အာမုတ်အနာဂတ္တိကျမ်း ၆

() ဒုတိယအမင်္ဂလာ (အခန်း )

: ဇိမ်ခံခြင်း၊ ချမ်းသာခြင်း၊ သာယာခြင်းနှင့် ဘဝလုံခြုံခြင်းများကို အနိုင်အထက်အပြုခံရမည်။ “ဆင်စွယ်ကုတင်မွေ့ယာပေါ်မှာလဲလျောင်းတတ်သူများ ၊ မြိန်ပေ့၊ ကောင်းပေ့ဟူသော အစားအသောက်ကို သောက်စားယစ်ကြူးသူများ၊ အဖိုးတန်နံ့သာရေမွှေးနှင့် ပန်းကုံးကမ်းခြင်းခံရသူများ အမင်္ဂလာသင့်ကြပြီ။ ထို့ကြောင့်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၍ သူတို့ဗိမာန်ကို မုန်းသောကြောင့် မြို့တော်၌ ရှိသမျှကို ငါစွန့်ပစ်မည်” ဟုဆိုသည်။ ရှမာရိလူများသည် အာရှုရိများလက်ထက်သို့ ကျရောက်သွားကြမည်။

          :၁၀ ဤကျမ်းပိုဒ်အား Page H. Kelly ကဤသို့ရှင်းပြသည်။ မမျှော်လင့်သော ကပ်ရောဂါဆိုး ကျရောက်သဖြင့် မြေပြင်တဝှမ်းလုံးတွင် ဒုက္ခရောက်ကြမည်။ သမရိုးကျမြေမြှုပ်သင်္ဂြိုင်ခြင်းမပြုနိုင်အောင် သေကြေကြသဖြင့် အလောင်းများကို မီးပုံရှို့ကြရမည်။ အလောင်းထုတ်ဖို့ ချဉ်းကပ်လာကြသော ဆွေမျိုးသားခြင်းများလည်း မီးကူးလောင်ကျွမ်းရမည်။ ထိုမြင်ကွင်းကြောင့် အချို့သည် ပုန်းကွယ်နေကြမည်။ အိမ်သူအိမ်သားများက ထွက်လာရန်​အော်ခေါ်ကြမည်။ထိုလူများသည် အတိတ်ကအပြစ်များကြောင့် ဘုရားသခင်၏ နာမတော်အားမခေါ်ဝံ့ကြ။ ဘုရားသခင်၏ အမျက်ဒေါသ သင့်ကြသည်။ ယနေ့ခေတ်ကာလတိုင် အော်သိုဒေါက်ဂျူးများသည် ဣသရေလတို့၏ ဘုရားသခင်နာမတော်အား မခေါ်ဝံ့ကြသကဲ့သို့ ဖြစ်ပေမည်။

          :၁၁၁၄ ဣသရေလတို့၏ အပြုအမူများသည် ကျောက်ပေါ်မှာ နွားဖြင့်လယ်ထွန်သကဲ့သို့ မိုက်ရူးနေကြသည်။ သူတို့၏တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းများသည် ရယ်မောဟားတိုက်စရာသာဖြစ်သည်။ စစ်အင်အားပေါ်တွင် ဂုဏ်ယူမာန်တက်၍ Lo Debar နှင့် Karnaim ကို သိမ်းပိုက်နိုင်မည် ထင်ကြသည်။ သို့သော် စင်စစ်တွင် အာရှုရိများက မြောက်ဘက်ဝင်ပေါက်ဟာမတ်မြို့မှ တောင်ဘက်နယ်နိမိတ်အဆုံး အာရာဗလွင်ပြင်တိုင်အောင် တိုက်ခိုက်သိမ်းပိုက်ကြလိမ့်မည်။

Previous Article
Next Article