြန်လည် တည်ဆောက်မည့်အကြောင်း(၉:၁၁– ၁၅)