အာမုတ်အနာဂတ္တိကျမ်း ၉
(စ) တံခါးထုပ်များခိုင်ခံ့စေခိုင်ခြင်း (၉:၁–၁၀)
၉:၁–၄ ဘုရားသခင်၏ တရားစီရင်ခြင်းကို ယဇ်ပလ္လင်မှ အစပြုမည်။ ထိုယဇ်ပလ္လင်သည် ယဇ်ပလ္လင်အတု ဗေသေလယဇ်ပလ္လင် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူအပေါင်းတို့သည် ပြေးစရာ၊ ပုန်းစရာနေရာမရှိ။ ဘေးဒုက္ခကြမ္မာငင်ကြမည်။ “ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း ထုတ်ဖော်မည်။ သမုဒ္ဒရာပင်လယ်အေက်ခြေ၌ ပုန်းသော်လည်း မလွတ်။ ရန်သူဓါးသွားများက ထပ်ချမကွာလိုက်ရှာမည်။” ထာဝရဘုရားသခင် အမျက်တော်ရှပုံကို “ငါသည်ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။” ဟု ဆိုသည်။ ထိုကာလတွင် ဣသရေလတို့သည် ဘေးအန္တာရာယ်ဆိုးကြီးနှင့် မလွဲမသွေ ရင်ဆိုင်ရမည်။
၉:၅–၁၀ ဘုရားသခင်၏ အမျက်ဒေါသ တဘက်တွင် မည်သူရပ်နေနိုင်မည်နည်း။ အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍ အောက်တိုက်တော်ကို မြေကြီးပေါ်မှာတည်တော်မူသည်။ ဤနေရာတွင် ဣသရေလအမျိုးကို ဒုစရိုက်နိုင်ငံ အဲသယောပိနှင့် နှိုင်းယှဉ်ထားသည်။ တစ်ခွပြစ်နှစ်သောစကား ဖြစ်၏။ ရရှိထားသော အခွင့်အရေးများကို အချည်းနှီး ဖြစ်စေခဲ့ကြသည်။ ဆန်ကိုဆန်ခါချကဲ့သို့ အပြစ်ဒုစရိုက်သား ဣသရေလအမျိုးကို ဆန်ခါဖြင့် စစ်ချမည်။ ဆန်တစေ့မျှမြေသို့မကျရ။ အများစုသည် ဖျက်သိမ်းခံကြရသော်လည်း ဘုရားသခင်၏ ကရုဏာတော်သည် အကုန်အစဉ်ပျောက်ကွယ်သွားခြင်း မဟုတ်။
၄။ အနာဂတ်တွင် ဣသရေလတို့ပြန်လည် တည်ထောင်မည့်အကြောင်း (၉:၁၁–၁၅)
၉:၁၁–၁၂ ဣသရေလတို့ပြန်လည်ကောင်းစားမည့် အနာဂတ်အကြောင်းကို အငယ် ၁၁ -၁၅တွင် ရှင်းပြထားသည်။ ဒါဝိဒ်သို့ ပြုထားသော ကတိတော်ပြည့်စုံလာမည်။ အချို့ကျမ်းတတ်ဆရာများက ဤအပိုဒ်ငယ် ၁၁ ကို ဣသရေလနှင့် အသင်းတော် ပေါင်းစည်းခန်းအဖြစ် ဟောပြောသွန်သင်ကြသည်။ အသင်းတော်သည် ယခုကာလတွင် ပြင်ဆင်ဆဲ “တဲတော်” ဖြစ်သည်။ အနှစ်တစ်ထောင်နိုင်ငံတော်ထဲသို့ ဣသရေလလူမျိုးနှင့် တပါးအမျိုးသားများ တပေါင်းတစည်းတည်း ခေါ်ဆောင်သွားမည့်သူ ဖြစ်သည်။ ထိုအကြောင်းကို Scofield က ဤသို့ဆိုထားသည်။
ဒါဝိဒ်မင်းဆက်ကို တဲတော်ဖြင့်ပုံဖော်ထားသည်။ ယိုယွင်းပျက်စီးပြီ။ ဆာ ၁၁:၁နှင့် ယှဉ်ဖတ်ကြည့်ပါ။ ဤကျမ်းပိုဒ်ကို Talmudic rabbis များက Messiah Bar Naphli (ကျဆုံးခြင်း၏သား) ဟု ဆိုကြသည်။ သို့သော် ရှင်ပြန်ထမြောက်လိမ့်မည် (မာလခိ၊၄:၂)၆
၉:၁၃–၁ စပျစ်ပင်၊ ဂျုံ၊ သံလွင်အစရှိသော ကောက်ပဲသီးနှံ။ သစ်သီးဝလံများသည်လည်း အံ့မခန်းလိလိကြီ:ထွားဖြစ်ထွန်းလာကြမည်။ မြို့ကြီးပြကြီးများ စည်ပင်ဝပြောလာကြမည်။ ဘုရားသခင်သည်လည်း သူ့လူများကို နောက်တဖန် အပြစ်ပေးအရေးယူခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း ရှိတော့မည်မဟုတ်။ သူ့လူများကို ပြန်လည်ကြည့်ရှုမည်။
မှတ်စု
၁။ (နိဒါန်း)သိုးထိန်းဟူသောစကားလုံးကို roeh ဟုခေါ်၍ သိုးမွေးမြူရေးသမားကို noged ဟုခေါ်သည်။
၂။ (၁:၃-၅) J. Sidlow Baxplore, Explore the Book, p. 130.
၃။ (၂:၆-၈) အပေါင်ထားသောစောင်ကို အိပ်ယာခင်းအိပ် သည်ဆိုသည်မှာ မရှိမဲ့ရှိမဲ့ပစ္စည်းကို ပစ်စလက်ခတ်ညစ်နွမ်းစေရန် အလွှဲသုံးခြင်း ဖြစ်သည် (တရား၊ ၂၄:၁၂-၁၃)။
၄။ (၄:၄-၁၃) မည်သို့ဖြစ်စေ ဧဝံဂေလီစကား ဟေကြားရာတွင် သတိပေးထားသည်။ ဧဝံဂေလိဆရာကြီး D. L. Moody က ဤအရာလေးပါးကို ဥပမာယူ၍ (က) ဘုရားသခင်တပါး (ခ) ရေတွက်ဝင်သူများ (ဂ)ကိုယ်တော့်အားကြုံတွေ့ရမည် (ဃ) ပြင်ဆင်ထားရမည့် အချက်ဟုဆိုသည်။ (Notes from My Bible.92).
၅။ (၆:၉- ၁၀) Page H. Kelly, Amos, Prophet of Social Justice, P. 97.
၆။ (၉:၁၁-၁၂) The New Scofield Study Bible, New King James Version, p. 1056.