ဧဇရမှတ်စာ နိဒါန်း

နိဒါန်း

“ဧဇရမှတ်စာသည် မိတ်ဆက်ပေးစရာ မလိုအပ်လောက်အောင် ရိုးစင်းသည်။ အထိန်အဝှက်သွယ်ဝိုက်ခြင်း မရှိဘဲ၊ ပွင့်လင်းစွာ ရေးသားထားသော အရေးကြီးဆုံး ယုဒသမိုင်းစဉ်တခုဖြစ်သည်။ ဘုရားသခင်၏ လူဣသရေလူများ ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရရာမှ ပြန်လာခြင်းဖြစ်သည်။ တည့်တိုးရေးသားထားသောကြောင့် စာနည်းသည်။ ကျမ်းရေးသူက မိမိဘဝ အတွေ့အကြုံနှင့် ယှဉ်ရေးထားသဖြင့် ဘဝသင်ခန်းစာ များစွာရရှိနိုင်ပါသည်။”

George Rawlinson

၁။စံတော်မီဝိသေသလက္ခဏာ

ဟေဗြဲကျမ်းမူတွင် ဧဇရိမှတ်စာနှင့် နေဟမိမှတ်စာသည် တစ်အုပ်တည်းဖြစ်သည်။ သို့သော်ယနေ့ခေတ်ကာ​လတွင် နှစ်အုပ်အဖြစ် ပိုင်းခြားထားကြသည်။ ဧဇရမှတ်စာ အခန်း၂နှင့် နေဟမိမှတ်စာ အခန်း(၇)တို့မှာ အတူတူဖြစ်နေသည်။ ထိုအခန်းနှစ်ခန်းကို တစ်အုပ်တည်းတွင် ထပ်ကျော့မပါသင့်သောကြောင့် နှစ်အုပ်အဖြစ် ပိုင်းခြားလိုက်ခြင်းဖြစ်နိုင်သည်။

ဧဇရမှတ်စာသည် ဝိညာဉ်ရေးရာ (သို့) ဘာသာရေးအမြင်ဖြစ်သည်။ ကျမ်းတတ်ပညာရှင်များက သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးမှုတ်သွားခြင်း ဖြစ်ကြောင်းသက်သေ အထောက်အထား အများအပြားရှိသည်ဟုထောက်ပြကြသည်။ ဧဇရမှတ်စာတွင် ကျမ်းပိုဒ်ပေါင်း (၂၈၀) ပါရှိသည်။ အခြားကျမ်းများကဲ့သို့ အကျိုးအကြောင်း ရှက်နွယ်ရောနှောခြင်း မရှိဘဲ အကန့်လိုက်အလွှာလိုက်ရှိသည်။

မှတ်တမ်းတင်ခြင်း                      ၁၁၁ ပိုဒ်

ရှင်းပြခြင်း                                 ၁၀၉ ပိုဒ်

ရေးစာ                                       ၄၄ ပိုဒ်

ဆုတောင်းချက်                          ၁၀ ပိုဒ်

ကြေညာချက်                             ၃ ပိုဒ်

အခြား                                       ၃ ပိုဒ်

…………………………………………………………..

စုစုပေါင်း                                   ၂၈၀ ပိုဒ်

၂။ကျမ်းရေးသူ

ရေးသားသူ၏နာမည် အတိအကျ မသိရသော်လည်း (၇:၂၇-၉:၁၅) ၌ ( ကျမ်းရေးသားသူ ပထမလူနာမ်စားသုံးထား) ကျမ်းချက်ပါ မျိုးရိုးဗေဒနှင့် လုပ်ဆောင်ချက်များအရ ဧဇရဖြစ်ကြောင်း သိသာထင်ရှားသည်။ ဧဇရနှင့် နေဟမိလက်ထက်တွင် အသုံးပြုသောတပါး အမျိုးသားတို့၏ ဘာသာစကားတတ်ကျွမ်းမှုကို အသုံးပြုခြင်း၊အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ဝေါဟာရများ သုံးနှုန်းထားခြင်းကြောင့် ယုတ္တိအဖြေလုံလောက်သည်။ ဧဇရမှတ်စာ၏ လေးပုံတပုံခန့်သည် ထိုခေတ်ကာလ ရုံးသုံးဘာသာ အာရမိတ်ဘာသာစကား ဖြစ်သည်။ ဗျည်းနှင့်သရကို လှပစွာ သုံးစွဲတတ်သော ဟေဗြဲဘာသာစကားသည် ဤအာရမိတ်ဘာသာ စကားမှ မျှဝေယူဆောင်ထားသည်။

