ဧဇရမှတ်စာ ၃
(ဃ) ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ ဗိမာန်တော် ပန္နက်ချခြင်း (အခန်း ၃)
၃:၁–၇ သတ္တမမြောက်လ၌ ပြည်တွင်းစစ်အခိုး စစ်ငွေ့သန်းလာသော်လည်း ယုဒလူများသည် ယေရုရှလင်တွင် စုရုံးလျက် တဲတော်ပွဲဆင်ယင်ကျင်းပကြသည်။ ယောရှု (Jeshua ) နှင့် ယေရုဗာဗေလတို့၏ ဦးဆောင်မှုဖြင့် ယဇ်ပလ္လင်တည်ဆောက်၍ မောရှေတရားတော်အတိုင်း မီးရှို့ပူဇော်သက္ကာပြုကြသည်။ ရန်သူ့လက်မှ ကယ်နှုတ်သော ယေဟောဝါဘုရားသခင်အား ချီးမွမ်းပူဇော်ကြသည်။ ကုရုမင်းနှင့် စိတုန်မင်းတို့၏ အကူအညီယူ၍ ဗိမာန်တော်ပြန်လည်တည်ဆောက်၍ ပြင်ဆင်ကြိုးပမ်းကြသည်။
၃:၈–၁၃ အမှန်တကယ်လုပ်ငန်း စတင်နိုင်သည်မှာ ပြည်တော်သို့ ပြန်ဝင်ကြပြီး (၁၄)လ ကြာမှ စတင်နိုင်သည်။ အုတ်မြစ်ပန္နက်ချသည်နှင့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများက ကောင်းကြီးပေးကြသည်။ ရှောလမုန်မင်း တည်ဆောက်သော ဗိမာန်တော်နှင့်နှိုင်းယှဉ်လျှင် သိမ်ငယ်လွန်းသောကြောင့် သက်ကြီ:ရွယ်အိုများသည် တရှုံရှုံ မျက်ရည်ကျသည် (ဟဂ္ဂဲ ၂:၃)။လူကြီးသူမများ၏ ငိုသံသည် ဝမ်းနည်းခြင်းတဝက်၊ ဝမ်းသာခြင်းတပိုင်းဖြစ်သည်။ ဆင်းရဲဒုက္ခပင်လယ်ဝေနေသည့်အကြားမှ ထိုသို့ဘုရားရှင်အတွက် ပေးလှူသောကြောင့် ဝမ်းသာခြင်းဖြစ်၍ ကြွေးကြော်သံများသည် ကောင်းကင်ဘဝဂ်တိုင်ပဲ့တင်ထပ်သွားသည်။