၃။အချိန်ကာလ

ဘီစီ (၅)ရာစုနှစ်တွင် ယုဒလူအဖွဲ့အစည်းသည် အဲဂုတ္တုပြည် နိုင်းလ်မြစ်ဝှမ်းဒေသ Elephantine အရိပ်၌ နေခဲ့ကြ၍ အာရမိတ်ဘာသာစကားနှင့် ဆင်တူယိုးမှားစကား သုံးစွဲခဲ့ကြဟန်ရှိသည်။ သို့ကြောင့်  ဘီစီ ၅ရာစုနှစ်ခန့်တွင် ရေးသားသော စာအုပ်များသည် မဟာအလက်ဇန္ဒား (ဘီစီ ၃၃၀ဝန်းကျင်) ခေတ်ကာလထက် စောကြောင်း ထင်ရှားသည်။

ဤဧဇရမှတ်စာ၏ နောက်ဆုံးတွင် နေဟမိ၊ဧသတာကျမ်းများ ပေါ်လာသည်။

ဧဇရ၊နေဟမိနှင့် ဧသတာကျမ်းများပေါ်ထွန်းလာပုံ

(ခေတ်ကာလမှာ ခန့်မှန်းချက်ဖြစ်သည်)

ဘီစီ  ၅၃၈        ကုရုမင်းက ဗိမာန်တော် ပြန်တည်ဆောက်ခိုင်းသည်။

ဘီစီ  ၅၃၈ /၇    ယေရုဗာဗေလသည် ယေရှုရှလင်သို့သွားသည်။

ဘီစီ  ၅၃၆        ဗိမာန်တော် အုတ်မြစ်ပန္နက်ချသည်။

ဘီစီ  ၅၃၅        ဗိမာန်တော် စတင်ဆောက်လုပ်သည်။

ဘီစီ  ၅၂၀        ပရောဖက် ဟဂ္ဂဲနှင့် ဇာခရိ ပေါ်ထွန်းကြသည်။

ဘီစီ  ၅၂၀        ဒါရိမင်းက ဗိမာန်တော် ဆောက်လုပ်ခြင်းပြန်စသည်။

ဘီစီ  ၅၁၆        ဗိမာန်တော်ပြီးစီးသည်။

ဘီစီ  ၄၈၆        အာရွှေရု(Xerxes)နန်းတက်သည်။

ဘီစီ  ၄၈၉ /၈   ဧသတာမိဘုရားမြောက်ခံရသည်။

ဘီစီ  ၄၆၄         အာတဇေရဇ် နန်းတက်သည်။

ဘီစီ  ၄၅၈         ဧဇရ ယေရုရှလင်သို့သွားသည်။

ဘီစီ  ၄၄၄         ယေရုရှလင်သို့ နေဟမိရောက်ရှိသည်။

ဘီစီ  ၄၄၄         ယေရုရှလင်မြို့ရိုးပြီးစီးသည်။

ဘီစီ  ၄၂၀         ယေရုရှလင်မြို့သို့ နေဟမိ ဒုတိယအကြိမ် ရောက်ရှိသည်။

၄။နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ဧဇရမှတ်စာအုပ်ဖွင့်သည်နှင့် ဗာဗုလုန်အင်ပါယာကြီး ပြည်ဖုံးကားချထား၍ ယေရမိပရောဖက်ပြုချက် (ယေ ၂၉:၁၀-၁၄)အတိုင်း ယုဒလူတို့ပြည်တော်ဝင်ရသည်။

အခန်း ၁-၆တွင် ပါလက်စတိုင်းဒေသ ယေရုဗာဗေလ လက်အောက်၌ ရှိနေကြကြောင်း တွေ့ရမည်။ ပြည်တော်သို့ ပြန်ဝင်ကြ၍ ပထမဦးဆုံး ဦးစားပေးလုပ်ငန်းမှာ မီးရှို့ရာ ယဇ်ပလ္လင် တည်ဆောက်ရေး ဖြစ်သည်။ နောက်မှ ဗိမာန်တော်ဆောက်လုပ်ရေး လိုက်သည်။ ပရောဖက် ဟဂ္ဂဲနှင့် ဇာခရိတို့က တွန်းအားပေးကြသော်လည်း ဘုရားသခင်၏ လူများသည် ဇောက်ထိုးပြောင်းပြန်လုပ်ကြသည်။

အခန်း၆နှင့်၇ အကြားတွင် နှစ်ပေါင်းများစွာ ကြာသည်။ ထိုခေတ်ကာလတွင် ဧသတာသည် မိဖုရားဖြစ်ခဲ့သည်။ Thermopylae, Salamis နှင့် Marthon ဂန္တဝင်တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သည်။

အခန်း ၇-၁၀၊ ဘီစီ ၄၅၈ ခုနှစ် ၌  Artaxerxes Longimanus ကဧဇရအား ယေရုရှလင်သို့ စေလွှတ်သည်။ ဧဇရ၏ ပုဂ္ဂိုလ်ရေးအရ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ဤအခန်းတွင် အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။

ပါဝင်သောအချက်များ

၁။ ယေရုရှလင်မြို့ ယေရုဗာဗေလလက်အောက်သို့ ပြည်တော်ပြန်ဝင်ကြခြင်း (အခန်း )

(က) ကုရုမင်းအမိန့် (၁:၁-၄)

(ခ) ထောက်ပံကူညီကြခြင်း (၁:၅-၁၁)

(ဂ) ပြည်တော်ပြန်ဝင်သူများစာရင်း (အခန်း၂)

(ဃ) ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ဗိမာန်တော်ပန္နက်ချခြင်း(အခန်း၃)

(င) ဗိမာန်တော်တည်ဆောက်မှုကို ဆန့်ကျင်ကြခြင်း (အခန်း ၄)

၁။ ကုရုမင်းလက်ထက် (၄:၁-၅)

၂။ အာရွှေရုမင်းလက်ထက် (၄:၆)

၃။အာတဇေရဇ်မင်းလက်ထက် (၄:၇-၂၃)

(စ) ဟဂ္ဂဲနှင့် ဇာခရိတို့က ဗိမာန်တော် ဆောက်လုပ်ရန်တွန်းအားပေးခြင်း (၅:၁-၂)

(ဆ) ဒါရိမင်းလက်ထက်၌ ဆန့်ကျင်ကြခြင်း (၅:၃-၇)

(ဇ) ဒါရိမင်းအမိန့်ဖြင့် ဗိမာန်တော် ဆောက်လုပ် ပြီးစီးခြင်း (အခန်း ၆)

၂။ ဧဇရလက်ထက်တွင် ပြည်တော်ပြန်ဝင်လာကြခြင်း (အခန်း ၁၀)

(က) အာတဇေရ၏ မင်းစေတနာသဒ္ဒါတရား (အခန်း ၇)

(ခ) ပြည်တော်ပြန်ဝင်လာကြသူများစာရင်း (၈:၁-၁၄)

(ဂ) ယေရုရှလင်ခရီးစဉ် (၈:၁၅-၃၆)

(ဃ) သွေးနှောအိမ်ထောင်ပြုခြင်းနှင့် ဧဇရ၏ဆုတောင်းချက် (အခန်း ၉)

(င) တိုင်းတပါးသား မယားများအား နှင်ထုတ်သည့် ယုဒတရားဓမ္မ (အခန်း ၈)

Previous Article